အပိုင်း ၄၀

2.1K 209 26
                                    

အပိုင်း ၄၀

ကိုကို့ကို ကျွန်တော်ဆန်ပြုတ်တိုက်နေတုန်း
အခန်းတံခါးကို ဆောင့်ဖွင့်ပြီး ဝင်လာတဲ့ Mommy

" မိုးစက် ဒါဘာလုပ်နေတာလဲ "

"Mommy! "

" အခုချက်ခြင်း ငါနဲ့လိုက်ခဲ့ နေမထင်
နင်ငါသားကိုထိဖို့ မကြိုးစားနဲ့လို့
ငါပြောထားတယ်နော် "

" Mommy တော်ပါတော့
Daddyမရှီဘူးဆိုပြီး ကိုကိုအခန်းထဲ
လာသောင်းကျန်းနေတာလား "

"ငါက ဦးထင်အောင်ကျော်မျက်နှာ သူအရိပ်အကဲကို ငါအခုကြည့်စရာမလိုတော့ဘူး မိုးစက် မင်းကိုငါ
ဒီအခန်းထဲမှာ မမြင်ချင်ဘူးလို့ပြောနေတယ်
အခုချက်ခြင်း ထွက်လာခဲ့ "

" Mommy! "

" ထွက်သွားပါ မိုးစက် "

" ကိုကို "

" ထွက်သွားလို့ပြောနေတယ် မိုးစက် "

ကျွန်တော်အော်သံကြောင့် မိုးစက်ထွက်သွားပေမဲ့ ဒေါချယ်ရီ ထွက်မသွားသေးပဲ

" မိုးစက်က ယောက်ကျားချင်း သဘောကျတယ်တဲ့ ငါသားက လိင်တူချင်း စိတ်ဝင်စားနေတော့လည်း
ငါသားဖြစ်ချင်တာ လုပ်ပေးရမှာပေါ့ ဒါပေမဲ့ မင်းနဲ့တော့ မဟုတ်ဘူး ခန့်မဟော်နဲ့ မင်းချစ်တာလည်း
ငါ့သားမဟုတ်ပါဘူး မင်းရဲ့ဘာမှသွေးမတော်
သားမစက်တဲ့ လမင်းငယ်ကိုမှတ်လား "

" ခင်ဗျား ထွက်သွားပါတော့ ကျွန်တော့်ညီ
အိမ်ပေါ်တက်လာလို့ ကြားသွားရင် ကျွန်တော်
ဒီနေရာမှာတင် ခင်ဗျားကို သတ်မိလိမ့်မယ်။
ပြီးတော့ ခင်ဗျားသားကို ကျွန်တော်လုယူဖို့မစဉ်းစားခဲ့ဘူး အဲ့ဒါကြောင့် မပူပါနဲ့ ခင်ဗျားသားသာကျေနပ်ရင် ခန့်မဟော်နဲ့ လက်ထပ်ပွဲကို ခင်ဗျားစိတ်ကြိုက်လုပ်ပါ ကျွန်တော် ဂုဏ်ပြုပါတယ်။ အတင်းအကျပ်ကြီးတော့ မိုးစက်ကို မတိုက်တွန်းပါနဲ့၊ မလုပ်ပါနဲ့၊
မိုးစက်က ခင်ဗျားလို့ မဟုတ်ဘူး ရိုးသားဖြူစင်တဲ့သူတစ်ယောက်ပါ "

" တောက်! "

ဒေါ်ချယ်ရီ တောက်တစ်ချက်ခေါက်ပြီး ထွက်သွားသည် ကျွန်တော်ပြန်လှဲနေလိုက်သည် ခဏကြာတော့ ညီဝင်လာသည်

လမင်းလေးရဲ့ ဥယျာဉ်မှူးWhere stories live. Discover now