အပိုင်း ၃၅

2.3K 216 29
                                    


အပိုင်း ၃၅

" မိုးစက်!  "

    မိုးစက်ပြေးထွက်သွားသည် ကျွန်တော်  မိုးစက်နောက်အမှီလိုက်ပြီး မိုးစက်လက်ကိုဆွဲလိုက်သည်။
မိုးစက်ဆီက ကားသော့ဆွဲယူလိုက်တော့

" ကိုကို  "

" ကိုယ်ရှင်းပြပါမယ် ကိုကိုရှင်းပြပါမယ်
ကလေးလေးရယ်  ကားပေါ်တက်   "

   လေသံအေးအေးနဲ့ ပြောဆိုနေတဲ့ ကိုကိုကြောင့်
မိုးစက်စိတ်တိမ်းညွှတ်ရလေပြီ

" ကျွန်တော်ကိုကားသော့ပြန်ပေးပါ ကျွန်တော်ကားကို ဒီဆိုင်ရှေ့မှာထားခဲ့လို့မဖြစ်ဖူးမှတ်လား   "

ကိုကို ကျွန်တော်ဆီ ကားသော့ပြန်ပေးပြီး

" အဲ့ဒါဆို ကိုကိုနောက်က လိုက်ခဲ့ပါ  "

    ကားပေါ်တက်ပြီး လူရှင်းတဲ့ ကန်တော်ကြီးကိုပဲ မောင်းလာလိုက်သည်။ မိုးစက်ကားနောက်က
လိုက်လာပြီး ကျွန်တော်ဆင်းတော့ သူပါကားပေါ်က
လိုက်ဆင်းသည်။

"မိုးစက်   "

" ကိုကို အစောန ကျွန်တော်ကြားလိုက်တာက
အမှန်တွေပဲ မဟုတ်လား Mommyက လမင်းငယ်ကို နှောက်ယှက်လို့ ကိုကိုက ကျွန်တော်ကို မန်နေဂျာရာထူးပေးပြီး ကုမ္ပဏီက ကိုကိုရှယ်ယာတွေ အကုန်Mommyကို ပေးလိုက်တာ မဟုတ်လား Mommy က လမင်းငယ်ကို ဘာလုပ်လိုက်တာလဲ ကိုကို့ကိုရော ဘယ်လောက်ထိ နှောက်ယှက်လိုက်တာလဲ ပြောပြပါ ကျွန်တော်ကိုပြောပါ ကိုကို   "

" စိတ်အေးအေးထားပါ စိတ်လျှော့ပါ 
ကိုယ်ပြောပါမယ် ဒေါ်ချယ်ရီက
 driverသောကကို  ညီရဲ့ချစ်သူအဖြစ်
ကြိုးစားခိုင်းပြီး  ညီဘဝကို ဖျတ်စီးခိုင်းတာ  "

" ဗျာ...အဲ့ဒါက "

" အဲ့ဒါကတကယ်ပါမိုးစက် "

" Mommy က ဆိုးလိုက်တာ Mommyက ...Mommyက ငယ်လေးအပေါ် ယုတ်မာလိုက်တာ  "

"  ဟုတ်တယ်  မိုးစက်မေမေက တော်တော်ဆိုးတယ်အစောန မိုးစက်ကြားပြီးပြီဆိုရင် ကိုယ်ထပ်ပြောမယ် လမင်းငယ်က ကိုကိုရဲ့ညီအရင်းမဟုတ်ဘူး
အဲ့ဒါကြောင့် ဒေါ်ချယ်ရီက လမင်းငယ်ကို
အသုံးချပြီး ကိုကို့ကို တိုက်ခိုက်ခဲ့တာ  "

  ကိုကိုရဲ့ညီအရင်းမဟုတ်ဘူးတဲ့လား
ဒါဆို ငယ်လေးပေါ်ထားတဲ့ ကိုကိုရဲ့အချစ်က
ဘယ်လိုအချစ်မျိုးလဲ

