Xiao Zhan  ခုံပုလေးပေါ်မှာ
ထိုင်ရင်း စကားစမြည်ပြောနေတဲ့
နှစ်ယောက္ဆီလာပြီး

"အဟမ်း"

Xiao Zhanအသံပြုချက်ကြောင့်
နှစ်ယောက်ရဲ့ အကြည့်က
Xiao Zhan ဆီ စုပြုံလာလေသည်။

"Aww Xiao Zhanလာထိုင်လေ"

Yibo XIao Zhan ကိုတွေ့တော့
ထိုင်ဖို့ ချက်ချင်းခေါ်လိုက်လေသည်။

Xiao Zhan ချက်ချင်းမထိုင်သေး
ပဲ Yiboကို စိုက်ကြည့်နေလိုက်လေသည်။

Yiboကတော့ Haeရဲ့ ခြေကျင်းဝတ်
ကို ဂရုတစိုက် နှိပ်ပေးနေတုန်းပင်

ဘာလား ငါ့ကို ဂရုမစိုက်တာလား
ပြီးတော့ သူ့လက်နုနုလေးနဲ့
အဲ့ခြေထောက်ကို ထိတယ်

တောက်!

Xiao Zhan တောက်
တစ်ချက်ခေါက်ပြီး
ထိုနားက ထိုင်ခုံခြေထောက်ကို
ဆောင့်ကန်ပြီး ထွက်လာလိုက်လေသည်။

Yiboကတော့ Xiao Zhan
လုပ်ရပ်ကြောင့် ပါးစပ်
အဟောင်းသားဖြစ်သွားရလေသည်။

သူကဘာလား ဘာကိုအဲ့လောက်
ဒေါသထွက်သွားတာလဲ?

Haeကတော့ လန့်သွားပေမဲ့
သိပ်တော့မအံ့သြချင်
ကြည့်ပုံက Xiao Zhanက
သူမ ချစ်ရတဲ့ Yiboအပေါ်
မရိုးသားပုံပါပဲ

"သူအဲ့ဒါဘာဖြစ်သွားတာလဲ"

Yiboရဲ့ တအ့ံတသြအမေးကို
Haeက ခပ်ပြုံးပြုံးနဲ့

"မသိဘူး Yiboရဲ့ သူက အဲ့လိုပဲထင်တယ်"

"မဖြစ်နိုင်တာ သူပဲ စာအုပ်ပြန်ပေးမယ်ဆိုပြီးတော့ ဟင်း"

"ဟုတ်လား"

Hae တစ်ယောက် စာအုပ်ကိုတောင်
မနာလိုချင်ချင် ဖြစ်သွားလေသည်။

Yiboက စာအုပ်နဲ့ ပတ်သက်လာရင်
သဲသဲလှုပ်နေတယ် မဟုတ်လား။

~~~~~~

ကျစ်! စိတ်ရှုပ်လိုက်တာ သူက ဘာလို့
အဲ့ခြေထောက်ကို ကိုင်ရတာလဲ

မကိုင်ရဘူး

မကိုင်ရဘူး

ငါမကြိုက်ဘူး

Xiao Zhan စိတ်ထဲမှာတွေးနေတယ်
ဆိုပေမဲ့
လက်တွေ့မှာတော့ သစ်ပင်တစ်ပင်ကို ကန်ကျောက်နေလေသည်။

Triangle {Completed}Where stories live. Discover now