အပိုင်း ၄၇

2.1K 211 24
                                    

အပိုင်း ၄၇

   ကိုကိုက Daddyနာရေးပြီးတဲ့အထိ ဘယ်သူကိုမှ စကားမပြောပဲ မတုန့်မလှုပ်ပဲနေလေသည်။ ကျွန်တော်ကိုကိုနားကပ်ချင်ပေမဲ့ ဒီချိန်ကိုကို ကျွန်တော်မျက်နှာကို မမြင်ချင်လောက်ဘူး
ဒါပေမဲ့ ကိုကိုနဲ့ ရှင်းရမဲ့
ပြဿနာတွေ အများကြီးရှီတယ်လို့ Mommyက
တစ်ဖွဖွပြောပြီး ကိုကိုအခန်းကို ဆွဲဖွင့်လိုက်သည်။ ကျွန်တော် Mommy ကိုအချိန်မှီ မတားနိုင်သေးပြန်ဘူး Mommy နောက်ကလိုက်ဝင်တော့
ကိုကိုက အိပ်နေပြီး ငယ်လေးက
ကိုကိုနားမှာ ရှီနေသည်။

"နေမထင်ကိုနှိုးလိုက် "

" Mommy ကိုကိုအရမ်းပင်ပန်းနေတယ်
ဘာခိုင်းမလို့လဲ ကျွန်တော်လုပ်ပေးမယ်လေ "

     မသိနားမလည်တဲ့လမင်းငယ်က
Mommy ကိုတောင်းပန်နေသည်

" မလိုချင်ဘူး နှိုးဆိုနှိုးလိုက် "

   Mommy အော်သံကြောင့် ကိုကိုမျက်စီဖွင့်လာသည် ကိုကိုထဖို့ ကျွန်တော်ထူပေးလိုက်သည်။

" ဘာကိစ္စလဲ  "

" ဘာကိစ္စလဲ ဟုတ်လား
မင်းဒီအိမ်မှာ မနေသင့်တော့ဘူးလေ "

" ဗျာ! ဘာလို့လဲ ဒါကိုကိုအိမ်လေ
ကိုမိုး Mommyကိုပြောပေးပါအုန်း "

" Mommyပြောတာမှန်တယ် ငယ်လေး
ကုမ္ပဏီရော့အိမ်ရော့ ကိုကိုနဲ့ ဘာမှမဆိုင်တော့ဘူး ကိုကိုဒီအိမ်ပေါ်က မဆင်းချင်ရင်
ကျွန်တော်ကို ယူရမယ် "

   ထိုစကားကြောင့် လမင်းငယ်
အရမ်းအံသြသွားသည်။ တခြားသူပါးစပ်က
မဟုတ်ပဲ ကိုးမိုးပါးစပ်က ပြောထွက်တာကြောင့်
ဖြစ်သည်။ ကိုကိုအားနည်းချက်ကို ခုတုံးလုပ်တဲ့သူက
တချိန်က ကိုကို့ကို အရမ်းချစ်တဲ့သူတဲ့လား

"ကိုမိုးဘယ်လိုပြောလိုက်တာလဲ
ဒီချိန်မှာ ကိုကို့ကိုဒီလို အကျပ်ကိုင်စရာလား "

" ညီ ဘာမှဝင်မပြောပါနဲ့ ကိုကိုပြောမယ် "

" ကိုကို "

ညီပါးစပ်ကို လက်နဲ့ထိပြီး ခေါင်းယမ်းပြလိုက်သည်

" ကျွန်တော်ဒီအိမ်က မဆင်းနိုင်ဘူး။
ဒီအိမ်က Daddyနဲ့ကျွန်တော် Mommy ခေါင်းချရာအိမ်မို့လို့ပါ ဒါပေမဲ့ ကျွန်တော် မိုးစက်နဲ့လည်း လက်မထပ်ချင်ဘူး။ အဲ့ဒါကြောင့် ကျွန်တော်ကုမ္ပဏီကို ရောင်းပြီး ဒီအိမ်ကိုပြန်ဝယ်ပါမယ် "

လမင်းလေးရဲ့ ဥယျာဉ်မှူးTempat cerita menjadi hidup. Temukan sekarang