အပိုင်း ၁

17.5K 659 13
                                    


အပိုင်း ၁

" သားလေး သားနေမထင် "

အဖေ ဦးထင်အောင်ကျော်ခေါ်သံကြောင့် ကျွန်တော်အိမ်ပေါ်က ဆင်းလာတော့ အမျိုးသမီးကြီးနဲ့ကလေးတစ်ယောက်ကိုတွေ့ရသည်။

" ဒါ သားလေးရဲ့မေမေသစ်ပဲ
ဒါလေးကသားညီလေး "

ကျွန်တော်က ငါးနှစ်သားအရွယ်ပဲရှီတာကြောင့် အမေသစ်ဆိုတာလည်း ကျွန်တော်နားမလည်သလို၂ နှစ်သားကလေးက ကျွန်တော်ညီဆိုတာလည်း လက်မခံချင်ဘူး။

" သူဌေး..သူဌေး "

" ဘာလဲ ဒေါ်မိုး "

" ခြံရှေ့မှာ ကလေးလေးတစ်ယောက်ကို
လာပစ်ထားသွားတယ် သူဌေး "

ဒေါ်မိုးခေါ်လာတဲ့ အူဝဲကလေးပေါက်စကို
အဖေကချီလိုက်သည်။ ကျွန်တော် ကလေးလေးကို ကြည့်လိုက်တော့ ချစ်စဖွယ်အပြုံးနဲ့ ပြုံးပြနေသည်။ ကလေးလေးကို သဘောကျပြီး
ကျွန်တော်ချစ်မိသွားသည်။

သို့ /

ကိုထင်အောင်ကျော် ရှင့်သူငယ်ချင်းကြောင့် ကျွန်မကလေးရခဲ့တယ် ဒီကလေးကို ရှင့်သူငယ်ချင်းဆီပေးလိုက်ပါ ကျွန်မအခြေအနေနဲ့ တာဝန်မယူနိုင်ဘူး

စာဖတ်ပြီးတော့ အဖေက

" ဟာကွာ ငါသူငယ်ချင်းက
သင်္ဘောလိုက်ရင်းနဲ့ ဆုံးသွားပြီးကို "

Daddyက သက်ပြင်းချစွာဆိုသည်။

" ဒီကလေးကို ဘယ်လိုလုပ်မလဲအစ်ကို "

" daddy သားသားချစ်တယ်
ဒီကလေးကို သားသားချစ်တယ် "

နေမထင် ကလေးကိုကြည့်တဲ့အကြည့်ကမခွာပဲ
ပြောလိုက်သည်။

" သားလေးက ဒီကလေးကိုချစ်တာလား "

သားလေးကိုတခြားကလေးကိုချစ်တာရှားသည်။
အခုတော့ ဒီကလေးကြောင့်
သားလေးမျက်နှာတောက်ပနေသည်။

" ဟုတ်ကဲ့ daddy "

" မဖြစ်ဘူးလေ ကျွန်မတို့မှာလည်း
ကလေးနှစ်ယောက်နဲ့ "

" ချယ်ရီ ကိုယ့်သားလေးကို စိတ်ချမ်းသာစေချင်တယ် ကိုယ့်မင်းကို လက်ထပ်တဲ့နေ့မှာ
သားလေးကိုလည်း စိတ်ချမ်းသာမှုပြန်ပေးချင်တယ် "

ကလေးလေးငိုနေတာလေးက ကျွန်တော်ရင်ကို တမျိုးလေးဖြစ်စေသည်။ ဒေါ်ချယ်ရီက
သူကလေးကို နို့တိုက်နေတာကြောင့်

" ကလေးကိုလည်း တိုက်ပါ "

" သားလေးနေမထင်က
ကလေးကို့နို့တိုက်ပေးစေချင်တာလား "

" ဟုတ် "

" အဲ့ဒါဆို အန်တီကို Mommyလိုခေါ်ရင်
နို့တိုက်ပေးမယ် "

" ခေါ်မယ် ကလေးကို အရင်နို့တိုက်ပါ Mommy "

ကလေးလေးကို နို့တိုက်ပေးတဲ့အခါတိုင်း ကျွန်တော် ဒေါ်ချယ်ရီကို Mommyလို့ ခေါ်ရသည်။

ကျွန်တော် ငါးနှစ်သားမှာပဲ မိထွေးရခဲ့သလို မိထွေးရဲ့သားက ကျွန်တော် ညီဖြစ်ခဲ့သလို ကျွန်တော်ဘဝရဲ့လမင်းငယ်လည်းရောက်လာခဲ့တယ် ဟုတ်ပါတယ်ကလေးလေးနာမည်က လမင်းငယ်လေးပါ။

💒 May 18 ,2020

Edit 20.7.2022

2022

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
လမင်းလေးရဲ့ ဥယျာဉ်မှူးWhere stories live. Discover now