အပိုင်း ၅၇

2K 171 9
                                    

အပိုင်း  ၅၇

" ခန့်မဟော် သူဘယ်သူလဲ တကယ်မသိဘူးလား

    ဦးလေးက ကျွန်တော်ကို လက်ညိုးထိုးပြီးမေးတော့ ရုတ်တရက် ကိုခန့်မဟော်ပြုံးလာသည်။

" ဘာလဲ စနေတာလား ကိုခန့်   "

" ကိုယ်အားလုံးအဆင်ပြေပါတယ်
မိုးစက်ကိုမေ့စရာလား  "

" သေချာလား ခန့်မဟော် အားလုံးကိုမှတ်မိရဲ့လား "

  ဦးလေးက သေချာအောင်ဆက်မေးသည်။

" မှတ်မိပါတယ် နေမထင်ရော့ အဆင်ပြေရဲ့လား  "

" ကိုကိုက အခုထိသတိမရလာသေးဘူး
ကိုခန့်အဆင်ပြေရင် ကျွန်တော်ကိုကို့ကို
သွားကြည့်လိုက်အုန်းမယ်နော် "

    ကျွန်တော်ခေါင်းညိတ်ပြလိုက်ပေမဲ့ စိတ်ထဲမှာ
မသွားစေချင်ဘူး အတူရှီနေစေချင်တယ်။ ဒါပေမဲ့
သူစိတ်က နေမထင်ဆီမှာပဲ ရှီနေတယ်တော့
မတက်နိုင်ဘူး။

" ကိုခန့်ဘာမှမဖြစ်ပဲ ပြန်နိုးလာလို့
ကျေးဇူးတင်ပါတယ်  "

   မိုးစက်ကို ကျွန်တော်ပြန်ပြုံးပြလိုက်သည်။
ဒီကလေး စိတ်ထဲ ကျွန်တော်နေရာ နည်းနည်းလေးတော့ ရကောင်းပါရဲ့

"ငယ်လေး ကိုကိုသတိမရလာသေးဘူးလား   "

"အင်း ကိုခန့်ရော့   "

" သတိရလာပြီ ငယ်လေးသွားတွေ့ပါ့လား   "

    ငယ်လေးခေါင်းရမ်းသည်  အေးလေ ကိုကိုသတိမရသေးတော့ ငယ်လေးစိတ်ပူနေမှာပေါ့

" ငယ်လေး ကိုခန့်က ယုန်ဖြူလေးကိုမေးနေတာ  သွားပြီးတွေ့လိုက်ပါနော်   "

" အင်း ကိုမိုး..ဒါနဲ့
ကိုကိုကျတော့ ဘာလို့မနိုးသေးတာလဲ  "

"နိုးမှာပါ ကျိန်းသေပေါက်နိုးလာမှာပါ
ခွဲစိတ်မှုအောင်မြင်ထားတာပဲ   "

" အင်း   "

    ကိုမိုးကို ကိုကိုနားထားပြီး ကိုခန့်ဆီလာလိုက်သည်။ ကုတင်ပေါ်မှာအိပ်နေတဲ့ ကိုခန့်လက်ကို
ကိုင်လိုက်တော့ ကိုခန့်မျက်စီပွင့်လာပြီး ကျွန်တော်ကို
ပြုံးပြနေသည်။

" မျက်နှာက အားမရှီတဲ့ရုပ်နဲ့
လူမမာဖြစ်တဲ့ ကိုယ်ထက်ပိုဆိုးနေပါ့လား
ကလေးလေး  "

" ကိုခန့် ကျေးဇူးတင်ပါတယ်  "

" ကျေးဇူးတင်စကားကြားချင်တာမဟုတ်ဘူး
သူစိမ်းဆန်လိုက်တာ  ယုန်ဖြူလေးကို ကိုခန့်က
ညီတစ်ယောက်လို့ သတ်မှတ်ထားတာ အဲ့ဒါကြောင့် ကျေးဇူးတင်စကားတွေ ကိုခန့်မကြားချင်တော့ဘူး  "

" ကျွန်တော်အစ်ကိုဖြစ်ချင်တာလား  "

"အင်း "

"ကိုခန့်က ကားမောင်းတက်တော့  ..."

"ကားလည်းမောင်းတက်တယ်
သီချင်လည်းဆိုတက်တယ် အဲ့ဒါဆို ရပြီလား  "

  အားယူပြုံးကာ ပြန်ဖြေတဲ့ကလေးလေး

" အင်း   "

" ဆေးရော့ ပုံမှန်သောက်ရဲ့လား  "

" ကိုခန့်က သူများကိုပဲ စိတ်ပူပေးနေတာ
ကိုယ့်ကိုယ်ကိုလည်း စိတ်ပူတက်အုန်းမှာပေါ့
အသဲတစ်ခြမ်းတောင် ထုတ်ပေးထားရတာ "

" သူများမှ မဟုတ်တာ ကိုယ့်ညီလေးကိုး
စိတ်ပူပေးတာပဲ ဆေးပုံမှန်သောက်နော်
တစ်ရက်မှ မမေ့နဲ့   "

" ကျွန်တော်သိပါပြီ
ကိုခန့် တစ်ရေးလောက်ထပ်အိပ်လိုက်အုန်း ကျွန်တော်စောင့်နေပေးမယ်. "

" ဒီကလေးတော့ စိတ်ကသူ့ကိုကိုဆီ ရောက်နေတာကိုး ကိုခန့်ကိုစောင့်ပေးအုန်းမလို့ပေါ့
မလိုပါဘူး  ကလေးက
ဒီလိုခဏလေး လာကြည့်တာတင် ကျေနပ်ပါပြီ  "

" အိပ်ပျော်တဲ့ထိ စောင့်ပေးမယ်လေ  "

"အဲ့ဒါဆို ကိုခန့် မြန်မြန်အိပ်ပေးရမှာပေါ့  "

   ကိုခန့်ပြောပြီးမျက်စီမှိတ်သွားသည်။
လမင်းငယ် ကိုခန့်လက်ကို ကိုင်ပေးလိုက်သည်။
လူတစ်ယောက်ကို ချစ်တဲ့စိတ်က
သာမာန်ပေးချင်စိတ်ရှီရုံတင် မဟုတ်ဘူးဆိုတာ
ကိုခန့်ကို ကြည့်ရုံနဲ့ သိလိုက်ပါပြီ။ ကိုယ့်ချစ်တဲ့သူက တခြားတစ်ယောက်ကို စိတ်ရောက်နေလို့ 
ကိုယ့်က သူကိုမုန်းချင်ပေမဲ့လည်း မုန်းလို့မရတာ အချစ်စစ်ပဲ

🏢

လမင်းလေးရဲ့ ဥယျာဉ်မှူးWhere stories live. Discover now