အပိုင်း ၃၃

2.2K 198 10
                                    


အပိုင်း ၃၃

   မနက်စာထမင်းစားနေရင်း တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တဲ့Mommyရဲ့ စကားသံအရင်ထွက်လာသည်

" ဒီနေ့အထူးဧည့်သည့်လာမယ်ထင်တယ်
လက်ချင်းဆုံနေတယ်  "

" ဘယ်မှာဆုံလို့လဲ ဘယ်သူနဲ့လက်ချင်း ဆုံတာလဲ
ပြီးတော့ Mommyက ဘယ်ဧည့်သည်ကိုဖိတ်ထားလို့လဲ  "

    Mommyစကားကို ကိုကိုက ပြန်ချေပလိုက်သည်။  Mommyကရော့ ဘာတွေထပ်လုပ်ပြန်ပြီလဲ အထူးဧည့်သည်က ဘယ်သူလဲကိုခန့်လား

"သားကြီး ကုမ္ပဏီအသစ်က အချိန်တိုတွင်းမှာ အောင်မြင်လာတာ အဖေတော့အရမ်းဂုဏ်ယူတယ် လိုတာရှီရင်ပြောနော်   "

" ရပါတယ် daddy  ညီအစ်ကိုတွေ့ရဲ့စည်းလုံးညီညွတ်မှုကြောင့် ကုမ္ပဏီကအောင်မြင်လာတာပါ   "

    ညီအစ်ကိုတွေတဲ့လား ဟားဟား  ရယ်ရလိုက်တာ အချိန်ခဏလေးပဲ စောင့်လိုက်ပါ အဲ့အချိန်ကျရင် ညီအစ်ကိုတွေဆိုတာ ကြွေးကြော်နိုင်အုန်းမလား

" daddy ကုမ္ပဏီ သွားတော့မယ် သားတို့လည်းအဆင်ပြေတဲ့နေ့လေးဖြစ်ပါစေ "

" ဟုတ်ကဲ့ daddy  "

" မစောလွန်းဘူးလား "

" မစောပါဘူး ချယ်ရီမင်းရော့
ဆိုင်မသွားသေးဘူးလား  "

" အင်း... သွားမှာပါ   "

    ဒေါ်ချယ်ရီနာရီတကြည့်ကြည့်နဲ့ ဘယ်သူကိုများ စောင့်နေပါလိမ့်  ကျွန်တော်နဲ့ညီညီ မနက်စာစားပြီး ကုမ္ပဏီ သွားဖို့ အဝတ်အစားလဲလိုက်သည်။ မိုးစက်လည်း အားလုံးပြင်ဆင်ပြီး သူ့အခန်းထဲက
ထွက်လာတာကြောင့်

"မိုးစက် "

" ဟုတ်ကဲ့ ကိုကို   "

" ညီညီကို ကုမ္ပဏီဝင်ပို့ပေးပါ
ကိုယ်အရေးတကြီးကိစ္စနဲ့တနေရာဝင်ဖို့ရှီလို့   "

  လမင်းငယ်ဝင်ပြောလိုက်သည်။

"ဘယ်ဝင်မလို့လဲ ကိုကို ညီလိုက်လို့မရဘူးလား  "

" ကိုကိုက နည်းနည်းနောက်ကျမှာ ညီရော့ကိုကိုရော့ ကုမ္ပဏီမှာ အလုပ်နောက်ကျရင်မကောင်းဘူးလေ   "

" ဟုတ်သားပဲ ငယ်လေးရဲ့
ကိုမိုးလိုက်ပို့ပါမယ် သွားရအောင်   "

" ဟုတ်ကဲ့  "

    ညီနဲ့ မိုးစက်ထွက်သွားတော့မှ ကျွန်တော်လည်း ဒေါ်ချယ်ရီဆိုင်သို့ထွက်လာခဲ့လိုက်သည်။

*****

"ဘယ်လိုဖြစ်တာလဲ မိုးနိုင်
ဘာလို့ ဒေါ်သက်ထားရောက်မလာတာလဲ   "

