အပိုင်း ၂

7.3K 461 6
                                    


အပိုင်း ၂

နှစ် ၂၀ ကြာသော်အခါ

"Daddy!... Mommy!
ကျွန်တော်ပုံစံ
ကြည့်ကောင်းလား  "

      မနက်စာ စားနေတဲ့ daddy နဲ့ Mommy ကို ကျွန်တော်ဝတ်ထားတဲ့ ပုံစံကိုပြလိုက်သည်

" သားမိုးစက်ကတက်ကြွနေပါ့လား "

" Mommy ကလည်း ကိုကိုနဲ့လမင်းငယ်
ပြန်လာမှာလေ ကျွန်တော်သွားကြိုရမှာ 
ကျွန်တော်လွမ်းနေပြီ ကိုကိုတို့ကို  "

       ကိုကိုအလယ်တန်းရောက်တော့ စင်ကာပူမှာ ကျောင်းသွားတက်မယ်ဆိုပြီး လမင်းငယ်ကိုပါ
ခေါ်သွားသည်။ ကျွန်တော်ကို ကိုကိုကလည်း မခေါ်သလို Mommy ကလည်း မလွှတ်ခဲ့ဘူး။ ဒီနေ့တော့ ကျွန်တော်မျှော်လင့်ခဲ့ရတဲ့ နေ့တစ်နေ့ရောက်ခဲ့ပြီ။ 
အဲ့တာကြောင့် မနက်စာတောင်
မစားပဲ လေယာဉ်ကွင်းကို ကြိုဖိုထွက်လာခဲ့သည်။ ဆယ်နာရီထိုးတော့ လေယာဉ်စိုက်ရောက်သံကြားရသည်။ ကျွန်တော် စိတ်လှုပ်ရှားပြီး ပျော်နေသည်။ ကိုကိုမျက်နှာကို အရမ်းတွေ့ချင်နေသည်။ ထွက်လာတဲ့သူတွေကို လိုက်ကြည့်ရတာလည်းအမော 
တွေ့ပါပြီ  ကျွန်တော်ရဲ့ကိုကိုအရမ်းလည်း ခန့်လာသလို ချောလည်းချောလာသည်။ ကျွန်တော်ခြေလှမ်းများကိုကိုဆီရာကိုလျှောက်လှမ်းရင် ရင်ခုန်လာသည်။

" ကိုကို  "

" မင်းက   "

" မိုးစက်လေကိုကိုရဲ့  
ကျွန်တော်ကို မမှတ်မိတော့ဘူးလား  "

ကိုကိုက ကျွန်တော်ကို တအံတသြကြည့်နေသည်။

" ကိုမိုး  "

       အသားဖြူုဖြူ ခန္ဓာကိုယ့်သေးသွယ်သွယ်လေးနဲ့ချစ်စရာကောင်းသောကောင်လေးက လမင်းငယ်လို့ အမည်တွင်တဲ့ ကျွန်တော်တို့ရဲ့ ချစ်ဆုံးညီငယ်လေးဖြစ်သည်။

" ငယ်လေး   "

   ကျွန်တော် လမင်းငယ်ကို
ဖက်ပြီး နှုတ်ဆက်လိုက်သည်။

" ငယ်လေးက အရမ်းချစ်စရာကောင်းလာတာပဲ"

" အပိုတွေပြောမနေနဲ့
လာကြိုတာမဟုတ်လားသွားရအောင်   "

နှုတ်ဆက်ရင်း ကိုကိုရဲ့တင်းမာတဲ့အသံကြောင့်

" ဟုတ်ကဲ့ ကိုနေ "

" ကိုမိုးကလည်း ဘာလို့ကိုနေလို့ခေါ်တာလဲ
ငယ်ငယ်တုန်းကလို့ ရင်းရင်းနှီးနှီး ကိုကိုလို့ခေါ်ပါ  "

" ငါက ခေါ်ချင်ပေမဲ့ ကိုနေက   "

      ကိုကိုကျွန်တော်တို့ကို ဘာမှမပြောပဲ ရှေ့က ထွက်သွားသည်။ ကျွန်တော်တို့လည်း နောက်က လိုက်လာပြီး ကားနောက်ဖုံးကိုဖွင့်ပြီး ခရီးဆောင်အိတ်တွေ ထားလိုက်ပြီး ကားရှေ့ခန်းမှာ ကားမောင်းဖို့ ထိုင်လိုက်တော့ ကိုကိုက လမင်းငယ်နဲ့ ကားအနောက်ခန်းမှာထိုင်သည်။ ကျွန်တော်
စိတ်မကောင်းပေမဲ့ အိမ်ကိုပဲရောက်အောင်
မောင်းလာခဲ့လိုက်သည်။  အိမ်ရောက်တာနဲ့ daddyနဲ့ Mommyကထွက်တွေ့သည်။
လမင်းငယ်က daddy နဲ့ Mommy ကိုဖက်ပြီးနှုတ်ဆက်သည်။ ကိုကိုကတော့ daddyကိုသာ
ဖက်ပြီးနှုတ်ဆက်သည်။

" Mommy နေကောင်းလား "

" ကောင်းပါတယ် သားကြီး  "

" သားကြီးကြိုက်တာ
daddyချက်ခိုင်းထားတယ်
ဗိုက်ဆာနေပြီလား  "

" ဆာတယ် daddy
အိမ်ထမင်းဟင်းအရမ်းစားချင်နေပြီ  "

    လမင်းငယ်ဗိုက်ဆာနေလို့ ကိုကိုလည်းပြုံးပြီး ခေါင်းညိတ်သည်။ လမင်းငယ်ကြောင့်  ကျွန်တော်လည်း

" Mommy အဆင့်သင့်ပြင်ခိုင်းလိုက်တော့လေ
ငယ်လေးဗိုက်ဆာနေပြီ "

" ကောင်းပါပြီ အိမ်ထဲဝင်ကျ
စားဖို့အဆင့်သင့်ဖြစ်နေပြီ  "

       ကိုကိုရယ် အေးစက်သွားလိုက်တာ ငယ်ငယ်ကလည်း ကိုကိုအေးတာသိပေမဲ့  ကျွန်တော်အပေါ်ကို
မအေးစက်ပါနဲ့  ကျွန်တော်ကလည်း ကိုကိုညီတစ်ယောက်ပါ လမင်းငယ်ကို ပြုံးပြတဲ့အပြုံးမျိုး ကျွန်တော်ကိုလည်း ပြုံးပြပါကိုကို

မိုးစက်

💒

လမင်းလေးရဲ့ ဥယျာဉ်မှူးWhere stories live. Discover now