အပိုင်း ၆၀

2.2K 175 6
                                    

အပိုင်း ၆၀

   ကိုကိုသတိမေ့နေတာ နှစ်ပတ်ပြည့်တော့မည်ဖြစ်သည်။
ငယ်လေးကျန်းမာရေးလည်း အခြေအနေဆိုးလာပြီ အောက်စီဂျင် တပ်ထားရပြီး ကုတင်ပေါ်မှာ လှဲနေတဲ့ ငယ်လေး လက်ကိုကိုင်ပြီး ကျွန်တော်ရင်ပူနေရပြီ

" မိုးစက် ...."

" ကိုခန့် "

   ခန့်မဟော် တွေ့တွေ့ချင်း
အားငယ်တဲ့မျက်ဝန်းနဲ့ ကြည့်နေသော
ကလေးလေးကို ဖက်ထားလိုက်သည်။ 

" ကိုကိုမနိုးသေးဘူး
ငယ်လေးကလည်း နေမကောင်းဘူး  "

   ကျွန်တော်ဖက်ထားရာကနေခွါပြီး ယုန်ဖြူလေးလက်ကို ကိုင်လိုက်သည်  ယုန်ဖြူလေး မျက်စိပွင့်လာပြီး ကျွန်တော်ကို ပြုံးပြသည်။ ပြီးတော့ ယုန်ဖြူလေး အော်စီဂျင်အုပ်ကာဖယ်ကာ

" နေကောင်းသွားပြီလား ကိုခန့်   "

" အစ်ကိုနေကောင်းသွားပြီး ယုန်ဖြူလေးက
အစ်ကိုစကားနားမထောင်ဘူးပဲ ဆေးမသောက်ဘူးလား  "

" ကိုကိုက မနိုးတော့ဘူးထင်တယ် ကျွန်တော်လည်း နိုးမလာတဲ့ ကိုကို့ကိုအပြစ်မတင်တော့ပါဘူး
အဆင့်သင့်ပဲ ပြင်ထားတယ်  "

  ငယ်လေးစကားကြောင့် နှစ်ယောက်သား
လန့်သွားကာ

" ဘာတွေလျှောက်ပြောနေတာလဲ
ဘာအဆင့်သင့်ပြင်ထားတာလဲ   "

" ကိုကိုနောက်လိုက်မလို့  "

" ယုန်ဖြူလေး အဲ့လိုမပြောပါနဲ့  ခွဲစိတ်မှုအောင်မြင်ထားတာပဲ နေမထင်နိုးလာမယ်လို့အစ်ကိုယုံကြည့်တယ်   "

    ကျွန်တော်ယုန်ဖြူလေးကို အောက်စီဂျင်ပြန်တပ်ပေးလိုက်သည် ယုန်ဖြူလေး အိပ်ပျော်အောင်
ဝိုင်းဝိုင်းရဲ့ ဖြေသိမ့်လိုက် သီချင်းကိုဆိုပြီး ယုန်ဖြူလေးကို သိပ်လိုက်သည်။  

" ငယ်လေးအိပ်ပျော်သွားပြီ   "

ကျွန်တော်မိုးစက်ရဲ့မျက်ရည်တွေကို သုတ်ပေးကာ

" မငိုပါနဲ့ နေမထင်နိုးလာမှာပါ  "

" နှစ်ပတ်ပြည့်တော့မယ်လေ ကိုခန့်  "

" နှစ်ပတ်ပြည့်တော့ဘာဖြစ်လဲ စိတ်ပင်ပန်းလို့
အိပ်နေတာ အိပ်ပါစေ။  အနားယူလို့ဝရင် ပြန်နိုးလာမှာပါ ကျိန်းသေပေါက် နိုးလာပေါက် ယုံကြည့်ချက်ထားရအောင်နော် မိုးစက်    "

လမင်းလေးရဲ့ ဥယျာဉ်မှူးWhere stories live. Discover now