တတိယလူတစ်ယောက်ကဘာလို့ရှိနေခဲ့တာလဲ။
သူ့ထက်သန်မာရင်တောင်မှ
ဒီလိုဂူကျဉ်းကျဉ်းလေးထဲမှာ? သူ့မှာပုန်းနေစရာ
နေရာမရှိဘူး။

ဒါဆိုရင် သူတို့ဘယ်နေရာမှာပုန်းနေခဲ့တာလဲ?!

"သူသေပြီလား?" ယူရှောင်းမိုက
နူးညံ့တဲ့သတ္ထုစားသားရဲလေးကို လက်ထဲမှာပိုက်ထားရင်း လျှောက်လာတယ်။
သူကလူကြီးရဲ့ခေါင်းကို ခြေထောက်ထိပ်ဖျားလေးနဲ့
တို့ကြည့်လိုက်တယ်။ ထိုသူ့မျက်လုံးများက
မကျေနပ်မှုများနှင့် ပြူးကျယ်နေသည်။

လှုပ်ရှားလိုက်တဲ့လင်းရှောင်က ထိုလူ့ကိုနင်းထားတဲ့
သူ့ခြေထောက်ကိုဖယ်လိုက်ပြီး သာမာန်ပဲ
ပြောလိုက်သည်၊"သေပြီ၊အားနည်းလွန်းတယ်၊
အဲ့ဒါကကန်ချက်တစ်ချက်လေးပဲကို။"
သို့သော်လည်း ထိုကန်ချက်တစ်ချက်လေးက
ထိုးဖောက်နိုင်တဲ့လေစွမ်းအား ပါဝင်သည်။
ထိုလူနဲ့ထိသွားတဲ့အခါမှာ သူ့ကိုယ်တွင်းအင်္ဂါများကိုဖျက်ဆီးလိုက်ပြီး နှစ်ပိုင်းတောင်ဖြတ်သွားတော့မလိုပဲ။

ယူရှောင်းမိုကပြောစရာမရှိတော့ဘူး။ ဟုတ်တယ်၊
ဒါကကန်ချက်လေးတစ်ခုပဲ၊ ဒါပေမယ့်လင်းရှောင်က
ရက်စက်တယ်။ အဲ့လူမသေရင်တောင်မှ
မသန်မစွမ်းဖြစ်သွားလောက်ပြီ၊ ဒါပေမယ့်လည်း.....

ယူရှောင်းမို ငုံ့ကြည့်လိုက်ပြ်ီး
သတ္ထုစားသားရဲလေးရဲ့အမွှေးကို သပ်လိုက်သည်။
သူ့ပွေ့ဖက်မှုထဲခုန်ဝင်လာတဲ့ သားရဲသေးသေးလေးက
သတ္ထုစားသားရဲဖြစ်နေမယ်လို့ မထင်ထားခဲ့ချေ။
ဒါက ဒဏ္ဏာရီလာ'အဓိကဇာတ်ဆောင်'ရဲ့ကံများလား?
သူကလိုက်မရှာတာတောင်မှ သူ့အိမ်တံခါးရှေ့
တည့်တည့်ရောက်လာတယ်။ သူကမပျော်ရွှင်ပဲ
မနေနိုင်ဘူး။

"ကိုယ့်လူတို့၊ ငါ့ကိုပြောစမ်းပါ၊ ငါ့ကံကဘာလို့
ဒီလောက်တောင်ကောင်းနေတယ်လို့ထင်လဲ?"
ယူရှောင်းမိုက သတ္ထုစားသားရဲလေးကို ကိုင်ထားရင်း
ရုတ်တရက်ထရယ်နေတယ်။ သူ့ရဲ့စပ်ဖြဲဖြဲမျက်နှာက
မြင်တွေ့ရတဲ့လူကို ဆွဲထိုးချင်စိတ်ဖြစ်ပေါ်စေတယ်။

သို့သော်လည်း သူ့လက်များက မဲသဲနေတာကြောင့်
သတ္ထုစားသားရဲလေးရဲ့အမွှေးလဲ အမဲရောင်များ
စွန်းထင်းကုန်ပြီး အကွက် အကွက်နဲ့ တကယ်ကို
ရုပ်ဆိုးသွားတော့၏။

The Legendary Master's Wife [မြန်မာဘာသာပြန်] Opowieści tętniące życiem. Odkryj je teraz