ယူချင်ရှန်းကလဲ သူတွေးနေတဲ့အကြောင်းကိုပဲ
တွေးနေတာဖြစ်ပြီး သူ့မျက်နှာအမူအရာက
မြင်မကောင်းလောက်အောင်ဖြစ်နေသည်။

ချောင်ဝူရွှမ်းက သူတို့ရဲ့အမူအရာတွေကို
သတိပြုမိသော်လည်း မျက်တောင်တစ်ချက်မခတ်ဘဲ
ဆက်ပြောလိုက်၏၊ "ဒါကြောင့်၊ ကျွန်တော့်အယူအဆ
အတိုင်းဆိုရင် ဖြစ်နိုင်ချေနှစ်ခုရှိတယ်၊
ပထမတစ်ခုက သတ္တုစားသားရဲက
အဖမ်းခံလိုက်ရပြီးတော့ သတ္တုဒြပ်စင်အဆီအနှစ်ယူဖို့
သူ့ကိုဖမ်းသွားတဲ့လူကို ဒီနေရာကိုခေါ်လာတာ၊
ဒုတိယတစ်ခုက သတ္တုစားသားရဲက သတ္တုဒြပ်စင်
အဆီအနှစ်ကို သူ့ဘာသူယူသွားတာ၊ ဒါပေမယ့်
ဒုတိယဖြစ်နိုင်ချေက ငါးရာခိုင်နှုန်းပဲရှိတယ်။
ဘာလို့လဲဆိုတော့ သူသာသတ္တုဒြပ်စင်အဆီအနှစ်ကို
ယူချင်ခဲ့မယ်ဆိုရင် ဒီအခိုက်အတန့်ထိ တမင်သက်သက် စောင့်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် ပထမတစ်ခုက ဖြစ်နိုင်ချေအရှိဆုံးပဲ။"

ရှုန်းရှောင်က သဘောတူ၏၊
"အကိုချောင်ရဲ့သုံးသပ်ချက်က အကျိုးကြောင်းသင့်
တယ်။ ဒါဆိုလည်း အဲ့ဒီ့လူမြေအောက်နန်းတော်ကနေ
မထွက်သွားခင် သူ့ကိုရှာဖို့အတွက် အချိန်ကို
အခွင့်ကောင်းယူရပါအုံးမယ်။
မဟုတ်ရင် သူထွက်သွားတဲ့အခါကျရင်
ကောင်းကင်ကြီးကပဲကန့်သတ်ချက်ဖြစ်လိမ့်မယ်၊
သူ့ကိုနောက်ထပ်ရှာဖို့ဆိုတာ ပိုလို့တောင်
ခက်ခဲသွားလိမ့်မယ်။"

ချောင်ဝူရွှမ်းက ပြုံးပြရင်းခေါင်းညိတ်လိုက်၏။

ဟွမ်ဖူလီကလဲ ချောင်ဝူရွှမ်းစကားများကို
သဘောတူလေသည်။ သို့ပေမယ့်လည်း
သူကယူမင်းကိုမြင်တော့ အေးစက်စက်နှာခေါင်း
ရှုံ့လိုက်သည်။

အကြီးအကဲက ခုနကဖြစ်သွားတာနဲ့ပတ်သတ်ပြီး
မပျော်မရွှင်ဖြစ်နေတုန်းပဲဆိုတာ
ချောင်ဝူရွှမ်းကသိသည်။ သူ့အကြည့်က ယူမင်းဆီသို့
ရောက်သွားပြီး ဖျော့ဖျော့လေးပြုံးလိုက်၏။
"အကြီးအကဲဟွမ်ဖူ၊ ဒေါသမထွက်ပါနဲ့။ လူအိုကြီးယူ
ကနောက်ထပ် ဒီလိုထပ်မတွေးတော့ဘူးလို့
ကျွန်တော်ယုံပါတယ်။ သတ္တုစားသားရဲကိုရသွားတဲ့
လူကိုတောင် သူတို့သိရင်သိနေမှာ။"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now