အပိုင်း ၅၃

2K 186 18
                                    

  အပိုင်း ၅၃

" အော့ ... အော့  "

   ကိုကိုမနက်ကတည်းက ပျိုအန်နေသည်။  ကျွန်တော်က ထွေးခံယူပေး ငယ်လေးက နောက်ကျောကို နှိပ်ပေးနေသည်။  ကိုကို အန်ရလွန်းလို့မျက်ရည်တောင် ဝဲတက်နေသည်။ ကိုကိုအစား ကျွန်တော်ပါဖြစ်လိုက်ချင်သည်  အန်ပြီးတော့
ကိုကို့ကိုအိပ်ရာပေါ်မှာ ဖြေးညင်းစွာလှဲစေလိုက်သည်။

" မင်းတို့..."

ကိုကို ကျွန်တော်တို့ကိုကြည့်ကာ
ဘာဆက်ပြောမလို့လဲ

" ကိုယ်ဘာမှမဖြစ်ပါဘူး
ကုမ္ပဏီ မသွားကျဘူးလား  "

       ကိုကိုက ကိုမိုးနဲ့ ကိုခန့်ကိုပါ
မြင်လို့ပြောနေချင်းဖြစ်သည်။

" ကိုကို ခေါင်းကိုက်နေလား "

" အင်း "

  ကိုကိုမငြင်းသာပဲခေါင်းညိတ်သည်။
ဖြူဖတ်သောကိုကိုနှုတ်ခမ်း
ခေါင်းထိုးကိုက်မှုကြောင့်
မသာမယာဖြစ်နေသော ကိုကိုမျက်နှာမြင်ရတာ
ကိုကိုအစား ကျွန်တော်သာဖြစ်လိုက်ချင်သည်။
ကိုကိုရဲ့ ဒီလိုပုံစံကို မြင်ရတာ
ကျွန်တော်ရင်ကိုနာစေသည်။

" ကိုကို အိပ်ပျော်အောင် အိပ်လိုက်နော် 
အိပ်ရာကထရင် ခေါင်းကိုက်ပျောက်သွားမှာ "

"အင်း ညီ ...."

   ကျွန်တော် မိုးစက်ကို လက်လှမ်းလိုက်သည် 
မိုးစက် ကျွန်တော် လက်ကိုလာကိုင်ပြီး

" ဘာပြောမလို့လဲကိုကို   "

" ငယ်လေးကို စောင့်ရှောက်ပေးပါ "

ဒီလိုမှာတမ်းမျိုးမလိုချင်ဘူး မုန်းတယ်

" ကိုကို! "

" ကိုယ်ပြောချင်တာက ငယ်လေးအရမ်းပိန်သွားတယ် သူကိုထမင်းပုံမှန်စားခိုင်းပါနော်
ကိုကိုနေမကောင်းတုန်း  ငယ်လေးကို
မိုးစက်စောင့်ရှောက်ပေးနိုင်တယ်မဟုတ်လား "

"ကောင်းပါပြီ ကိုကို
ကိုကိုနေမကောင်းတုန်း ခဏပဲ
စောင့်ရှောက်ပေးမှာနော်
ကိုကိုနေကောင်းတာနဲ့ 
ကိုကိုလက်ထဲကို တန်းအပ်မှာ
အဲ့ဒါကြောင့် မြန်မြန်နေကောင်းအောင် ကြိုးစားပြီး အရင်လို လမင်းငယ်ကို
ပြန်စောင့်ရှောက်ပေးရမယ်နော်  "

လမင်းလေးရဲ့ ဥယျာဉ်မှူးWhere stories live. Discover now