အပိုင်း ၂၇

3.1K 219 10
                                    

အပိုင်း ၂၇

ဒေါက်!...ဒေါက်!...

   သောကတံခါးခေါက်သံကြားတာကြောင့်
တံခါးသွားဖွင့်လိုက်တော့ နေမထင်ဖြစ်နေသည်။
ကျွန်တော်ကိုမြင်တာနဲ့ ဒေါသမျက်လုံးနဲ့ ကြည့်ခံရပြီး
နေမထင်ရဲ့ ဆွဲထိုးခြင်းကို ခံလိုက်ရသည်။

" ငါညီဘယ်မှာလဲ လူယုတ်မာကောင်
ငါညီဘယ်မှာလဲလို့မေးနေတယ်  "

" အခန်းထဲမှာပါ   "

    သောက ညွှန်ပြတဲ့ အခန်းကိုဖွင့်လိုက်တော့
ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ညီကိုတွေ့ရသည်။

" ညီ!  ညီ "

  နေမထင်စိုးရိမ်ကြီးပြီး ညီကိုလှုပ်နိုးမိသည်။

" လမင်းငယ် အိပ်ဆေးကြောင့်
နိုးမှာမဟုတ်သေးဘူး  "

" မင်းငါ့ညီကို ဘာလုပ်လိုက်သေးလဲ   "

" ကျွန်တော်ဘာမှမလုပ်ပါဘူး တကယ်ပြောတာပါ ကျွန်တော်ငယ်လေးကို စော်ကားဖို့ ရည်ရွယ်ချက်
မရှီပါဘူး  "   

" တိတ်စမ်း မင်းအသံတောင်ငါမကြားချင်ဘူး  "

   ကျွန်တော် သောကကိုလျစ်လျူရှုကာ
ညီကိုပွေ့ချီပြီး ကားပေါ်တင်ကာ
အိမ်မြန်မြန်မောင်းခဲ့လိုက်သည်။ အိမ်ရောက်တော့ အိမ်တံခါး အပေါက်ဝမှာ စောင့်နေတဲ့ မိုးစက်က

" ကိုကို ဘာဖြစ်တာလဲ
လမင်းငယ် ဘာဖြစ်တာလဲ  "

    ကျွန်တော်ညီကိုပွေ့ချီတော့

" ကိုကို ကျွန်တော်ပွေ့ပါမယ်
ကျွန်တော်ကိုပေးပါ  "

     မိုးစက် ကျွန်တော်ဆီက ညီကိုဇွတ်အတင်း
ပွေ့ချီပြီး ခေါ်သွားသည်။ ရင်တုန်တာ
မပျောက်သေးတဲ့ကျွန်တော် နောက်ကနေလိုက်လာရုံသာ တက်နိုင်သည်။ အခန်းထဲရောက်တော့ မိုးစက်က

" ကိုကို ကျွန်တော်ဆရာဝန်ဆီဖုန်းဆက်လိုက်မယ်  "

  မိုးစက်စကားကြောင့် မထင်မိုးစက်ကို
အေးစက်စွာကြည့်မိသည်။

" ညီဘာဖြစ်လာတာလဲ
မိုးစက်သိလို့လား  "

" ဗျာ... "

" ဆရာဝန်ခေါ်မလို့ဆို
ညီဘာဖြစ်တာလဲ
သိလို့လားလို့  "

    ကိုကိုအမေး​ကို ပြန်မဖြေနိုင်အောင်
ဆွံအနေမိသည်။

လမင်းလေးရဲ့ ဥယျာဉ်မှူးWhere stories live. Discover now