You Xiao Moကတော့ သူ့ကိုလျစ်လျူရှုထားလိုက်တော့သည်။

သူတို့နှစ်ယောက်လည်းတစ်ခြားလူတွေနောက်ကနေလိုက်ဝင်လိုက်တော့တယ်။အတွင်းထဲမှာတော်တော်လေးလင်းနေတုန်းပဲ၊ဒါပေမယ့်ချက်ချင်းကြီးမှိန်သွားဖို့သိပ်မကြာလိုက်ဘူး။လူတိုင်းလှည့်ကြည့်လိုက်တဲ့အခါမှာတော့ ဝင်ပေါက်ကပျောက်ကွယ်သွားပြီဖြစ်သည်။

ဝင်ပေါက်ပျောက်ကွယ်သွားတော့နာရီဝက်တောင်မရှိသေးဘူး။ပျောက်ကွယ်သွားတာနှစ်မိနစ်ပိုစောတယ်။ဒါကအပြင်ကဝင်လာခါနီးလူတွေကိုပြောစရာစကားမရှိဖြစ်သွားစေသည်။

"ကျွန်တော်တို့စောဝင်လာလို့တော်သေးတာပေါ့။"
You Xiao Mo ကစိတ်သက်သာရာရသွားသလို ခံစားလိုက်ရတယ်။

လူတိုင်းကလည်းနည်းနည်းတော့စိတ်ပူသွားကြတယ်။သူတို့အရင်ဝင်ဖို့အမြော်အမြင်ရှိခဲ့တာတော်သေးတာပဲ။ဒါပေမယ့်လည်းဒါက အထဲထဲမှာရှိတဲ့ရတနာက
အပြင်ကလူတွေနဲ့မဆိုင်တော့ဘူးလို့ဆိုလိုပါတယ်။
ပြိုင်ဆိုင်ရဖို့အတွက်လူအရေအတွက်လျော့သွားတာမလို့လူတိုင်းကအနည်းငယ်တော့စိတ်သက်သာသွားကြသည်။မည်သို့ပင်ဆိုစေ ဘယ်အဖွဲ့ကပိုပြီးကံကောင်းမလဲဆိုတာ သူတို့မသိဘူးလေ!

အဲ့နောက်တော့ကံကောင်းထောက်မပြီးဝင်လို့ရခဲ့တဲ့သူတွေဟာအဓိကအဖွဲ့ကိုမီဖို့အတွက်အရှိန်တင်လိုက်ကြသည်။အပြေးအလွှားသွားနေတဲ့ခြေသံတွေ
ဟာပဲ့တင်ထပ်နေတော့တယ်။

You Xiao Mo ကသူတို့လိုအလျင်မလိုဘူး၊သူကLing Xiaoနဲ့တူတူလမ်းလျှောက်နေရင်း ဂူအတွင်းထဲကအခြေအနေတွေကိုအကဲခတ်နေတယ်။

Huang FuLiအစောကပြောသလိုပဲ သတ္ထုစားသားရဲကသတ္ထုဒြပ်စင်တွေရှိတဲ့နေရာတွေမှာ နေရတာကိုကြိုက်တယ်။ဒါကြောင့်ဒီနေရာမှာသတ္ထုအမျိုးမျိုးတွေ့နိုင်ပြီးတော့ အတွင်းထဲနက်လေလေအရောင်ရင့်လေလေဖြစ်သည်။

သူတို့မီတာတစ်ထောင်လောက်ဝင်လာပြီးနောက်တော့လမ်းခွဆုံနေရာကိုရောက်လာသည်။

အဲ့ဒီမှာလမ်းသုံးလမ်းရှိတယ်၊ညာဘက်က သူတို့ခုနကမြင်ခဲ့တဲ့သတ္ထုဒြပ်စင်တွေနဲ့ပြည့်နေတဲ့ လမ်းဖြစ်ပြီးဝိဉာဉ်စွမ်းအားလှုပ်ရှားမှုအနည်းငယ် ထုတ်လွှတ်နေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now