အပိုင်း ၂၂

2.4K 197 8
                                    

အပိုင်း ၂၂

" ဘယ်လိုလဲ ဒီတိုက်ခန်းကြိုက်လား  "

ဒေါ်ချယ်ရီခေါ်ပြတဲ့ ကွန်ဒိုကိုကြည့်ပြီး
သောက သဘောကျပေမဲ့

" ဟုတ်ကဲ့ အဒေါ်  ဒါနဲ့ကျွန်တော်အရင်နေတဲ့
တိုက်ခန်းလည်းကောင်းပါတယ်
ဘာလို့တိုက်ခန်းအသစ်ဝယ်ပေးတာလဲ  "

" လမင်းငယ်နဲ့ တူလေး ချစ်သူဖြစ်နေပြီမဟုတ်လား  အဲ့ဒါဆိုခိုးပြေးဖို့ စီစဉ်တော့  ဒီတိုက်ခန်းမှာလာနေ နေမထင် ရှာမတွေ့စေရဘူး ပြီးရင် တူလေး
လမင်းငယ်ကို တစ်ရက်ပဲပေါင်းပေါင်း
နှစ်ရက်ပဲပေါင်းပေါင်း ကြိုက်သလိုလုပ်
လမင်းငယ် ဘဝပျက်စီးရင်ရပြီ    "

" ဗျာ! "

လမင်းငယ်ကတစ်ရက်ပေါင်းပြီး ပစ်ထားရမဲ့လူမှ
မဟုတ်တာ ရွှေပေါ်မြတင်သားတစ်ယောက်ကိုး
အဒေါ်ဘာတွေပြောနေပါလိမ့်

" ဘာလဲ သောကမလုပ်နိုင်ဘူးလား "

" ပြဿနာမတက်နိုင်ဘူးလား ဒေါ်လေး "

" ဘာပြဿနာတက်ရမှာလဲ
လမင်းငယ်ကမွေးစားသား
အိမ်မှာ မိုးစက်လောက်တောင် အသုံးမဝင်ဘူး "

" ဗျာ! "

" တဗျာဗျာနဲ့ ကြောင်မနေနဲ့
လုပ်မှာလားမလုပ်ဘူးလား "

" ဟုတ်ကဲ့ လုပ်ပါမယ် အဒေါ်
ကျွန်တော်လုပ်ပါမယ်  " 

" ကောင်းပြီလေ တကယ်လို့မတော်တဆ နေမထင် တွေ့သွားရင် အဒေါ်ခိုင်းတာဆိုတာ သူမသိစေနဲ့  "

" ဟုတ်ကဲ့   "

" ရော့ ဒီတိုက်ခန်းသော့  ဒီအပတ်အတွင်း
အစီအစဉ်စလိုက်တော့   "

" ဟုတ်ကဲ့   "

   အဒေါ်ဆီက တိုက်ခန်းသော့ကိုယူပြီး   သင်တန်းကြိုချိန်ရောက်လို့ သင်တန်းကို ထွက်လာတော့ သင်တန်းရှေ့မှာ အဆင့်သင့်စောင့်နေတဲ့  လမင်းငယ် ဒီကောင်လေးက အရမ်းစိတ်ကောင်းရှီတယ်
ဒီကောင်လေးကို ကျွန်တော် လက်ထပ်ပေါင်းသင်းမှာပါ ဒီကောင်လေးကို နေမထင်ဆီက
ဆွဲထုတ်ယုံကလွဲလို့
ဒီကလေးဘဝမထိခိုက်စေရပါဘူး

" Sorry အစ်ကိုနောက်ကျသွားတယ် "

" ရပါတယ် အစ်ကို  "

   လမင်းငယ် ကားပေါ်တက်တာနဲ ထိုင်နေကျ အအေးဆိုင်ကို ခေါ်လာခဲ့လိုက်သည်။  ဆိုင်ရောက်တာနဲ့လမင်းငယ် ကြိုက်တက်တဲ့ သံပုရာရည်ကို
မှာပေးလိုက်သည်။

