အပိုင်း ၁၄
လမင်းငယ်က သင်တန်းနဲ့အိမ်ကလွဲလို့
ဘယ်မှမသွားပေ။
လူငယ်ပီပီ အပျော်အပါးမက်တက်ဖို့ဆိုတာလည်းဝေး။
အဆိုးဆုံးကတော့ မာနမရှီပဲ ဖြူစင်တဲ့ စိတ်ထားရှီသည်။ ဒီလိုဖြူစင်တဲ့ကောင်လေးက ကျွန်တော်ဘာပြောပြော ယုံမှာသေချာသည်။ မထင်မှတ်ပဲ လမင်းငယ်က အယုံသွင်းရတာလွယ်သည်။
အခုဆိုသူကကျွန်တော်ကို အရမ်းကိုခင်မင်နေပြီဖြစ်သည်။ ကျွန်တော်ရဲ့ ဂရုစိုက်မှုတွေကိုလည်း
သူသာယာတက်နေပြီ။" အိမ်ပဲပြန်မှာလားငယ်လေး "
သင်တန်းဆင်းဆင်းချင်း ကျွန်တော်ကို
ပြုံးပြပြီး ကားပေါ်တက်လာတဲ့ကောင်လေး" ဟုတ်ကဲ့ အစ်ကို "
ကျွန်တော် ကားမောင်းရင်း
လမင်းငယ်ကိုစကားစလိုက်သည်။" ငယ်လေးမှာ သူငယ်ချင်းတွေမရှီဘူးလား "
" ရှီတယ် အစ်ကို ဇော် နဲ့ ဝန သူငယ်ချင်း နှစ်ယောက်ရှီတယ် ဘာလို့မေးတာလဲ အစ်ကို "
" ငယ်လေးက သင်တန်းနဲ့အိမ်နဲ့ပဲ သွားလို့လေ တခြားဘယ်မှသွားစရာမရှီဘူးလား အစ်ကို ငယ်လေးကို ကားမောင်းပေးတာ အရမ်းသက်သာနေတယ် "
" အစ်ကိုအတွက်ကောင်းတာပေါ့ ကျွန်တော်ဆီမှာ အလုပ်လုပ်တော့ အစ်ကို သက်သက်သာသာနဲ့ လစာရတာပေါ့ "
" သက်သာလွန်းလို့ အလုပ်လုပ်တာနဲ့တော့ မတူတော့ဘူး ငယ်လေး အပြင်မသွားချင်ရင် ငယ်လေးစားချင်တာ လိုချင်တာရှီရင် အစ်ကို့ကိုဝယ်ခိုင်း အစ်ကိုဝယ်ပေးမယ် ငယ်လေးခိုင်းချင်တာခိုင်းပါ အစ်ကိုလုပ်ပေးချင်လို့ပါ "
" ဘာလို့လုပ်ပေးချင်တာလဲ အစ်ကို "
" အဲ့ဒါမှ အလုပ်လုပ်တာနဲ့ တူမှာပေါ့ "
" ရပါတယ်အစ်ကို ကျွန်တော်အစ်ကို ပင်ပန်းမှာ မကြည့်ရက်ပါဘူး အစ်ကိုရုပ်ရည်နဲ့
ပင်ပင်ပန်းပန်းအလုပ်နဲ့ မကိုက်ပါဘူး "" ငယ်လေး မျက်စီထဲမှာ အစ်ကိုက
ဘယ်လိုရုပ်မျိုးပေါက်နေလို့လဲ "" ခန့်တယ်ချောတယ် driver ရုပ်မပေါက်ဘူး ကျွန်တော် သူငယ်ချင်းတွေက ပြောနေပြီ မင်း driver က အရမ်းချောတယ်တဲ့ အစက
မင်းအစ်ကိုလို့ ထင်နေတာတဲ့ "ပွင့်ပွင့်လင်းလင်းပြောနေတဲ့ ကလေးပဲ ဘာလို့ ဒီလောက်ဖြူစင်ရတာလဲ ကောင်လေးရယ်