"ကျွန်တော်သေချာပြောထားတာပါ အစ်မ
ဒီနေ့မနက်လဲ သူအိမ်ကိုသွားကြည့်တော့
အိမ်သော့ခတ်ထားတယ်  "

"အဲ့ဒါဆို ဒီမိန်းမက ဘယ်ရောက်သွားတာလဲ. "

ဒေါက် ဒေါက် ဒေါက်

  တံခါးခေါက်သံကြောင့် နှစ်ယောက်သား
စကားပြောတာရပ်လိုက်ပြီး

" ဝင်ခဲ့ပါ   "

    ဝင်လာတဲ့သူက နေမထင်ဖြစ်နေတာကြောင့်
မိုးနိုင်ချက်ခြင်းအခန်းအပြင်ကို ထွက်သွားသည်။

" ထူးထူးခြားခြား ငါဆိုင်ကိုရောက်လာပါ့လား  "

   နေမထင် ပြုံးလိုက်သည်  ခနဲ့တဲ့အပြုံးနဲ့ ကျွန်မကို မထိမဲ့မြင့်ဆက်ဆံလိုက်တာပဲ

" မင်းဘာလို့ပြုံးတာလဲ 
ငါကိုတွေ့ပြီးဝမ်းသာလို့ပြုံးတာတော့
မဟုတ်လောက်ဘူး  "

" ခင်ဗျားကိုတွေ့ရတာဝမ်းသာလို့ ပြုံးတာ
မဟုတ်ဘူး ခင်ဗျားအစီစဉ်ပျက်သွားလို့ပြုံးတာ  "

"မင်း!....မင်း  "

" ဒေါ်သက်ထား.. ညီညီရဲ့အမေကို ခင်ဗျားကြိုးဆွဲရာကမဲ့ အရုပ်တစ်ရုပ်များထင်နေလား ဒေါ်သက်ထားက ခင်ဗျားလိုမဟုတ်ဘူး မိခင်စိတ်အပြည့်ရှီတဲ့သူပဲ "

"မိခင်စိတ်ရှီတဲ့ ဟုတ်လား ဟားဟား 
ရယ်ချင်လိုက်တာ နေမထင်ရယ် မိခင်စိတ်ရှီတဲ့သူက သူ့သားကိုစွန့်ပစ်ပါ့မလား  "

" မုန်းလို့ စွန့်ပစ်ခဲ့တာမဟုတ်ဘူး ချစ်လွန်းလို့ ပစ်ခဲ့တာ သူနဲ့နေရင် ဆင်းရဲမှာဆိုးလို့ ချမ်းသာတဲ့အဖေလက်ထဲ အပ်ခဲ့တာ  အခုလည်း သူရဲ့ဆင်းရဲတဲ့ဘဝထဲကို လမင်းငယ်ကို ပြန်ခေါ်မယ်လို့
ခင်ဗျားထင်နေလား  ဘာလဲ ဒီနေ့လမင်းငယ်အမေက လမင်းကို အဖြစ်အမှန်ဖွင့်ပြောပြီး လာခေါ်မယ်
အဲ့ဒါဆို ခင်ဗျားပျက်စီးစေချင်တဲ့ လမင်းငယ်နဲ့ကျွန်တော်ဘဝက ပျက်မယ် အမွေတွေအားလုံး
မိုးစက်တစ်ယောက်တည်းရမယ်...တော်တော်အကြံပက်စက်တဲ့အတွေးတွေ တွေးထားတာပဲ    "

" မင်း....မင်း ဘယ်လိုလုပ် သိနေတာလဲ  "

" မှန်းကြည့်လေ ....ကျွန်တော်ဘယ်လိုသိနေလဲ  "

ဆက်ရန်

💒

လမင်းလေးရဲ့ ဥယျာဉ်မှူးWaar verhalen tot leven komen. Ontdek het nu