" လမင်း အစ်ကို့ကိုချစ်လား  "

လမင်းငယ်ရှက်ပြီး အော်ငုံ့သွားကာဆိုသည်။
တကယ့်အရိုင်းကောင်လေးပဲ
ကျွန်တော်က သူအတွက် ပထမဆုံးကောင်လေးပဲ
ဖြစ်ရမယ်။

" ဗျာ...ကျွန်တော် အစ်ကို့ကိုသဘောကျပါတယ် "

  ချစ်တယ်လိုမဖြေပဲ သဘောကျရုံပဲတဲ့
ပစ္စည်းတစ်ခုကို သဘောကျသလိုမျိုးလား
ဘာပဲဖြစ်ဖြစ် လမင်းငယ်ကိုကျွန်တော်အပိုင်ယူမယ်

" အစ်ကိုက လမင်းကို အရမ်းချစ်တယ် "

" ဟုတ်ကဲ့   "

" ဘာလို့ ခေါင်းကို အောက်ကိုပဲ ငုံ့ထားတာလဲ
အစ်ကို မျက်နှာကိုလည်း ကြည့်ပါအုန်း  "

" ကျွန်တော်ရန်တွေတုန်လို့ပါ   "

  လမင်းငယ် ကျွန်တော်နဲ့ပတ်သတ်ပြီး
ရှက်နေတာပဲ 
ကျွန်တော်လည်း ကော်ဖီသောက်နေစဉ်

" ညီ ဒီမှာ ဘာလုပ်နေတာလဲ   "

ဟိန်းပြီး သြဇာညောင်းတဲ့အသံ ထွက်လာသည်။
ဒီအသံပိုင်ရှင်က တော်ဝင်မြန်မာရဲ့သားကြီး
ကိုနေမထင်။

" ကိုကို   "

" ဒါဘာလုပ်နေတာလဲ  "

"အအေးသောက်နေတာပါ  "

" လာကိုကိုနဲ့ ပြန်လိုက်ခဲ့  "

" ကိုနေမထင်. "

" မင်းဘာစကားမှမပြောနဲ့ စကားတစ်ခွန်းတောင်မထွက်နဲ့ မင်းအသံမကြားချင်ဘူး  "

  ဆောက်လုပ်ရေးစိုက်မှာ ကျွန်တော်နဲ့အတူ ပင်ပင်ပန်းပန်း အလုပ်လိုက်လုပ်ပေးတဲ့ မိုးစက်ကို အားနာတာကြောင့် အအေးတိုက်ဖို့အအေးဆိုင်ထဲဝင်တာနဲ့ ညီက driver ဆိုတဲ့ကောင်နဲ့ အအေးအတူသောက်နေတာ မြင်ပြီး အရမ်းဒေါသထွက်သွားသည်။ အဲ့ဒါကြောင့် ညီကို ခေါ်ပြီး အိမ်ပြန်လာခဲ့သည်။
အိမ်ရောက်တာနဲ့  ညီကို ကားပေါ်ကဆင်းခိုင်းပြီး

" ကျေးဇူးတင်ပါတယ် မိုးစက်
နောက်နေ့မှ အအေးတိုက်တော့မယ်  "

" ဟုတ်ကဲ့ ကိုကို  "

   ကိုကို လမင်းငယ်အပေါ် အရမ်းဒေါသထွက်နေသည်။ အအေးလေးထိုင်သောက်ယုံနဲ့ အဲ့လောက်ထိ ဒေါသထွက်စရာလိုလိုလား ဒီ Driver ကရော့ဘာကြောင့်အတင့်ရဲရတာလဲ ဒီ driverက ရိုးရောရိုးသားရဲ့လား 

🏢

လမင်းလေးရဲ့ ဥယျာဉ်မှူးWhere stories live. Discover now