အပိုင်း ၃၀

2.5K 203 22
                                    


အပိုင်း  ၃၀

   ကိုကိုကတော်ဝင်နာမည်နဲ့ဆောက်လုပ်ရေး
ကုမ္ပဏီရုံးခွဲဖွင့်ခဲ့သည်။ ဒဇိုင်းတာဝန်ခံ လမင်းငယ်နဲ့အတူ ကုမ္ပဏီ ရုံးခန်းသေးသေးလေးမှာ
ဝန်ထမ်းလေးယောက် ခန့်ထားပြီး သုံးလအတွင်း ကိုကို ကုမ္ပဏီက လူသိများလာခဲ့တယ်။
ကိုကိုလုပ်နိုင်မယ်ဆိုတာ ကျွန်တော်သိပါတယ်။
ကိုကိုဘယ်လိုလူမျိုးလဲ ကျွန်တော်ကောင်းကောင်းသိတယ် စိတ်မာပြီး ဇွဲမလျှော့တက်တဲ့လူစားမျိုးပဲ  

" ကိုကို   "

" မိုးစက် ဘယ်လာတာလဲ  "

"ကိုကိုဆီပဲလာတာလေ ကိုကိုရုံးခန်းကို
ကျွန်တော်အခုမှ နှစ်ခါပဲရောက်ဖူးသေးတာ  "

" ကော်ဖီလား အအေးလား  "

" ဘာမှမသောက်ချင်ဘူး ကိုကိုမျက်နှာမြင်တာနဲ့ အမောပြေပြီ  "

   ကျွန်တော် ကိုကိုရှေ့ခုံတွင်ထိုင်ကာ ကိုကိုမျက်နှာကို ငေးမောကြည့်နေမိသည်။

" မိုးစက် ဘာလို့အဲ့လောက်တောင်
ကြည့်နေရတာလဲ   "

" ကိုကိုက အရမ်းချစ်စရာကောင်းလို့. "

"အပိုတွေ ယောက်ကျားတစ်ယောက်က
ဘာချစ်စရာကောင်းမှာလဲ   "

" ကျွန်တော်အတွက်တော့ ကိုကိုက
ကြည့်လို့မဝတဲ့ပန်းချီးကားတစ်ချပ်ပဲ   "

" မိုးစက်   "

"  ဘာလဲ ကိုကို
မိုးစက်မင်းအကျိုးမရှိတာမလုပ်နဲ့
အရေးမပါတာတွေမပြောနဲ့  အဲ့လိုအပ်ကြောင်းထပ်တဲ့စကား တွေပဲထပ်ပြောအုန်းမလို့လား 
ကိုကိုပြောမဲ့စကားတွေ ကျွန်တော်နားရည်ဝနေ
ပါပြီ  အခုကျွန်တော်ကိုကိုဆီလာတာ
ကျွန်တော်လေလံအောင်ထားတဲ့ မြေနေရာ
ကိုကိုအတွက် လာပေးတာ  ဒီမှာစာချုပ်    "

    မိုးစက်ကမ်းပေးတဲ့ စာချုပ်ကိုလှမ်းယူရင် စာရွက်စာတမ်းကို စစ်ဆေးပြီး.

" ကျေးဇူးတင်ပါတယ် မိုးစက်   "

" ကိုကိုကလဲ သူစိမ်းဆန်လိုက်တာ
ချစ်သူတွေကြားမှာ ကျေးဇူးတင်စရာလိုလို့လား  "

" ချစ်သူ ... "

   ချစ်သူဆိုတဲ့ အသုံးအနှုန်းကို
ကျွန်တော်ရေရွတ်နေတုန်း

လမင်းလေးရဲ့ ဥယျာဉ်မှူးWaar verhalen tot leven komen. Ontdek het nu