" ကျွန်တော်သိသွားပါပြီ ကိုကိုက လမင်းငယ်ကို
ဘာကြောင့်အရမ်းချစ်တာလဲ ကျွန်တော်သိသွားပြီ
အဲ့ဒါကြောင့် လမင်းငယ်ကို ကာကွယ်ဖို့ ကိုကိုက ကျွန်တော်ကို ချစ်ချင်ယောင်ဆောင်ခဲ့တာ
မဟုတ်လား ကိုကို ကျွန်တော်ကို မချစ်ဘူးမဟုတ်လား ကိုကိုအသက် ကိုကိုနှလုံးသားက လမင်းငယ်အတွက်ပဲ မဟုတ်လား  "

     ငိုယိုပြီးလှည့်ထွက်သွားတော့မဲ့ မိုးစက်လက်ကိုလှမ်းဆွဲလိုက်မိသည်။ ဒီကလေး ရင်ထဲနာကျင်မှာ
ကျွန်တော်ကြောက်တယ်

" မိုးစက်ပြောတာ ကိုကိုမငြင်းပါဘူး
ဟုတ်တယ် ကိုကိုအသက်ထက်မက လမင်းငယ်ကိုချစ်တာပါ လမင်းငယ်က ကိုကို့ကိုး သူအစ်ကိုအရင်းမဟုတ်မှန်း သိသွားမှာကိုး ကိုကိုသေမလောက် ကြောက်တယ် ကိုယ်က တစ်သက်လုံး ဖုန်းကွယ်ထားချင်ခဲ့တာပါ သူသိသွားတဲ့တစ်နေ့ ကိုယ်အပေါ်မှာ အနေစိမ်းသွားမှာ သွေးအေးသွားမှာကို
သေမလောက်ကြောက်တယ် 
ကိုကိုက လမင်းငယ်ကို အရိပ်တကြည့်ကြည့်
ကြည့်နေပြီး ဖြူစင်တဲ့ ချစ်ခြင်းတဲ့ ချစ်ခဲ့တာပါ
မိုးစက်ကိုကာဗာထားခဲ့တာ မှန်ပေမဲ့ မိုးစက်ကို
ကိုကိုသုံးချခဲ့တာ မဟုတ်ပါဘူး "

" ကိုကို အသုံးချလည်းရပါတယ် ဒါပေမဲ့ ကိုကိုက ကျွန်တော်ကို မချစ်ဘူး မုန်းနေခဲ့တာမဟုတ်လား
ချစ်တယ်ဆိုတဲ့ စကားကို ကိုကိုပြောတိုင်း ကျွန်တော်ဘယ်လောက်ဝမ်းသာရလဲ ကြည့်နှူးရလဲ ကိုကိုမသိပါဘူး ကိုကို ကျွန်တော်ခံစားချက်ကို ဂရုမစိုက်ခဲ့ပါဘူး "

" ချစ်တယ်လို့ စပြောကတည်းက လိမ်ညာခဲ့တာအမှန်ပါ ဒါပေမဲ့   မိုးစက်အပြုအမှုကြောင့်
ကိုကိုမိုးစက်ကို မုန်းလို့မရဘူး
ဒီစကားတစ်ခွန်းကိုတော့ ယုံကြည့်ပေးပါ "

" ကိုကို  "

   ကျွန်တော်ကိုကို့ကိုဖက်ထားလိုက်သည် ပတ်ဝန်းကျင်ကိုတောင် ဂရုမစိုက်ပဲ
ဖက်ထားလိုက်သည်။

" အဲ့ဒါဆို လုံလောက်ပါပြီ ကိုကို
ကျွန်တော်ယုံပါတယ် ကိုကို့ကိုကျွန်တော်ယုံတယ်  ကျွန်တော်ကိုကို့ကိုအရမ်းချစ်တယ်
အဆုံးအရှုံးမခံနိုင်ဘူး ကျွန်တော်ကိုမမုန်းပါနဲ့
ကိုကို  ကျွန်တော် ကိုကို့ကိုငယ်ငယ်ကတည်းက အရမ်းချစ်ခဲ့တာပါ  "

   ကျွန်တော်မိုးစက်ကို ပြန်ဖက်ထားလိုက်သည်။ ဖြူစင်တဲ့ ကလေးငယ်ရယ် ကိုကိုကြောင့်
ထပ်ပြီး မငိုပါနဲ့ မနာကျင်ပါနဲ့။

🍎

လမင်းလေးရဲ့ ဥယျာဉ်မှူးWhere stories live. Discover now