အပိုင်း ၅၅

2K 170 10
                                    


အပိုင်း ၅၅

" နေမထင်အတွက်အသဲအလှူရှင်ရပြီ
မနက်ဖြန် ဦးလေးတို့အသဲအစားထိုးရအောင် "

" အလှူရှင်က ဘယ်သူလဲ ဦးလေး "

ကိုကို အမေးကြောင့် အားလုံးတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကျသည်။ ကျွန်တော်ကပဲ

"ကိုခန့်ပါ ကိုကို "

" ကိုခန့်!...ခန့်မဟော်လား ညီ "

ကိုကိုအမေးကြောင့် ဦးလေးခေါင်းညိတ်ကာ

" ဟုတ်တယ် တူလေး သူသဘောတူကြည့်ဖြူစွာနဲ့
လှူတာပါ အခုသူတောင်ဆေးရုံတက်နေပြီ "

" ကျွန်တော် သူနဲ့ စကားပြောချင်တယ် "

" ကျွန်တော်သွားခေါ်ပေးမယ် ကိုကို "

ဆရာဝန်တွေထွက်သွားပြီး ကျွန်တော်ကိုခန့်အခန်းကိုသွားပြီး ကိုခန့်ကို ကိုကိုရှေ့ခေါ်လာပေးလိုက်သည်

" မိုးစက်နဲ့ ညီအပြင်ထွက်ပေးပါ
နှစ်ယောက်တည်းစကားပြောချင်တယ် "

ကိုကိုက ကိုခန့်အသဲကိုယူဖို့ ငြင်းချင်တာလား

" ကိုကို! "

" မိုးစက်အပြင်ထွက်ပေးပါ "

" ကိုခန့် ကိုကိုက.. "

ကိုခန့်အကြည့်ကြောင့် မိုးစက်ဆက်မပြော​တော့ပဲ

" သွားရအောင် ငယ်လေး "

ညီနဲ့ မိုးစက်အပြင်ထွက်သွားမှ
နေမထင်စကားစပြောလိုက်သည်။

"ဘာလို့ အဲ့လို့လုပ်တာလဲ "

" နေမထင်အားနာစရာမလိုပါဘူး "

" အားနာစရာမလိုဘူး ဟုတ်လား
ဒါက အသဲတစ်ခြမ်း..."

" မိုးစက်ကြောင့်ပါ ကျွန်တော်က နေမထင်ကို
အသဲတစ်ခြမ်းပေးရင် နေမထင်က မိုးစက်
အပြစ်အတွက် အပြည့်အဝခွင့်လွှတ်ပေးမလားလို့ပါ "

" ဒါကဆင်ခြေပဲ
"အဲ့ဒီအတွက်ဆို မပေးပါနဲ့
ကျွန်တော်ခွင့်လွှတ်ထားပြီးပါပြီ "

" နေမထင်..."

ခန့်မဟော် နေမထင်ရဲ့အေးဆက်ဆက်ကြည့်ခြင်းကိုခံရသည်။

လမင်းလေးရဲ့ ဥယျာဉ်မှူးWhere stories live. Discover now