အပိုင်း ၆၁

2.8K 179 10
                                    

အပိုင်း ၆၁

" နေမထင် ဦးလေးကိုမှတ်မိရဲ့လား  "

"ကိုကို ဘာလို့စကားမပြောတာလဲ  "

နေမထင် ကျွန်တော်တို့အားလုံးကိုကြည့်ရင်း

" ညီ !   "

" ကိုကို ငယ်လေးကိုရှာနေတာလား  "

ကိုကိုခေါင်းညိတ်ပြသည်

" ငယ်လေးရှီတယ် ကိုကို  "

   မိုးစက်  ယုန်ဖြူလေးရှီတဲ့ ကုတင်ဘက်နား
သူခန္ဓာကိုယ့်နဲ့ ကွယ်ပြီးရပ်နေလိုက်သည်။
မိုးစက်အချစ်က တော်တော်ကြီးမားပါ့လား 
ကျွန်တောလည်း မိုးစက်နဲ့ အတူကွယ်ရပ်ရင်း 

" လမင်းငယ်ပင်ပန်းလို့ ခဏအိပ်ခိုင်းထားတယ်  "

" နေရောကောင်းရဲ့လား   "

" ဟုတ်ကဲ့ ကိုကို ငယ်လေးနေကောင်းပါတယ်  "

  တူလေး နေမထင်အားလုံးကို မှတ်မိမှပဲ
ရင်ထဲက အပူလုံးကျသွားသွားပြီး
အခန်းပြင်ထွက်ခဲ့လိုက်သည်။

"ကိုကို  ထထိုင်ချင်လား  "

    ကိုကိုခေါင်းညိတ်သည် ကိုကို့ကို ထလို့ရအောင်
ထူပေးလိုက်တော့  ကိုကိုမျက်လုံးက ငယ်လေး
ကုတင်ဘက်ရောက်သွားပြီး

" ညီနေမကောင်းဘူး မဟုတ်လား  "

" လမင်းငယ် နေကောင်းပါတယ် နေမထင်  "

" ကျွန်တော်သွားကြည့်ချင်တယ်  "

    နေမထင်တောင်းဆိုမှုကြောင့် မိုးစက်နဲ့ ကျွန်တော် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိသည် လမင်းငယ်က ဆေးသွင်းထားတာမြင်ရင် အလိမ်တန်းပေါ်နိုင်သည်

"ကိုကို သိပ်လှုပ်ရှားလို့မရသေးဘူးလေ  "

" ကိုယ်အဆင်ပြေပါတယ် မိုးစက်
အိမ်မက်ထဲမှာ ညီကိုတွေ့နေရပေမဲ့
ထိဖို့ကြိုးစားတိုင်း ဝေးဝေးသွားတယ်
အခုညီကိုအရမ်းတွေ့ချင်တယ်
ကိုယ့်ကိုနည်းနည်းလောက်တွဲပေးရင်ရပါပြီ  "

  ကိုကိုအိပ်စက်နေတဲ့ကာလအတွင်း
ညီပုံရိပ်ကိုပဲမြင်နေခဲ့တာလား
ကိုကိုအိမ်မက်ထဲမှာ ကျွန်တော်မပါဘူးပေါ့

လမင်းလေးရဲ့ ဥယျာဉ်မှူးTempat cerita menjadi hidup. Temukan sekarang