အပိုင်း ၅၆

2K 168 22
                                    


အပိုင်း ၅၆

    ကိုကိုနဲ့ ကိုခန့်တို့ ခွဲစိတ်ခန်းထဲဝင်သွားတာ
၂နာရီနီးပါးရှီပြီ  ၂နာရီလုံးလုံး ငယ်လေးနဲ့
ကျွန်တော် ခွဲခန်းရှေ့မှာ အသက်မဲ့စွာ ထိုင်နေရင်း၊
ဘာမှမစားမသောက်ရသေးတဲ့ ငယ်လေးကို အမှတ်ရကာ နေရာမှထပြီး ဆေးရုံအပြင်ဘက်ဆိုင်တစ်ဆိုင်က  ပေါင်မုန့် နဲ့ရေဗူး ပြေးဝယ်လိုက်သည်။  

" ငယ်လေး   "

"ကိုမိုး  "

" ဒါလေးစားလိုက်  "

ကျွန်တော်ပေါင်မုန့်ကိုဖောက်ပေးပြီး
ငယ်လေးကိုပေးလိုက်သည်။

"စားချင်စိတ်မရှီဘူး  "

"ကိုမိုးသိပါတယ် ဒါပေမဲ့ ဆေးသောက်ရမယ်
နည်းနည်းလောက်စားလိုက်နော်  "

" ဆေးက ညကျမှသောက်ရမှာ မဟုတ်ဘူးလား "

" နေ့ရော့ညရော့ တစ်နေ့နှစ်ကြိမ်သောက်ရမှာ
ငယ်လေးဆေးမသောက်ရင် ကိုမိုးစိတ်ကောင်းမှာ မဟုတ်ဘူး ကိုကိုကလည်း ငယ်လေး နှလုံးအားနည်းတာ သိထားတာ မဟုတ်ဘူးလေ "

"ကိုကို့ကိုမပြောပါနဲ့ ကျွန်တော်သောက်ပါမယ်  "

"အဲ့ဒါဆို  ဒီပေါင်မုန့်ကုန်အောင်စား  "

   ငယ်လေးလက်ထဲကိုး ပေါင်မုန့်ထည့်ပေးတော့
ငယ်လေး တစ်ကိုက်စားပြီး ကျွန်တော်ကိုပါ ခွံကျွေးနေသည်။ ငယ်လေးစိတ်ကျေနပ်အောင် စားပေးပြီး အိပ်ကပ်ထဲက အမြဲဆောင်ထားတဲ့ ငယ်လေးဆေးဗူးကို ထုတ်ကာ ငယ်လေးကို ဆေးတိုက်လိုက်သည်။  ပြီးတော့ ကျွန်တော်ပုခုံးပေါ် ငယ်လေးခေါင်းကို
မှီခိုင်းလိုက်သည်

" ကိုကိုနေမကောင်းတာနဲ့
ငယ်လေးအရမ်းပိန်သွားတယ် "

"ကျွန်တော်တစ်ယောက်တည်းမှမဟုတ်တာ
ကိုမိုးရော့ပဲ  "

" ကိုကိုနေကောင်းရင်ခရီးထွက်ရအောင် "

" Mommyက ခွင့်ပြုပါ့မလား  "

" ငယ်လေးက သူကို Mommyလိုခေါ်သေးတယ်နော် ကိုမိုးအမေက daddy သေသွားတာတောင် မျက်ရည်တစ်စက်မကျ အရမ်းသွေးအေးတဲ့သူပါ  "

"ဒါပေမဲ့လည်း ကျွန်တော်ကို နို့တိုက်ခဲ့တဲ့အမေ မဟုတ်လား ကိုကိုကပြောတယ် Mommyက
မကောင်းပေမဲ့လည်း ညီကို နို့တိုက်ပေးခဲ့တဲ့  ကျေးဇူးရှင်တဲ့ "

လမင်းလေးရဲ့ ဥယျာဉ်မှူးWhere stories live. Discover now