အပိုင်း ၂၄

2.6K 201 9
                                    

အပိုင်း ၂၄

  Daddy နဲ့ ကိုကို စကားပြောပြီး daddy
မျက်နှာမကောင်းစွာနဲ့ ကိုကို အခန်းထဲက
ထွက်လာသည်။ ဘာဖြစ်တာလဲ ကိုကိုက ငယ်လေးအတွက်driver ငှားပေးတဲ့ daddy ကိုအပြစ်တင်ပြောဆိုလိုက်လို့လား ကျွန်တော်ချက်ခြင်းပဲ လမင်းငယ် အခန်းထဲကို လာတော့ လမင်းငယ်လေးအိပ်နေသည်။

" အငယ်လေး.. လမင်း "

" ဗျာ! ကိုမိုး "

  အိပ်နေတာမဟုတ်ပဲ မှေးနေတာထင်တယ်
ကျွန်တော်ခေါ်တော့တန်းထူး၏ ။

" ကိုယ်ဘာလုပ်ပေးရမလဲဟင် ဘာစားချင်လဲ
တစ်ခုခုစားပါ့လား ကိုယ်လုပ်ပေးမယ်လေ "

" ဘာမှမစားချင်ဘူး ကျွန်တော်အဆင်ပြေပါတယ် ဒါပေမဲ့ .."

" ဒါပေမဲ့ ဘာဖြစ်လဲပြောလေ "

" ကျွန်တော် ဒီညကောင်းကောင်းအိပ်ပျော်ချင်တယ် "

" ခဏစောင့်နော် "

   ကျွန်တော် လမင်းငယ်အတွက် ကွေကာဖျော်လိုက်ပြီး ခေါင်းကိုက်သက်သာတဲ့ ဆေးနဲ့အိပ်ဆေးယူလာလိုက်သည်။

" ငယ်လေး ကွေကာသောက်ပြီး ဆေးသောက်နော် "

"ဆေးပဲသောက်ပါမယ် ကိုမိုး "

"ဆေးပဲသောက်ရင် ငယ်လေးအစာအိမ်ထိလိမ့်မယ် ကိုမိုးဖျော်ထားတဲ့ ကွေကာလေးကို သောက်ပေးပါနော် ကိုမိုးလည်း ငယ်လေးအတွက် အစ်ကိုကောင်းဖြစ်ချင်လို့ ပါ "

   လမင်းငယ်လေးမျက်ရည်ကျလာပြီး ခေါင်းညိတ်သည်။ စိတ်ပျော့အားငယ်တက်တဲ့
ကလေးလေး အခုကိုကိုနဲ့ ကတောက်ကဆဖြစ်တော့
ပိုဆိုးသည်။

" ဟုတ်ကဲ့ ကိုမိုး "

   ကွေကာနဲ့ ဆေးကိုသောက်ပြီး လမင်းငယ်လေး အိပ်ရာပေါ်ပြန်လှဲအိပ်သည်။ ကျွန်တော်လမင်းငယ်ကို စောင်ခြုံပေးလိုက်သည်။

" ကိုမိုး အချစ်ဆိုတာဘာလဲ "

" အချစ်ဆိုတာချစ်နေဖို့ပဲလိုတယ်
ငယ်လေးကကချစ်တက်နေပြီလား "

" အချစ်ဆိုတာဘာလဲ ကျွန်တော်သေချာမသိပါဘူး အချစ်နဲ့ သံယောဇဉ်က ဘယ်ဟာပိုအရေးပါလဲ ကျွန်တော်မသိဘူး ကျွန်တော်သိတာက ကျွန်တော်ကြောင့် ကိုကိုတစ်ခုခုဖြစ်မှာကို အရမ်းကြောက်တယ် "

လမင်းလေးရဲ့ ဥယျာဉ်မှူးحيث تعيش القصص. اكتشف الآن