အပိုင်း ၃၉

2.1K 205 15
                                    

အပိုင်း ၃၉

   မိုးစက်ကို ဧည့်ခန်းထဲမှာစောင့်နေမိသည်။
ဧည့်ခန်းထဲမှာ စောင့်နေလို့  ၁၅မိနစ်တောင်မကြာသေးဘူးမိုးစက်ရောက်လာသည် မိုးစက် ကျွန်တော်ကိုတွေ့တွေ့ချင်း

" ခင်ဗျား ကျွန်တော်အမေနဲ့ပေါင်းပြီး
ငယ်လေးကို ဘာလုပ်မလို့လဲ   "

" ခင်ဗျားတဲ့လား မိုးစက် ကိုယ့်ကယုတ်မာတဲ့သူ မဟုတ်ဘူး မိုးစက်ဘာတွေထင်နေတာလဲ
လမင်းငယ် ကိုယ့်ကားရှေ့ရုတ်တရက်ပြေးလာပြီး
လန့်ပြီးမေ့လဲသွားလို့ ကိုယ့်အိမ်ခေါ်လာတာ  "

"ငယ်လေး ...ငယ်လေးဘယ်မှာလဲ  "

   တုန်ရင်နေတဲ့ မိုးစက်ခန္ဓာကိုယ့်ကို လှမ်းဆွဲလိုက်ပြီး
ဖက်ထားလိုက်သည်။

"တောင်းပန်ပါတယ်...ကျွန်တော်တောင်းပန်ပါတယ် ကိုခန့် ကျွန်တော်ရူးသွားတယ်ထင်တယ် "

" မိုးစက်စိတ်ကို ကိုနားလည်ပါတယ် မိုးစက်
နေမထင်အချစ်ကို လိုချင်လို့ ပျာယာခတ်နေတာ ကိုယ့်သိပါတယ်  တဖတ်သတ်အချစ်က ဘယ်လောက်ပူလောင်လဲ ကိုယ့်ကောင်းကောင်းကြီး သိနေပါတယ် အဲ့ဒါကြောင့် နေမထင်ကို
အလွှတ်ပေးလိုက်ပါတော့ "

" ဟင့်အင်း ဘာလို့အလွှတ်ပေးရမှာလဲ
ကိုကိုက ကျွန်တော်ကို ချစ်တယ် ကိုခန့်သာ ကျွန်တော်ကို လွှတ်ပေးလိုက်ပါ  "

" နေမထင် မိုးစက်ကိုတကယ် ချစ်တယ်လို့ယုံနေတာလား လမင်းငယ် တစ်ယောက်လုံး ရှီတာကို
မိုးစက်ကို ယူမယ်လို့ထင်နေလား ကိုယ့်ကို လက်ထပ်ပါကွာ ကိုယ့်မိုးစက်ကို စိတ်ချမ်းသာအောင်ထားပါမယ် "

    မိုးစက် ကျွန်တော်ဖက်ထားတာကိုရုန်းပြီး

" လက်မထပ်နိုင်ဘူး ဘာလို့လက်ထပ်ရမှာလဲ ကျွန်တော်ကိုကို့ကို ကျွန်တော် အသက်ထက်မက
ချစ်တာ ကိုကို့ကိုပဲ သေတဲ့အထိချစ်မှာ
လမင်းငယ် ဘယ်မှာလဲ  "

" သူမနိုးသေးဘူး သူကြည့်ရတာ တစ်ခုခုကို
စိတ်ဖိစီးနေသလိုပဲ ကိုယ့်အိမ်မှာ နားချင်တယ်ပြောလို့ ကိုယ့်အိပ်ခိုင်းလိုက်တာ. "

" ဟင့်အင်း နားလို့မရဘူး ကိုကိုနေမကောင်းဘူး လမင်းငယ်ကို နှိုးပြီး ကိုကိုနားပို့ရမယ် "

လမင်းလေးရဲ့ ဥယျာဉ်မှူးWhere stories live. Discover now