အပိုင်း ၃၁

2.4K 208 24
                                    

အပိုင်း ၃၁

   ကျွန်တော်မျက်စီဖွင့်လိုက်တာနဲ့တွေ့လိုက်ရတဲ့အရိပ်ကြောင့် လန့်ဖျပ်ပြီး မီးခလုတ်ကိုနှိပ်လိုက်တော့
ကုတင်ပေါ်မှာ ထိုင်နေတဲ့ မိုးစက်ကိုတွေ့ရသည်။
အဲ့ဒါနဲ့ တိုင်ကပ်နာရီကိုလှမ်းကြည့်တော့ မနက်
၂နာရီထိုးနေပြီ ဒီချိန်ထိသူမအိပ်သေးပဲ

" မိုးစက် ဒါဘာလုပ်တာလဲ    "

" ကိုကိုလန့်သွားလား ကိုကိုလန့်သွားစေဖို့မရည်ရွယ်ပါဘူး အခုတလော ကိုကိုက အရမ်းအလုပ်များနေတော့ ကိုကိုနဲ့   ကျွန်တော်တစ်အိမ်တည်းနေပြီး မျက်နှာချင်းတောင် မဆိုင်ဖြစ်ဘူး အဲ့ဒါကြောင့် ကိုကိုမျက်နှာကို တစ်ဝကြီးလာကြည့်တာ   "

" ရူးပါ့ကွာ အမှောင်ထဲမှာ ငါ့မျက်နှာကိုမြင်ရလို့လား"

" မှောင်နေလဲ ကျွန်တော်နှလုံးသားထဲမှာ ကိုကိုပုံရိပ်ကထင်းနေတာပဲ ဒီလိုလေး ကိုကိုအခန်းထဲမှာ
ကိုကိုဘေးနားမှာ ထိုင်နေရတာကိုး ကျေနပ်တာ အလွမ်းပြေသွားသလို့ခံစားရတယ်   "

   မိုးစက်အချစ်က ဘယ်လိုအချစ်မျိုးလဲ
မိုးစက်ကျွန်တော်ကို အဲ့လောက်ထိတောင်
ချစ်တာလား 

" ဘယ်ချိန်ကတည်းကထိုင်နေတာလဲ
ကိုယ်အိပ်တဲ့အချိန်တောင် ည၁၂ထိုးဆိုတော့ "

" ၁၂ခွဲကတည်းကထိုင်နေတာ   "

"သွားအိပ်တော့လေ အိပ်ရေးပျက်ရင်
ခေါင်းကိုက်လိမ့်မယ်  "

" ကိုကို အရင်ပြန်အိပ်လိုက်ပါ   "

" မိုးစက်...  "

  မိုးစက်က တကယ့်ခေါင်းကြောမာတဲ့
ကလေးပဲ။

"ကိုကို ကျွန်တော်ကိုမလွမ်းဖူးလားဟင်
ကျွန်တော်ကတော့ ကိုကို့ကိုအရမ်းချစ်တာ 
ကိုကိုကျွန်တော်ကိုတကယ်ရော့ ချစ်ရဲ့လား   "

" မိုးစက်!  "

" ကျွန်တော့်နောက်မမေးတော့ပါဘူး "

   နေမထင်အသံကျယ်သွားတာကြောင့်
မိုးစက်မျက်နှာ ညိုးငယ်သွားသည်။

"တကယ်လို့ ကိုယ်က မိုးစက်ကိုတကယ်မချစ်ဘူး လှည့်စားနေတာဆို မိုးစက် ကိုကိုအပေါ်ချစ်တဲ့အချစ်တွေကို မနှမြောမိဘူးလား  "

