"Yibo~~"

"ဒီနေ့တစ်ရက်ထဲပါ ငါတစ်ယောက်တည်း နေပါရစေ"

Yiboစကားကြောင့် Yiboလက်မောင်းနားက Haeရဲ့ လက်လေး လျောကျသွားရလေသည်။

ချစ်ရသူရဲ့ စကားတစ်ခွန်းက အမိန့်လိုပဲမလား။

"တောင်းပန်ပါတယ်"

ဝမ်းနည်း ငိုကြွေးသွားတဲ့ နှလုံးသားလေးကို လျစ်လျူရှူ့ရင်း အနိုင်နိုင်ပြုံးပြီး

"ရပါတယ် Yiboရယ် ကိုယ့်ကိုယ်ကို ဂရုစိုက်နော် မထိခိုက်စေရဘူး ပေါက်တတ်ကရ မလုပ်ရဘူးနော်"

အင်းမလုပ် အဲမလုပ်နဲ့ Yiboက

"Haeခြေကျင်းဝတ်ကို ဂရုစိုက်ပါ ထပ်မထိခိုက်စေနဲ့"

ရိုးရိုးလေးပါပဲ သူ့အမှာစကားက
ကျွန်မ ကျေနပ်သင့်တယ် မဟုတ်လား ။

ဒါပေမဲ့ သူက ထပ်မှာသေးတယ် "ထပ်မထိခိုက်စေနဲ့" တဲ့ ဒီစ ကားနက်နဲတယ်လို့ ခင်များတို့ မထင်ဘူးလား။

ထပ်မထိခိုက်စေနဲ့ဆိုတော့ အကြမ်းပတမ်း မလုပ်ပါနဲ့ပေါ့။
အကြမ်းပတမ်းဆိုတော့ ရန်ဖြစ်မှ
ဒါဆို ရန်မဖြစ်ပါနဲ့ပေါ့။
ရန်မဖြစ်ပါနဲ့ဆို ပြေးကြည့်တော့ ကိုယ်ရန်ဖြစ်တာဆိုလို့ ကျောင်းမှာတစ်ယောက်တည်း အဲ့ဒီလူက Xiao Zhan။
အခုမှ တွေးစရာဖြစ်သွားတယ် သူစိတ်ပူတာ ကိုယ်လား Xiao Zhanလားပေါ့။

ဟား ဟား Hae Yeonတို့ ဂရုစိုက်ခံရတာတောင် သံသယ တစ်ပွေ့တစ်ပိုက်နဲ့။

ချစ်ရတာလည်း ဝဠ်တစ်မျိုးပါပဲ။
ချိုမြိန်တဲ့ ဝဠ်ကြီးပေါ့။

အပေါ်ယံလေး တွေးတောမယ်
လွယ်လွယ်လေးနဲ့ မခက်မခဲလေး။

သူစိတ်ပူတာက ကိုယ် သူထိခိုက်မှာ စိုးရိမ်တာလည်း ကိုယ် တစ်ပါးသူ မဟုတ်ဘူး ဒီ လောက်ဆို လုံလောက်ပါပြီ။

~~~~~~

ဒုန်း!!

Hae Yeon ကျောင်းထဲ ခဏဝင်သွားတာနဲ့
ကန်တင်းမှာ Xiao Zhan ထိုင်နေတဲ့ စားပွဲဆီက ဒုန်း ခနဲ အသံကြီးကြောင့် အားလုံးအာရုံက သူတို့ဆီ စုပြုံရောက်သွားသလို ဆူညံတဲ့အသံတွေကလည်း အားလုံးဆိတ်ငြိမ်သွားလေသည်။

Triangle {Completed}Where stories live. Discover now