အပိုင်း ၉

3.1K 253 5
                                    

အပိုင်း ၉

   ည၁၁နာရီတောင်ထိုးပြီ ကိုကိုမအိပ်သေးပဲ အပေါ်ထပ်က ဧည့်ခန်းမှာ Laptop နဲ့ အလုပ်ရှုပ်နေပြန်သည်။ မြို့ပြင်က မြေကွက် လေလံဆွံဖို့များ ကိုကိုလုပ်နေသလား ရတနာစံအိမ်က သူဌေးလေးနဲ့ လေလံအပြိုင်ဆွဲနိုင်ပါ့မလား ကျွန်တော်စိတ်ပူသည် ကိုကို မအိပ်သေးတာကြောင့် အောက်ထပ်က ထမင်းစားခန်းထဲမှာ ကိုယ့်ဘာသာကော်ဖီဖျော်လိုက်ပြီး ကိုကိုနားချပေးလိုက်သည်။

" ကိုကို..ကော်ဖီ သောက်လိုက်ပါအုန်း  "

" အင်း  "

" သောက်ကြည့်ပါအုန်း ကိုကို ဘာလိုလဲသိချင်လို့ ကျွန်တော်ကိုယ့်တိုင် ဖျော်လာတာ တစ်ခုခုလိုရင် ထပ်ဖျော်ပေးရအောင်လို့ "

ကျွန်တော် မိုးစက်စကားကို မလွန်ဆိုင်နိုင်ပဲ ကော်ဖီ တစ်ငုံသောက်လိုက်သည်။

" ကောင်းလား ကိုကို  "

" မဆိုးပါဘူး  "

" ငယ်လေးအိပ်နေပြီလား
ကျွန်တော်သွားကြည့်ပေးရမလား "

" မလိုဘူးမိုးစက် လမင်းငယ်အခန်းကိုမဝင်ပါနဲ့
ညီကအိပ်ပျော်နေပါပြီ  "

" ကိုကို ကျွန်တော်က ကိုကိုမယုံကြည့်အောင်
ဘာများလုပ်မိလို့ ကျွန်တော်ကို မယုံရတာလဲ ကျွန်တော်တို့က မိသားစုပဲ မဟုတ်လား ကျွန်တော်က မယားပါသား မို့လို့ ကိုကိုကမယုံတာလား ကိုကိုက Mommy ကို Mommy လို့သာခေါ်နေပေမဲ့ ကိုကိုရင်ထဲမှာတော့ Mommy က သူစိမ်းပဲ ကျွန်တော်က daddy ကို daddy လိုခေါ်တာ ခေါ်ယုံသပ်သပ်ပဲ မဟုတ်ဘူး daddy ကိုအဖေတစ်ယောက်လို့ ရင်ထဲမှာထားတာ လမင်းငယ်ကိုလည်း ညီတစ်ယောက်လို့ထားသာ "

" ဟုတ်ပါ့မလား မိုးစက် လမင်းငယ်နဲ့ မင်းကဘာမှမတော်ဘူး လမင်းငယ်ကို ညီအရင်းတစ်ယောက်လို့ချစ်တယ်ဆိုတာ ငါမယုံဘူး
ဟန်မဆောင်ပါနဲ့   "

  ဟန်ဆောင်တယ်တဲ့လား ကိုကိုရယ် ကျွန်တော် ဟန်မဆောင်တက်ပါဘူး တကယ်လို့ ဟန်ဆောင်တာဆိုရင်တောင် ကိုကို့နားမှာ နေချင်လို့ပဲ ဖြစ်ပါလိမ့်မယ်  
ကိုကိုနဲ့ပတ်သတ်ရင် ဟန်မဆောင်တက်ပဲ ဟန်ဆောင်နေရတာလဲ ရင်ပူပါတယ်

လမင်းလေးရဲ့ ဥယျာဉ်မှူးWhere stories live. Discover now