  မိုးစက်ခေါင်းရမ်းလိုက်ကာ

" ကိုကို ကျွန်တော်ကို လှည့်စားလဲ ကျွန်တော်
ကိုကို့ကို မုန်းမှာမဟုတ်ဘူး  ချစ်နေဆဲပဲ
ထာဝရချစ်နေမှာပဲ  အစကတည်းက 
ကိုကိုအချစ်ကို မမျှော်လင့်ရဲခဲ့ဘူး အခုကိုကိုချစ်သူဖြစ်တာ အရမ်းပျော်တယ်  ကိုကိုညာနေလည်း
ဒီအတိုင်းဆက်ညာပေးပါ ဒီအတိုင်းပဲဆက်ပြီး အသုံးချပေးပါကိုကို  ကျွန်တော် ကိုကိုအတွက်ဆို ကျွန်တော်အသက်တောင်ပေးရဲပါတယ်  "

       ဟကိုကိုမင်းကို အကာအကွယ်ယူခဲ့တာက
မင်းကိုလှည့်စားသလိုဖြစ်နေပြီလား
မိုးစက်မသိသေးတာ အများကြီးပဲ ကိုကိုမင်းကို
မပြောရက်ခဲ့ဘူး။ မင်းအမေ ကိုကိုနဲ ့ညီအပေါ်လုပ်ခဲ့တဲ့ လုပ်ရက်တွေကိုး ပြောမထွက်ခဲ့ဘူး ။ဒါပေမဲ့ ကိုကိုမင်းကို မချစ်ချင်ဘူး အခုကိုကိုမင်းအပေါ်
အားနာစိတ်ကြီးဆိုးချင်နေ့ပြီး
ဒီထက်ပိုပြီး မင်းအပေါ်မှာထားတဲ့စိတ်ကို
ယိမ်းယိုင်အောင် ထပ်မလုပ်ပါနဲ့တော့ 

" မိုးစက်ကို ကိုကို.. "

" ကိုကိုဆက်ပြောလေ "

  ကျွန်တော်စကားကိုမျှော်လင့်တကြီး
စောင့်ဆိုင်းနေတဲ့မိုးစက်

" ချစ်တယ် "

    ကျွန်တော်ဘာပြောမိလိုက်တာလဲ ဒီကလေးမျက်နှာငယ်နေတာကို မမြင်ချင်တာနဲ့
ဘာတွေပြောမိပါ့လိမ့်

" ကိုကိုချစ်တယ်လို့ပြောတာ အရမ်းပျော်တယ်
ရင်ထဲမှာ အတိုင်းမသိကြည့်နှုးတယ်   "

" အဲ့ဒါဆို ကိုယ်ကျေနပ်အောင်မင်းသွားအိပ်တော့
ခေါင်းကိုက်လိမ့်မယ်  "

"အခု ကိုကိုကကျွန်တော်ကိုစိတ်ပူလို့ပြောတာပေါ့
ဟုတ်လား ကိုကို  "

" အင်း...    "

" အဲ့ဒါဆို ကိုကိုအရင်လှဲလိုက်ပါ   "

   ကျွန်တော်အိပ်ရာပေါ်လှဲလိုက်သည်။ မိုးစက် ကျွန်တော်ကို စောင်ခြုံပေးပြီး  မီးကိုပိတ်လိုက်သည်။

" GoodNight ကိုကို   "

" Good Morning မဖြစ်ခင် သွားအိပ်ပါတော့ "

" ဟုတ်ကဲ့  ကိုကို   "

   မိုးစက်ထွက်သွားပြီး ကျွန်တော်ပြန်အိပ်လို့မရတော့ပါ ဘာလို့မိုးစက်က ဒေါ်ချယ်ရီရဲ့ သားဖြစ်ရတာလဲ အတ္တကြီးမားပြီး တကိုယ့်ကောင်းဆန်တဲ့အဖွားကြီးက မင်းအမေသာ မဟုတ်ဘူးဆိုရင်
အရမ်းကောင်းမှာပဲ

လမင်းလေးရဲ့ ဥယျာဉ်မှူးOnde as histórias ganham vida. Descobre agora