အပိုင်း ၁၁

3.1K 240 2
                                    

အပိုင်း ၁၁

ဒေါက်....ဒေါက်...ဒေါက်

" ဝင်ခဲ့ပါ "

ဝင်လာတဲ့သူကို ကျွန်တော်ကြည့်လိုက်တော့
အံသြသွားပြီး ထရပ်မိသည်။

" အစ်ကိုက ရတနာစံအိမ်ကုမ္ပဏီက
သူဌေးလေး မဟုတ်လား "

"ဟုတ်တယ် မင်းက မန်နေဂျာလား "

" အစ်ကိုအခန်းလွဲလာပြီ ကျွန်တော်က မန်နေဂျာ မဟုတ်သလို့ ဒါကမန်နေဂျာအခန်းလည်းမဟုတ်ပါဘူး မန်နေဂျာအခန်းကိုကျွန်တော်လိုက်ပို့မယ်လေ "

" ကိုယ့်က မိုးစက်ကို
မန်နေဂျာဖြစ်ပြီးလို့တောင်မှတ်နေတာ "

မိုးစက်အံသြသွားကာ ထိုသူကိုကြည့်လိုက်သည်။

" ကျွန်တော်နာမည်ကို ဘယ်လိုသိလဲ "

" စုံစမ်းထားတာပါ ပြီးခဲ့တဲ့လက လမ်းမှာ မူးနေတဲ့ သွေးတိုးရောဂါသည် အဘွားကြီးကို မိုးစက်ကူညီဖူးတယ် မဟုတ်လား
အဲ့ဒါအစ်ကိုအဘွားပါ "

" အော် ဟုတ်ကဲ့ "

" ကို ... "

" မဟော်ပါ ခန့်မဟော် "

"ဟုတ်ကဲ့ ကျွန်တော်နောက်က လိုက်ခဲ့ပါ "

ကျွန်တော် သူဌေးကို ကိုကိုအခန်းထဲ ခေါ်လာလိုက်သည်။ ကိုကိုက သူဌေးကို ဆိုဖာပေါ်မှာ ထိုင်ခိုင်းပြီး ကိုကိုလည်း ဆိုဖာပေါ်မှာ
လာထိုင်သည်။အတွင်းရေးမှူးကို ကော်ဖီဖျော်ခိုင်းမယ် လုပ်တော့ ကျွန်တော်ကပဲ ဖျော်လိုက်မယ်လို့ ပြောလိုက်သည်။

" ရတနာစံအိမ် ကုမ္ပဏီက သူဌေးက ကျွန်တော်ဆီ လာတာဆိုတော့ ဘာအကြောင်းအရာများ ပြောချင်လို့လဲ "

" မြို့ပြင်က မြေကွက် လေလံပြိုင်ဆွဲမဲ့ကိစ္စမှာ တစ်ခြားစီးပွားရှင်က ကျွန်တော်တို့ ကုမ္ပဏီက ပါဝင်ပြီး လေလံဆွဲမယ်ပြောတော့ အကုန်နောက်ဆုတ်သွားကျတယ် အခု တော်ဝင်မြန်မာ ကုမ္ပဏီပဲ ကျွန်တော် ကုမ္ပဏီနဲ့ အပြိုင်ဆွဲမှာ အဲ့ဒါကြောင့် ကျွန်တော်က လာအသိပေးတာပါ "

" အသိပေးစရာမလိုပါဘူး လေလံစာရင်းအတိအကျကို ကျွန်တော်သိပြီးပါပြီ "

စကားပြောနေရင်း မိုးစက် ကော်ဖီလာချပေးလို့ တဖတ်က သူဌေးက ကော်ဖီကို အရသာခံသောက်နေသည်။ မိုးစက်က ဆိုဖာပေါ်မှာ ထိုင်လိုက်သည်။ ကော်ဖီတစ်ခွက်လုံးကို ကုန်အောင်သောက်ပြီးမှ

" ကျွန်တော်ပြောချင်တာက တခြားကုမ္ပဏီတွေလို မန်နေဂျာကလည်း လေလံမဆွဲစေချင်ဘူး နောက်ဆုတ်ပေးစေချင်တယ် "

" ဟား ဟားဟား အော် နာမည်အကြီးဆုံး ရတနာစံအိမ်ရဲ့ သူဌေးလေးက ဒီလို အသုံးမကျတဲ့ စိတ်ဓာတ်ရှီနေပါ့လား တခြားစီပွားရေးရှင်တွေ ဘာလို လေလံမဆွဲပဲ နောက်ဆုတ်သွားကျတာလည်း ကျွန်တော်သိချင်နေခဲ့တာ လက်စသတ်တော့ ခင်ဗျားကြောင့်ကိုး "

" ကျွန်တော်ကို ဘယ်သူမှ မပျက်ရယ်ဖူးဘူး သူတို့နောက်ဆုတ်သွားလောက်အောင် ကြောက်လောက်အောင် ကျွန်တော်က ..."

" ဘာလဲ ခင်ဗျားက အဆိပ်ပြင်းတယ် အငြိုးကြီးတယ် ပြောချင်တာလား ကျွန်တော် ဘာကိုမှ မကြောက်တက်ဘူး ပြန်ပါတော့ စီးပွားရေးသမားက မှန်ကန်တဲ့ လမ်းစဉ်ကိုပဲ လိုက်သင့်တယ် "

ကိုခန့်မဟော် စိတ်ဆိုးဆိုးနဲ့ အခန်းပြင်ထွက်သွားတော့ ကျွန်တော် နောက်ကလိုက်ကာ

" ကိုခန့်!..ကိုခန့် "

ကိုခန့်မဟော်ရပ်လိုက်ပြီး
ကျွန်တော်ကိုကြည့်သည်။

" အစ်ကို့ကို ဘယ်လို ခေါ်လိုက်တာလဲ "

" ကိုခန့် ကျွန်တော် တောင်းပန်ပါတယ် "

" ဘာလို့ တောင်းပန်ပါတာလဲ မှားတာက
မိုးစက်မှ မဟုတ်တာ "

"မန်နေဂျာကလည်း မမှားပါဘူး ကိုခန့် အဲ့ဒါကြောင့် လေလံပွံမှာ ကိုခန့်နိုင်ရင်လည်း ကျွန်တော်တို့ ပျော်မှာပါ ကျွန်တော်တို့နိုင်ခဲ့ရင်လည်း အငြိုးမထားပဲ လက်ခံပေးစေချင်တယ် "

" ကိုယ့်က စိတ်ထားကောင်းပြီး ကိုယ့်အဖွားကို ကူညီဖူးတဲ့ကျေးဇူးရှင် မိုးစက်ပေါ်ကို
အငြိုးမထားရက်ပါဘူး မကြောက်ပါနဲ့ မိုးစက် ကိုယ့်နဲထိပ်တိုက်ရင်ဆိုင်ရမဲ့သူက မိုးစက်မဟုတ်ဘူး
နေမထင် မန်နေဂျာနေမထင်ပဲ "

ဟုတ်တယ် နေမထင် ငါဘယ်လိုကောင်မျိူးလဲ မင်းမသိလို့ ငါကိုလှောင်ရယ်လိုက်တာလား စီးပွားရေး လောကမှာ ငါအကြောင်းကို မသိသူမရှီသလို့ ငါကို လှောင်ရယ်ဖို့နေနေသာသာ လေသံမာမာနဲ့ ဘယ်သူမှ မပြောရဲဘူး

ခန့်မဟော်

လမင်းလေးရဲ့ ဥယျာဉ်မှူးWhere stories live. Discover now