ယူမင်းအမူအရာက မှောင်မည်းသွား၏။ မူလတုန်းက
မှော်ဆေးဆရာအစည်းအရုံးရဲ့ အကူအညီနဲ့ဆိုရင်
သူတို့မှာငါးဆယ်ရာခိုင်နှုန်း အခွင့်အရေးရှိခဲ့သည်။
ဒါပေမယ့် နန်ကျန်းကိုပေါင်းထည့်လိုက်ရင်
သူတို့မှာ အခွင့်အရေးသုံးဆယ်ရာခိုင်နှုန်းခန့်သာ
ရှိတော့သည်။ ဒါကသူလိုချင်ခဲ့တဲ့ ရလဒ်မဟုတ်ပေ။

သူကဒီလိုတွေးပြီးနောက်မှာ ဒေါသထွက်နေတဲ့အသံ
နှင့် မေးလိုက်၏၊ "နန်ကျန်း၊ မင်းလက်လျှော့ဖို့
ဘာပေးရမလဲ?"

နန်ကျန်းက အကြံသမားပြုံး ပြုံးလိုက်သည်၊
"ရှင်းပါတယ်။ မှော်ဆေးဆရာအစည်းအရုံးကို
ပေးတဲ့ကတိ၊ ငါလဲတူညီတဲ့ကတိတစ်ခု လိုချင်တယ်။
ဒါပေါ့၊ ဒါကမျှတတဲ့ကစားပွဲတစ်ခုပဲ၊ တစ်ခြား
တစ်ယောက်က ငါ့ကို ကျေနပ်နိုင်လောက်တဲ့
အခြေအနေတစ်ခုပေးမယ်ဆိုရင် သူတို့ကို
မြေဒြပ်စင်အဆီအနှစ်ယူဖို့ ကူညီပေးမယ်။"

စဉ်းလဲတဲ့မြေခွေးအိုကြ်ီး၊ ယူမင်းက စိတ်ထဲမှ
ကျိန်ဆဲလိုက်၏။ ဒါပေါ့သူလဲမကောင်းပါဘူး။
မြေဒြပ်စင်အဆီအနှစ်အတွက် သူတိုက်ခိုက်တာက
အခွင့်အရေးတစ်ချို့ရဖို့အတွက် သုံးတဲ့လမ်းတစ်ခု
သက်သက်ပဲ။ ဒါပေမယ့်လည်း သူ့ကိုဒီတိုင်းထား
လိုက်ရင် ပြဿနာတစ်ခုဖြစ်နေအုံးမှာပဲ။

မြေဒြပ်စင်အဆီအနှစ်က တစ်ခုတည်းပဲရှိတာကြောင့်
သူကနန်ကျန်းပြောသလိုမလုပ်ချင်ပေမယ့်လည်း
အခြေအနေရ လုပ်ကိုလုပ်ရမည်ဖြစ်၏။
အခုအခွင့်အရေးကို ဆုံးရှုံးသွားရင်
နောက်တစ်ခုရှာဖို့ ခက်ခဲသွားမည်ဖြစ်သည်။

သို့သော်လည်း၊ သူနဲ့ဆန့်ကျင်စွာပဲ၊ ရှုန်းရှောင်နှင့်
ချောင်ဝူရွှမ်းတို့၏ အမူအရာက တွေဝေနေ၏။

သူတို့နှစ်ယောက်စလုံးက လွယ်လွယ်ကူကူ
မဟာမိတ်ပြုမည့်သူများမဟုတ်ကြချေ။
အမှန်စင်စစ်ရင်းနှီးသူများ မဟုတ်ပါလျှင်
လောဘကြောင့် မဟာမိတ်များပင် သစ္စာဖောက်တတ်
ကြသည်။ ထို့ကြောင့် သူတို့က နန်ကျန်း၏စကားများ
ကို မယုံကြပေ။

ဒါပေမယ့် သူတို့သုံးယောက်ကိုသာ အဖွဲ့ဖြစ်ခွင့်
ပေးလိုက်လျှင် သူတို့အတွက် ရုန်းရခက်သည့်
အခြေအနေသို့ရောက်သွားမည်ဖြစ်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now