အပိုင်း ၁၅
ရုတ်တရက် ကျွန်တော်ခေါင်းအရမ်းကိုက်လာသည်အိမ်ကိုပြန်ဖို့ကားမမောင်းနိုင်တာကြောင့်
ပြန်ဖို့အခက်တွေ့နေပြီး ရုံးခန်းမှာ နားနေစဉ် မိုးစက်ဝင်လာသည်။ ကျွန်တော် မိုးစက်ကိုဘာမှမပြောပဲ
နားနေလိုက်သည်။ မိုးစက်
ကျွန်တော်နထင်ကို ဆေးလိမ်းပေးပြီး နှိပ်ပေးနေသည်။ ဒီကောင်လေး ကျွန်တော်ခေါင်းကိုက်နေတာ ဘယ်လိုသိလဲ" ကိုကို သက်သာရဲ့လား "
" အင်း "
" ကိုကို ကျွန်တော်နဲ့အိမ်အတူတူပြန်မယ်လေ "
" ရတယ် မိုးစက်ပြန်နှင့်ပါ "
" ကိုကို မျက်နှာကြည့်တာနဲ့ သိတယ် နေမကောင်းဘူးမဟုတ်လား ခေါင်းကိုက်တာရော့သက်သာတဲ့ပုံမပေါ်ဘူး ကျွန်တော်လိုက်ပို့ပါမယ် "
" ပြန်နှင့်လိုပြောနေတယ် မိုးစက်
ကိုကိုစကားအများကြီး မပြောချင်ဘူး
ပြန်တော့ "" ကိုကိုဘာကြောင့်ခေါင်းအရမ်းမာနေတာတုန်း
ဒီလောက်နေမကောင်းဖြစ်နေတာကိုး "ကျွန်တော်က မိုးစက်ကို ဘာမှပြန်မပြောတော့ပဲ
ထိုင်ရာကအထပြင်းထန်စွာ ခေါင်းကိုက်လာလို့
ခန္ဓာကိုယ်ယိုင်သွားသည် မိုးစက်ကျွန်တော်ကို
ထိန်းပေးရင်း" တွေ့လား ကိုကို နေမကောင်းပဲနဲ့
ကိုကိုကခေါင်းအရမ်းမာတယ် "မိုးစက် ယိုင်နဲ့သွားသော ကိုကိုခန္ဓာကိုယ်ကို
ထိန်းရင်ပြောလိုက်သည်။ ကိုကိုနေမကောင်းဖြစ်ရင်
ကျွန်တော်ရင်ဘက်ထဲမကောင်းပေ။" အဲ့တာဆိုလည်း မိုးစက်ကို အကူအညီတောင်းရတော့မှာပဲ အိမ်ရောက်ရင် လမင်းငယ်မသိပါစေနဲ့ "
" ဟုတ်ကဲ့ ကိုကို "
ကိုကိုနေမကောင်းဘူး ကိုကိုမျက်နှာမကောင်းတာ
မြင်ရတာ ကျွန်တော်ရင်ထဲနာကျင်ရသလိုပဲ
လမင်းငယ်လည်း ကိုကို့ကို မြင်ရင်နာကျင်မှာ
ကိုကိုအရမ်းကြောက်တယ်မှတ်လား
ကိုကိုရဲ့အချစ်ကို လိုချင်လိုက်တာ
အိမ်ရောက်တဲ့အထိမောင်းနှင့်လာပေမဲ့
ကိုကို ကျွန်တော်ကို ဘာမှမပြောပဲမှေးစက်နေသည်။ အိမ်ရောက်တော့ ကိုကို ကားပေါ်ကဆင်းပြီး
YOU ARE READING
လမင်းလေးရဲ့ ဥယျာဉ်မှူး
General Fictionပထမဆုံးဖန်တီးထားတဲ့ မြန်မာ BL Fic ကိုအားပေးကျပါအုန်းနော် လိုအပ်ချက်တွေများနေပေမဲ့ ချစ်ခင်မှုနဲ့ ဖတ်ပေးကျပါနော်