ယူရှောင်းမိုက ဤကဲ့သို့နိဂုံးချုပ်လိုက်သည့်အခါ
လင်းရှောင်ကသူ့ကို အထင်သေးစွာကြည့်လာသည်။

"မင်းမှာအဲ့လိုပြောဖို့ မျက်နှာတကယ်ပဲရှိတယ်?"
လင်းရှောင်ကသူ့ကိုကြည့်လိုက်သည်၊
ရယ်ချင်စိတ်ကြောင့် ပြုံးခါနီးပဲ။ "ကိုယ့်အတွက်တော့
သတ္တုစားသားရဲက ကိုယ့်ကိုရွေးချယ်ထားခဲ့ပုံ
ပေါ်တယ်၊ ဒါပေမယ့် အဲ့အကောင်ကကြောက်ခဲ့တာ၊
ကိုယ်ကသူ့ကိုသတ်ဖို့ဆုံးဖြတ်လိုက်မှာကြောက်လို့၊
ဒါ့ကြောင့်......."

ဒါ့ကြောင့် ၎င်းကအနိုင်ကျင့်ဖို့လွယ်ကူတဲ့
တစ်စုံတစ်ယောက်ကိုပစ်မှတ်ထားဖို့ ဆုံးဖြတ်ခဲ့တာ?

ယူရှောင်းမိုက လင်းရှောင်ကို စိတ်ထဲတွင်
လက်ခလယ်တစ်ချောင်းပေးလိုက်၏။
ဒါကသက်သက်စော်ကားတာပဲ!

လင်းရှောင်ကတော့ ဒါကိုမမြင်ရဘူး။
သူကယူရှောင်းမိုဘေးမှာရပ်နေတဲ့ သတ္တုစားသားရဲကို
ကြည့်လိုက်ရင်း "ဒါပေမယ့် ဒီအကောင်က
လေ လာတဲ့အချိန် လှေကိုဘယ်လိုလှည့်ရမလဲ
သိတယ်။ သူကကိုယ်တို့ဆက်ဆံရေးကိုသိတယ်၊
ဒါ့ကြောင့်မင်းကို ကပ်ချင်ခဲ့တာ"

ယူရှောင်းမိုကခြောက်ကပ်ကပ်ရယ်လိုက်သည်။

သတ္တုစားသားရဲက နောက်တစ်လှမ်းဆုတ်သွား၏။

သတ္တုစားသားရဲကို ကိုင်တွယ်ပြီးတဲ့နောက်
ယူရှောင်းမိုက အခန်းပြန်အပ်လိုက်ပြီး
ဂျွန်မြို့၏နယ်မြေကူးပြောင်းပေါ်တယ်ကို
ရှာဖို့ထွက်ခဲ့သည်။ တောင်ပိုင်းတိုက်မကြီးကနေ
ကျုံထျန်းကို သယ်ယူပို့ဆောင်ရေးစက်ဝိုင်း
အများကြီးမရှိပေ။ ဂျွန်မြို့မှာတော့တစ်ခုရှိတယ်။
ဒါပေမယ့် ခရီးကအရမ်းဝေးတာကြောင့်
ကျုံထျန်းသွားတဲ့ နယ်မြေကူးပြောင်းပေါ်တယ်များက
အလွန်အမင်းစျေးကြီးသည်။

ယူရှောင်းမိုနှင့်လင်းရှောင်က ဂျွန်မြို့ရဲ့နယ်မြေ
ကူးပြောင်းပေါ်တယ်ရဲ့တည်နေရာကို သိရှိပြီးနောက်
ထိုနေရာကို နေ့လည်သုံးနာရီလောက်တွင်
ရောက်ရှိသွား၏။ ထိုနေရာတွင် လူအများကြီးမရှိပေ၊
အနဲငယ်မျှသာရှိနေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now