နောက်ဆုံးလှေကားထစ်ပေါ်မှာမတ်တပ်ရပ်နေရင်း
ဝန်ထမ်းက ထွက်ပေါက်ရဲ့ညာဘက်က ကောင်တာ
အကြီးကြီးကိုညွှန်ပြလိုက်ပြီး အဲ့တာကတိုကင်
လဲလှယ်တဲ့နေရာဆိုတာ ပြောပြလိုက်တယ်။
၎င်းက ၂၁ရာစုကမ္ဘာမြေနဲ့ဆင်တူတယ်၊ လောင်းကြေး
ပမာဏများမယ်ဆိုရင် စွမ်းအင်ကျောက်တုံးအပုံလိုက်
ကြီးထည့်တာက ကြည့်မကောင်းဘူး။
မလိုချင်တဲ့အာရုံစိုက်မှုတွေလဲ ရနိုင်တယ်လေ။

ဝန်ထမ်းက သူတို့ကိုလောင်းကစားရုံထိ
လိုက်ပို့ကာ ယူရှောင်းမိုပေးတဲ့စွမ်းအင်ကျောက်တုံး
တစ်တုံးယူပြီး ထွက်သွားတော့တယ်။

ဒါပေမယ့်လဲ သူမထွက်သွားခင်မှာ သူတို့ကစားချင်
ပေမယ့်ဘယ်လိုကစားရမယ်မှန်းမသိရင်
အစောင့်တစ်ယောက်ယောက်ကိုမေးနိုင်ကြောင်း၊
သူတို့ကအခြေခံတွေသိအောင်ကူညီပေးမည်
ဖြစ်ကြောင်း ပြောပြခဲ့သည်။

ယူရှောင်းမိုက ဘယ်အစောင့်ကိုမှလိုက်ရှာမနေ
တော့ဘူး၊ အဲ့အစား သူကကောင်တာကိုသွားပြီး
စွမ်းအင်ကျောက်တုံးတစ်တုံးနဲ့ညီတဲ့တိုကင်ငါးခု
လဲလိုက်တယ်။ သူကလင်းရှောင်ကို
စိတ်လှုပ်ရှားစွာကြည့်လိုက်တယ်၊
"ဘယ်လိုဆော့ရမလဲသိလား?"

မျက်နှာတည်တည်နဲ့ သူကပြန်ဖြေတယ်၊
"မသိဘူး"

ယူရှောင်းမိုနှုတ်ခမ်းတွန့်သွားတယ်၊ သူသိတယ်လို့
ပြောမယ်ထင်ခဲ့တာ။ လောင်းကစားရုံက
နာမည်ကြီးပုံပေါ်တာကြောင့် လင်းရှောင် အရင်က
ရောက်ခဲ့ဖူးမယ်လို့ တွေးထားခဲ့တာ။

ခဏလောက်စဉ်းစားနေပြီးတော့ ယူရှောင်းမိုက
နောက်ထပ်တိုကင်ဆယ့်ငါးခုလဲလှယ်လိုက်ကာ
လင်းရှောင်ကိုဆယ်ခုပေးလိုက်သည်။

"မပူပါနဲ့၊ ကျွန်တော်တို့တူတူလေ့လာကြမယ်လေ"

လင်းရှောင်က မပြောင်းမလဲအမူအရာနဲ့
တိုကင်တွေကိုယူလိုက်ပြီးတော့
"ဒါဆို မင်းကကိုယ်နဲ့မှီအောင်လိုက်ရမယ်"

ယူရှောင်းမိုကစက္ကန့်အနဲငယ်မျှ တန့်သွားပြီးတော့မှ
သူပြောတာကိုနားလည်သွားသည်။ 'နာကျင်'
တာကို အသားကျနေပြီဖြစ်တဲ့ 'မသန်မစွမ်း'
တစ်ယောက်အနေနဲ့၊ သူ့သည်းခံနိုင်စွမ်းက
ပိုကောင်းလာပြီဖြစ်၏။ သူ့ကိုဉာဏ်ရည်နည်းတယ်လို့
တောင် တည့်ပြောသေးတာပဲ၊ အလွန်ဆုံး၊
သူ့စိတ်ထဲမှာ သူ့ကိုနဲနဲလောက်တံတွေးထွေးလိုက်ရုံပဲ။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now