" အဲ့လိုချီးမွန်းတော့လည်း အစ်ကိုလစာထုတ်ရင် ငယ်လေးတို့အဖွဲ့ကို မုန့်လိုက်ဝယ်ကျွေးရမယ် "
" တကယ်လား အစ်ကို "
အိမ်ရောက်နေတာနဲ့ ကျွန်တော်ကားရပ်လိုက်ပြီး
" တကယ်ပါ ငယ်လေး "
လမင်းငယ် ကားပေါ်ကဆင်းပြီး
" မုန့်လိုက်ကျွေးမယ်နေ့ကို
ကျွန်တော်စောင့်နေမယ်နော် အစ်ကို "ကျွန်တော်ခေါင်းညိတ်ပြလိုက်သည်။ ကောင်လေးပြုံးပြပြီး ဝင်သွားသည် မည့်သူကိုမဆို ဖော်ရွေစွာပြုံးပြတက်တဲ့ ကောင်လေး အစ်ကိုနဲ့တွေ့တာ မင်းအတွက် ကံဆိုးမှုဆိုတာ မင်းသိခဲ့ရင်
အဲ့ဒီအပြုံးကိုအစ်ကို မြင်တွေ့ ရတော့မှာ
မဟုတ်ဘူး⛪
ဒေါက် ဒေါက် ဒေါက်
" ဝင်ခဲ့ပါ "
ဝင်လာသူက မိုးစက်ဖြစ်နေသည်။
" ကိုကို "
ကျွန်တော်ဝင်လာတာကို တစ်ချက်ကြည့်ပြီးမှ
ကိုကို ခုံမှာမှီရင်း မျက်စီမှိတ်ထားသည်။" ကိုကို "
" ပြောချင်တာပြောပြီးရင် ပြန်တော့ "
" ဘာဖြစ်လို့လဲ ကိုကိုနေမကောင်းဘူးလား
ခေါင်းကိုက်လို့လား "ကျွန်တော်ကို ဘာစကားမှ ပြန်မပြောပဲ
မျက်စီသာ မှိတ်ထားတဲ့ကိုကို၊
ကျွန်တော် စိုးရိမ်ပြီးကိုကိုနားကပ်လာခဲ့သည်။📱
ကိုကိုရဲ့ဖုန်းမြည်သံကြောင့် ကျွန်တော်
လှမ်းနေသောခြေလှမ်းကို ရပ်လိုက်သည်။
ကိုကိုမျက်စီဖွင့်ပြီး ဖုန်းကိုင်သည်။
လမင်းငယ်ဆက်တာကို ကိုကိုမကိုင်ပဲ ဘယ်နေမလဲ" ညီ..ကိုကိုနောက်ကျလို့ဖုန်းဆက်တာလား ထမင်းစားနှင့်နော် ကိုကို အိမ်ပြန်လာတာ
နည်းနည်းနောက်ကျမယ် "ကိုကိုဖုန်းချလိုက်ပြီး မျက်စီမှတ်ထားပြန်သည်။ ကျွန်တော် အိတ်ထဲက လိမ်းဆေးဗူးကိုယူပြီး
ကိုကိုနထင်ကို လိမ်းပေးကာ နှိပ်နယ်ပေးတော့ ထူးဆန်းစွာ ကိုကိုငြိမ်ခံနေသည်။ ကျွန်တော်ကို
ပြန်မအော်ဘူး ကိုကိုက ကျွန်တော်ပြုစုတာကို
ငြိမ်ခံနေသည်။ အရမ်းပျော်စရာပဲ။🏢
YOU ARE READING
လမင်းလေးရဲ့ ဥယျာဉ်မှူး
General Fictionပထမဆုံးဖန်တီးထားတဲ့ မြန်မာ BL Fic ကိုအားပေးကျပါအုန်းနော် လိုအပ်ချက်တွေများနေပေမဲ့ ချစ်ခင်မှုနဲ့ ဖတ်ပေးကျပါနော်