အပိုင်း ၄

4.7K 356 4
                                    

အပိုင်း ၄

နေမထင်ကုမ္ပဏီရောက်ရောက်ချင်း
အဖေစီစဉ်ပေးတော့ ရုံးခန်းတွင်ထိုင်နေစဥ်
လူတစ်ယောက်ဝင်လာပြီး

" ကျွန်တော်က မန်နေဂျာရဲ့အတွင်းရေးမှူး
ဖြစ်ပါတယ် နာမည်ကသက်ဝေပါ မန်နေဂျာ
လိုတာခိုင်းနိုင်ပါတယ် မန်နေဂျာရဲ့ အချိန်စာရင်းတွေ ကျွန်တော်ကို မေးနိုင်ပါတယ် "

" ဟုတ်ကဲ့ ကျွန်တော်နာမည် နေမထင်ပါ မန်နေဂျာလိုမခေါ်ပဲ နေမထင်လို့ ခေါ်လည်းရပါတယ် ရာထူးတွေက အရေးမကြီးပါဘူး ဝန်ထမ်းတွေ
စည်းစည်းလုံးလုံးနဲ့ ကုမ္ပဏီ တိုးတက်အောင်
အလုပ်လုပ်ဖို့ပဲ လိုတာပါ "

" ဟုတ်ကဲ့ မန်နေဂျာ..အဲ့
တောင်းပန်ပါတယ်ကိုနေမထင် "

" ကိုနေလိုပဲခေါ်ပါ "

" ဟုတ်ကဲ့ကိုနေ အပြင်မှာ ဒဇိုင်းအဖွဲ့က
မိုးစက်ရောက်နေတယ် ကိုနေနဲ့တွေ့ချင်လိုတဲ့ "

" ဟုတ်ကဲ့ အခန်းထဲကိုဝင်ခိုင်းလိုက်ပါ "

ကိုသက်ဝေထွက်သွားပြီးသိပ်မကြာ မိုးစက်ဝင်လာသည်။ ကျွန်တော်လည်း မိုးစက်ကိုမကြည့်ပဲ Laptop ကိုသာအကြည့်မပျက် ကြည့်နေသည်။ မိုးစက်ရပ်နေတာ ကျွန်တော်သိသည်။ မသိချင်ယောင်ဆောင်ပြီး Laptop ထဲက အဆောက်အဦး ဒဇိုင်းတွေကိုသာ အာရုံစိုက်နေလိုက်သည်။

" ကိုကို "

"ကုမ္ပဏီမှာကိုနေလို့ပဲခေါ်ပါ မိုးစက် "

မိုးစက်မျက်နှာကိုမော့ကြည့်မိသည်။
ငယ်ငယ်တုန်းက ဘာလုပ်လုပ်တက်ကြွပြီး ထက်မြက်သော မိုးစက်ပုံစံမဟုတ်ပဲ
ကျွန်တော်ရှေ့မှာ မျက်နှာငယ်လေးနဲ့ရပ်ကာ ခေါင်းငုံထားသည်။

" ကျွန်တော်ဘာမှားလို့လဲကိုနေ
ကိုနေကျွန်တော်ကို ဘာသဘောမကျလို့လဲဟင် ကိုနေ မကြိုက်တာရှီရင်ပြောလေ ကျွန်တော်ပြင်ပါမယ် ကျွန်တော်မလိမ်မာလို့လားဟင် "

မကြိုက်တာရှီရင်ပြောလေ ပြင်ပါမယ်တဲ့ ကျွန်တော် မိုးစက်ကို မကြိုက်တာမရှီပါဘူး
ဒေါ်ချယ်ရီရဲ့ အတ္တကြောင့် ကျွန်တော်မိုးစက်ကို ပစ်ပယ်မိသလိုဖြစ်သွားသည်။

" ဘာလို့ အဲ့လိုထင်တာလဲ မိုးစက် "

" စင်ကာပူကပြန်လာကတည်းက
ကျွန်တော်ကို စကားမပြောဘူး "

ကျွန်တော်လည်း လမင်းငယ်လို့ ကိုနေရဲ့
ဂရုစိုက်မှုကိုလိုချင်တယ် လိုပြောလိုက်ချင်ပေမဲ့ ပြောမထွက်ခဲ့ဘူး

" မအားလို့ပါကိုကိုကမိုးစက်ကို
မကြိုက်တာမရှီပါဘူး "

ကိုကိုတဲ့လား အခေါ်အဝေါ်ကြောင့်
ကျွန်တော်ပျော်သွားသည်။
ကိုကို ကျွန်တော်ကို မယားပါသားဆိုပြီး မမုန်းဖူးပဲ တကယ်တော့ ကိုကိုက Mommy သားမဟုတ်ဖူးလို့ သိကတည်းက ကိုကို့ကိုဆုံးရှုံးရမှာကြောက်ပြီး
ကိုကိုအလိုကျအောင်
ကိုကိုကြည့်ဖြူအာင် ကျွန်တော်ကြိုးစားပြချင်ခဲ့တာပါ ဒါပေမဲ့ကိုကိုက အဝေးဆုံးကို
ထွက်သွားခဲ့တယ်

" ကိုနေ ကျွန်တော်ကိုကြိုက်တာ ခိုင်းပါနော် ကျွန်တော်လုပ်ပါမယ် ကုမ္ပဏီအလုပ်ရော့
အပြင်အလုပ်ရော့ "

" ကိုကို သိပါပြီ မိုးစက် အခုကိုကို အလုပ်လုပ်စရာတွေများတယ် မိုးစက်လည်း အလုပ်သွားလုပ်တော့လေ "

" ဟုတ်ကဲ့ ကိုနေ "

ကျွန်တော်မိုးစက်ကိုမယုံပေမဲ့ မိုးစက်ရဲ့ မျက်လုံးတွေကို ကြည့်တိုင်းဖြူစင်တဲ့ အရိပ်အယောင်တွေ တွေ့ရသည်။ မိုးစက်ရဲ့ မျက်လုံးကို ကြည့်တိုင်း ကျွန်တော် စိတ်ပျော့ညံ့နေပြီပဲမဖြစ်ဘူး
ပျော့ညံ့လို့မဖြစ်ဘူး မိဘမရှိတဲ့လမင်းငယ်ကို
ကာကွယ်ဖို့ ပျော့ညံ့လို့မဖြစ်ဘူး။

💒

လမင်းလေးရဲ့ ဥယျာဉ်မှူးWhere stories live. Discover now