အပိုင်း ၄၆

2K 199 20
                                    

အပိုင်း ၄၆

" မနက်ဖြန် ကုမ္ပဏီမှာရှယ်ယာရှင်
အစည်းအဝေးရှီတယ် မိုးစက် "

" Mommy လုပ်ရက်ကမှားနေတယ်  "

" မမှားဘူးမိုးစက် ကုမ္ပဏီရဲ့CEOနေရာမှာ
သားတာဝန်ယူပေးရင်ရပြီ မိုးစက်
Momny သားသာသူဌေးဖြစ်ရင် သားအရမ်းလိုချင်ပါတဲ့ဆိုတဲ့ နေမထင်ကိုရပြီ   "

  မိုးစက် Mommyကိုနားမလည်စွာကြည့်လိုက်သည်။
Mommyက တကယ်ပဲ ကိုကိုနဲ့သဘောတူမယ်ပေါ့

" တကယ်လား Mommy တကယ်ပဲသားသာ မနက်ဖြန် အစည်းအဝေးကိုတက်ရင် Mommyက ကိုကိုနဲ့ သဘောတူမှာလား  "

" အင်း အဲ့ဒါကြောင့် သားDaddyကိုအနားပေးပြီး ကုမ္ပဏီ သူဌေးနေရာကို သားယူလိုက်ပါ
အဲ့ဒါဆို သားဖြစ်ချင်တာဖြစ်ရပြီ  "

" တကယ်ပြောတာနော် Mommy "

" အင်း "

"  ကောင်းပါပြီ Mommy  "

🏢

    ဒီနေ့ ကုမ္ပဏီမှာ အရေးကြီးတဲ့ရှယ်ယာရှင်ပွဲ
ရှီတယ်  အဲ့ဒါကြောင့် သားနေမထင်ဆီက ရှယ်ယာကိုတောင်းဖို့သားကြီးအခန်းထဲဝင်တော့ သားကြီးအိပ်ရာမထသေးဘူး သားကြီးဆံပင်ကို
သပ်ပေးပြီးနှိုးလိုက်သည်

"သား နေမထင်. "

" Daddy  "

" သား နေမကောင်းဘူးလား 
အခုထိ ကုမ္ပဏီမသွားသေးဘူးလား "

  Daddyက သူ့အခန်းထဲရောက်နေတယ်
ဘာများအရေးကြီးလို့ပါလိမ့်
နေမထင် ထထိုင်ပြီး Daddyကို မေးလိုက်သည်။

" သွားမှာပါ Daddy  ကျွန်တော်ကို
ပြောစရာကိစ္စရှီလို့လား  "

" ဒီနေ့ ကုမ္ပဏီ ရှယ်ယာရှင်အများဆုံးကို
CEOအဖြစ်ခန့်အပ်မှာ Daddy နေရာမပျောက်ဖို့ သား ရှယ်ယာနဲ့မိုးစက်ရှယ်ယာလိုအပ်တယ်
မိုးစက်ရှယ်ယာကိုတော့ Daddy လိုမှတောင်းမယ်
မလိုအပ်ပဲ သူ့ရှယ်ယာကို Daddy ယူမသုံးချင်ဘူး သားကြီးရှယ်ယာပဲ Daddy ကိုပေးလိုက်ပါ  "

" Daddy ကျွန်တော်ရှယ်ယာမရှီတော့ဘူး
Mommy ကိုပေးလိုက်မိတယ် "

  ကျွန်တော်စကားကြောင့် Daddyမျက်နှာ
ပျက်သွားသည်။

လမင်းလေးရဲ့ ဥယျာဉ်မှူးWhere stories live. Discover now