လင်းရှောင်က ယူရှောင်းမိုအဆင့်တက်တုန်းက
အသုံးပြုထားတဲ့ပုလင်းကို ပြန်ယူလိုက်သည်။

"မင်းရဲ့အဲ့ဒီမဖြစ်စလောက်လေးဉာဏ်ကိုသုံးပြီး
သေသေချာချာလေးလဲ စဉ်းစားကြည့်အုံး။
သတ္ထုဒြပ်စင်အဆီအနှစ်နဲ့
သစ်သားဒြပ်စင်အဆီအနှစ်က သဘာဝအားဖြင့်
ဆင်တူတယ်။ ရေတွင်းအောက်ခြေကဒီနေရာမှာ
ရွှေရောင်အရည်ပဲရှိမှတော့
သတ္ထုဒြပ်စင်အဆီအနှစ်ကို ဒီရွှေရောင်အရည်ထဲမှာ
ဖုံးကွယ်ထားတယ်လို့မဆိုလိုဘူးလား၊ဟမ်?"
လင်းရှောင်က အကျိုးသင့်အကြောင်းသင့်
ရှင်းပြသည်။ သူက 'ဟမ်'ဆိုတဲ့ စကားလုံးကိုတော့
အံကြိတ်ပြီး ဖိပြောလိုက်၏။

ယူရှောင်းမိုက သူထပ်ပြီးအထင်သေးခံလိုက်ရတာကို
သိလိုက်ပြီး သူ့ပါးစပ်ထောင့်များ တွန့်သွားသည်။

အိုး၊ ငါမှားသွားပါတယ်! ငါ့IQကအစကတည်းက
အနှုတ်ဖြစ်နေမှတော့ ဒီလောက်ထိ မယုံနိုင်စရာ
ကောင်းလောက်အောင်ရှုပ်ထွေးနေတဲ့အရာကို
ဘယ်လိုလုပ်တွေးနိုင်မှာလဲ!

လင်းရှောင်က ပုလင်းထဲကိုရွှေရောင်အရည်တွေ
စဖြည့်နေတာကိုမြင်တော့ ယူရှောင်းမိုက
သူ့နယ်မြေထဲကနေ သစ်သားစည်ကြီးတစ်ခုနဲ့
သစ်သားယောက်ချိုဇွန်းသုံးဇွန်းကို ထုတ်လိုက်သည်။

"ဒီဟာသုံး။ ဒါကပိုမြန်တယ်။"

လင်းရှောင်နဲ့ဖီချုံးက တစ်ယောက်တစ်ခုဆီ
ယူလိုက်ပြီး သူတို့ရဲ့စွမ်းဆောင်ရည်က တကယ်ပဲ
တိုးတက်သွား၏။ လေထဲမှာတန်းလန်းဖြစ်နေရင်း၊
သတ္ထုစားသားရဲက တော်ဝင်ပြာရောင်မျက်လုံးများ
ဖြင့် သူတို့ကိုမျက်တောင်ခတ်ကြည့်လိုက်သည်။
လူသုံးယောက်က ရွှေရောင်အရည်ကို ခပ်နေတဲ့ပုံရိပ်
ဟာ သူ့မျက်လုံးထဲမှာ ရောင်ပြန်ဟပ်နေပြီး
သူ့မျက်နှာပေါ်မှာ နားမလည်တဲ့အကြည့်တစ်ချက် ဖြတ်ပြေးသွား၏။

လျင်လျင်မြန်မြန်နဲ့ပဲ၊ သူတို့စည်တစ်ဝက်ထိ
ခပ်ပြီးသွားပြီဖြစ်သည်။ ရေတွင်းအောက်ခြေမှာ
ရွှေရောင်အရည်များ သိပ်မကျန်တော့ချေ။
သစ်သားယောက်ချိုဇွန်းနဲ့ ခပ်လို့မရတော့ဘူး။
ယူရှောင်းမိုက သစ်သားယောက်ချိုများကို
ပြန်ထည့်ထားဖို့ဆုံးဖြတ်လိုက်ပြီး
အသုံးမပြုရသေးတဲ့ကျောက်စိမ်းပုလင်း ဆယ်ပုလင်းခန့်ထုတ်လိုက်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now