အပိုင်း ၁၀

3.1K 247 3
                                    

အပိုင်း ၁၀

" မင်းနာမည်က ဘယ်သူလဲ  "

  ကျွန်တော် စံအိမ်ရောက်ရောက်ချင်း
လေသံမာမာနဲ့မေးခံလိုက်ရသည် အရပ်ကလည်းရှည် အသားကလည်းဖြူဖြူနဲ့ ခန့်ညားလွန်းတဲ့ အမျိုးသားပုံစံကြည့်လိုက်တာနဲ့ ဒီအိမ်ရဲ့သားကြီးနေမထင်မှန်း သိလိုက်သည်။

" ကျွန်တော်က သူဌေးခေါ်ထားတဲ့
ကားမောင်းသမားပါ နာမည်က သောကပါ  "

" အသက်က  "

" ၂၅ နှစ်ရှီပါပြီ  "

" လမင်းငယ်ထက်တော့ ကြီးတာပဲ
ကားမောင်းယုံတင်မဟုတ်ပဲ
ကလေးကိုစောင့်ရှောက်ပေးပါ   "

သူ့ညီကိုစောင့်ရှောက်ပေးဖို့ အဓီက
ပြောကတည်းက နေမထင်က
ညီကိုအရမ်းချစ်မှန်းသိပ်သိသာသည်

" ဟုတ်ကဲ့   "

ကျွန်တော် သူကို ဧည့်ခန်းမှာ ထိုင်ခိုင်းလိုက်သည်။ အဖေ ထွက်လာပြီး 

" ကားမောင်းသမားလည်းရောက်ပြီး ကားလည်းရောက်တော့မယ် "

အဖေပြောနေတုန်း ကားနှစ်စီး ခြံထဲဝင်လာသည်။

" သားနေမထင် ထွက်ကြည့်အုန်
daddy ကားဝယ်လာတာ "

ကျွန်တော် ကားကို ကြည့်နေတုန်း ညီက  အဝတ်အစားလဲပြီးတောင် ထွက်လာပြီ 
သောကလည်း နောက်ကလိုက်လာတာကြောင့်

" ညီ သူနာမည်က သောကတဲ့ 
ညီအတွက် ကားမောင်းပေးမဲ့သူ  "

" ကိုသောက အကူအညီတောင်းပါတယ် အစ်ကိုက ချောသားပဲ driver နဲ့တောင်မလိုက်ဘူး  "

" ညီ  "

   ဖြူစင်လွန်းတဲ့ ညီက ပွင့်လင်းစွာပြောချလိုက်သည်။ အဲ့လိုဖြူစင်လွန်းတာကြောင့်
အမြဲစိတ်ပူနေရသည်။ 

" ကိုသောက ညီကားက အပြာပါ "

အပြာရောင်ကြိုက်တဲ့ညီက ကျွန်တော်ကိုနမ်းပြီး

" ကိုကို ညီသွားပြီ   "

" သင်တန်းပြီးတာနဲ့ အိမ်တန်းပြန်လာရမယ်နော် "

" ဟုတ်ကဲ့ ကိုကို  "

ကားမောင်းတဲ့နေရာမှာကိုသောက ထိုင်လိုက်ပြီး ရှေ့ခုံမှာပဲ ညီကဝင်ထိုင်လို့ ကျွန်တော်ကားတံခါး ချက်ခြင်းဖွင့်ကာ

" ညီ နောက်ခုံမှာထိုင်  "

" ဟုတ်ကဲ့ ကိုကို  "

ညီကားနောက်ခန်းမှ ထိုင်ပြီး ကားထွက်သွားတဲ့ အထိ ကျွန်တော်ကြည့်နေလို့ ကားလာပို့တဲ့သူတွေကို အဖေက မုန့်ဖိုးပေးပြီး ကျွန်တော်ကို

" လမင်းငယ်ကို အဲ့လောက်တောင်
ချစ်တာလား သားကြီး  "

" ဟုတ်ကဲ့ daddy  ကျွန်တော် တစ်ဘဝလုံး
သူကို ကာကွယ်ချင်သလို   သူဘဝကိုလည်း ထွန်းတောက်စေချင်တာပါ  "

" သားပြောသလို ဖြစ်ရစေရပါမယ်
တော်ဝင်မြန်မာကုမ္ပဏီရဲ့သားပဲ
ထွန်းတောက်မှာပါ  "

" daddy တကယ်ပဲ ညီလေးကို
အဲ့လို သတ်မှတ်တာလား "

" တကယ်ပါ သားကdaddyကိုတောင်
မယုံဘူးလား သားDaddyစကားကို
သံသယရှီနေတာ Daddyစိတ်မကောင်းဘူး "

" ယုံပါတယ် daddy  ကျွန်တော်
ကုမ္ပဏီသွားဖို့ အဝတ်အစား
သွားလဲလိုက်အုန်းမယ်  "

" daddy သွားနှင့်မယ်သား မိုးစက်ကို
ကားသော့ပြန်ပေးလိုက်အုန်း "

" ဟုတ်ကဲ့ daddy "

ကျွန်တော် အိမ်ပေါ်တက်လာတော့ မိုးစက်
သူအခန်းထဲက ထွက်လာတာနဲ့ကြုံသည်။ 

" ကိုကို  "

" ခဏစောင့်  "

ကျွန်တော် မိုးစက်ကို ခဏစောင့်ခိုင်းပြီး အခန်းထဲကသော့ယူပြီး မိုးစက်ကို ပေးလိုက်သည်။

" ကျွန်တော်မှာ ကားသော့အပိုရှီတယ်လေ  "

" မိုးစက်ကားကို ကိုကိုမစီးတော့ဘူး
ကိုကိုအတွက်ကားရပြီ "

" ဘာလို့လဲ  ကျွန်တော်က ကိုကိုအတွက် driverလုပ်ပေးချင်တာ ကုမ္ပဏီအတူတူချင်းကို ကားနှစ်စီးသွားဖို့ လိုလို့လား "

"  ကိုကို မိုးစက်နဲ့ မပတ်သတ်ချင်ဘူး  "

မပတ်သတ်ချင်ဘူးတဲ့လား ကိုကိုရယ် ပြောထွက်ရက်လိုက်တာ ကိုကိုပြောလိုက်တဲ့ စကားတစ်ခွန်းက ကျွန်တော် ရင်ကို အရမ်းပူလောင်တယ် ကျွန်တော် ကိုကိုဆီက ကားသော့ကို ယူလိုက်ပြီး အောက်ဆင်းလာခဲ့တော့သည်။  ကျွန်တော် ပြန်ပြောချင်ပေမဲ့လည်း ကျွန်တော်ကို မယုံကြည့်တာ ကိုကို အပြစ်မဟုတ်လို့ အပြစ်လည်းမမြင်ရက်လို့ ပြန်မပြောတော့ပါဘူး

💒

လမင်းလေးရဲ့ ဥယျာဉ်မှူးWhere stories live. Discover now