"ဒါဆို အခုဘာလုပ်ကြမလဲ? ကြည့်ရတာ
သူတကယ်ပဲကျွန်တော်တို့ကို ချန်ထားခဲ့ချင်တယ်
ထင်တယ်။ သူ့ကိုအခုဖျက်စီးမပစ်ရင်
သူကသေချာပေါက် ဒီကိစ္စကိုဒီမှာတင်ထားခဲ့မှာ
မဟုတ်ဘူး။ ဒါပေမယ့် သူ့လူတွေကလဲ
လောင်းကစားရုံမှာရှိနေတယ်။ သူတို့တိုက်ခိုက်လာ
ရင်........"

"ဒါဆိုလဲ သူတို့ကိုသတ်လိုက်ရုံပေါ့"

ယူရှောင်းမိုကချက်ချင်းပဲ ပါးစပ်ပိတ်လိုက်တယ်။
ဘယ်လောက်တောင်ကောင်းတဲ့စိတ်ကူးလဲ။
ရမှာကျလို့! ဒီလောင်းကစားရုံက အတော်အတန်
နောက်ခံကောင်းကောင်းရှိပုံရတယ်။
သူတို့ကိုသတ်လိုက်ရင် အဲ့ညမှာတင်
လက်စားချေဖို့လူတွေတောင် ရောက်လာနိုင်တယ်။
မေ့ထားလို့မရတာက သူတို့ကအပေါ်ထပ်မှာ
နေနေတာပဲ။

"ကျွန်တော်တို့ဒီိလိုလုပ်ရင်ရော......"
ယူရှောင်းမိုက မပြောခင်မှာချင့်ချိန်ကြည့်နေတယ်။

ဘုန်း!

လေးလံတဲ့အရာတစ်ခုကြမ်းပြင်ကိုရိုက်မိသွားတဲ့အသံ
နဲ့ အထက်အောက်လန်သွားတဲ့စားပွဲတွေက
သူအတွေးကိုဖြတ်တောက်လိုက်တော့သည်။

သူကြည့်ဖို့ ပြန်လှည့်လိုက်တဲ့အခါမှာ
ပါဝင်တဲ့အဓိကလူတွေထဲကတစ်ယောက်က
ကြမ်းပြင်ပေါ်ပုံကျနေတာကိုတွေ့လိုက်ရတော့သည်။
သူ့မျက်နှာကဖြူဖျော့နေကာ သွေးအန်ထားတယ်၊
လုံးဝကို 'သေခါနီး'ဆိုတဲ့ အသွင်ပဲ။

လူရိပ်နှစ်ခုကထောင့်များမှ ပျံထွက်လာပြီး
ဝူချန်ရှေ့တွင် အလျင်အမြန်ထွက်ပေါ်လာ၏။
သူတို့က သူ့ကိုမြန်မြန်ထူပေးလိုက်ပြီး
သူ့ရဲ့ဒဏ်ရာတွေကိုမြင်လိုက်ရတဲ့အခါ
အမူအရာများပြောင်းလဲသွားကာ
သူတို့မျက်လုံးများက ပိုမိုနက်မှောင်လာတော့သည်။

သခင်လေးဝူက ဒီပြဿနာကိုသူ့ဘာသူ
ရှာခဲ့တာဖြစ်သော်လည်း နောက်စကားတစ်လုံး
မဆိုဘဲ တိုက်ခိုက်ခြင်းက သူတို့ကိုအမှတ်မထား
တာကိုပြနေသည်။

"ဘယ်လိုနေလဲ၊သခင်လေးဝူ?"
လူအိုကြီးက အစိမ်းတစ်လှည့်အဖြူတစ်လှည့်
ပြောင်းနေတဲ့ ဝူချန်ရဲ့မျက်နှာကိုကြည့်ရင်း
မျက်မှောင်ကြုံ့လိုက်တယ်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Dove le storie prendono vita. Scoprilo ora