"ကျွန်တော်မစောင့်တော့ပါဘူး ကိုကိုရဲ့ ကိုကိုဒီလေါက် နောက်ကျတာ ကျွန်တော် ကျောင်းတောင်ရောက်နေပြီ။
ဆေးသေချာသောက်ပြီး နားနော် ကျွန်တော်က စိတ်ပူတယ်"

တော်တော်နဲ့ ထွက်သွားပုံမရတဲ့ အကောင်ပေါက်ကို ကျွန်တော်ဖုန်းဆက်တော့ မစောင့်တော့ဘူးတဲ့။ ဘာလို့ညာလိုက်တာလဲ။ စောင့်တယ်ဆိုရင် စောင့်တယ်ပြောလိုက်ပေါ့။ တဟဲဟဲနဲ့ရယ်ပြလိုက်သေးတယ်။
ဒီလေါက်လေးနဲ့ မင်းက ဘာလို့ငိုတာလဲ။

ကောင်ပေါက်က ဖုန်းပြောပြီးတာနဲ့
ဖုန်းကို လွယ်အိတ်ထဲကောက်သိမ်းလို့ ခြေဖနောင့်နဲ့တင်ပါး ဆောင့်တော့မတတ် ပြေးပါတော့တယ်။

ကျွန်တော်လွန်သွားပြီလား။

~~~~~

​ျေကျာင်းတက်ချိန် တစ်ချိန်နောက်ကျလို့ Yiboတစ်ယောက် အိမ်သာသန့်ရှင်းရေးလုပ်လိုက်ရလေသည်။ အပြစ်ခံယူပြီးစီးလို့ သစ်ပင်အောက်က ခုံတန်းမှာထိုင်နေတုန်း ရေသန့်ဗူးလေးနဲ့ သူ့နားရောက်လာတဲ့ Hae Yeonက~~~

"Yibo ဒီနေ့ ဘာလို့ တစ်ချိန်တောင် နောက်ကျလိုက်တာလဲ"

"ဟီး အိပ်ယာထတာနောက်ကျလို့လေ Haeရဲ့ ညက Gameဆော့တာ နောက်ကျသွားတယ်"

"သေချာလို့လား"

ကျွန်တော့်အဖြေကို Haeက သဘောမကျပုံရတယ်။ ကျွန်တော်က အကြောင်းစုံပြောပြီး ကိုကို့မကောင်းကြောင်း ပြောမယ်တဲ့လား။ ကျွန်တော်မလုပ်နိုင်ပါဘူး။ ပြီးတော့ ကိုကိုက နေမကောင်းလို့ပဲဟာ။

"imm"

နင်ညာနေတာသိသာပါတယ် Yiboရယ် မို့အစ်နေတဲ့ မျက်ခွံလေးနဲ့ နီရဲရဲ မျက်ဝန်းလေးက သက်သေပဲ။

"ဟုတ်ပါပြီ တစ်ယောက်ယောက်က Yiboကို အနိုင်ကျင့်ရင် Haeကိုပြော Haeသူ့ကို သွားသတ်ပေးမယ်"

"ဟုတ်ပါပြီဗျာ ကျွန်တော်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေးကို ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော့်ကြောင့် ရန်မဖြစ်ပါနဲ့ဗျာ"

"ဟင့် မသိဘူး Hae သိတာ Yiboစိတ်ချမ်းသာစေဖို့ပဲ"

နှစ်ယောက်သား ဟိုပြောဒီပြောနဲ့ရယ်မောနေတဲ့ ပုံတွေက ဖုန်းscreenတစ်ခုထဲ သွားပေါ်လေသည်။

Triangle {Completed}Where stories live. Discover now