အပိုင်း ၂၅
မနက်မိုးလင်းလင်းချင်း မျက်စီနှစ်လုံး ဖွင့်တာနဲ့ မြင်တွေ့ရတဲ့ ကိုကို..အိပ်နေတဲ့ကျွန်တော်ကို ဘယ်ချိန်ကတည်းက လာကြည့်နေတာလဲ ကိုကိုလက်ထဲမှာလည်း မျက်နှာသုတ်ပုဝါ ကိုင်ထားတယ်
" နိုးပြီလားညီ "
" တကယ် ကိုကိုလား "
ကျွန်တော်ကိုပြုံးပြပြီး ပါးကိုလိမ်ဆွဲကာ
" တကယ်ကိုကိုပေါ့ သွားတိုက်ဖို့သွားတိုက်ဆေးတစ်ခါတည်း ညှစ်ထည့်ခဲ့တယ် မနက်စာစားဖို့ စားပွဲပေါ်မှာလည်း မနက်စာ အဆင့်သင့် ကိုကိုယူထားပေးတယ် အောက်ဆင်းစားစရာ မလိုတော့ဘူး "
ကျွန်တော် ကိုကို့ကိုဖက်လိုက်ကာ
" ကျွန်တော်ကို စိတ်ဆိုးနေတယ်မှတ်နေတာ "
"ကိုကို စိတ်မဆိုးပါဘူး ကိုကိုက ညီမရှီရင်
မနေတက်ဘူး အဲဒါကြောင့် ညီတစ်ခြားလူတစ်ယောက်ကို ချစ်သွားပြီး ကိုကိုဘေးနားက
ထွက်ခွာသွားမှာကို ကိုကိုအရမ်းကြောက်တယ် "" ကိုကိုနားကနေ ကျွန်တော်ဘယ်မှမသွားပါဘူး ကိုကို "
"ဒါပေမဲ့ ညီကအရွယ်ရောက်နေပြီ ညီဆီမှာ အချစ်ရှီလာတာ ကိုကိုအပြစ်မတင်ပါဘူး ညီက တကယ်လို့သူကို ကိုကိုထက်ပိုချစ်သွားလို့ သူနဲ့အတူနေချင်တယ်ဆိုရင် ကိုကို့ကို အချိန်ပေးပါ သူက လူကောင်း
ညီကို တကယ်ချစ်တာဆိုရင် ညီနဲ့အဲဒီကောင်လေး နှစ်ယောက်လုံးကို တာဝန်ယူပြီး ကိုယ်ခေါ်ထားမှာပါ
အဲ့ဒါကြောင့် ညီ စိတ်ညစ်ပြီး ကိုကိုနားကနေ
ဘယ်မှ ထွက်မသွားရဘူးနော် "ကိုကိုစကားကြောင့် လမင်းငယ်ပျော်ရမဲ့အစား
ဝမ်းနည်းသွားသည်။"ကိုကိုထက်ပိုချစ်ရမဲ့သူ မရှီသေးပါဘူးကိုကို
ညီကသဘောကျရုံလေးကျမိတာပါ အဲ့ဒီအတွက်မစိုးရိမ့်ပါနဲ့ ကိုကို ..ကိုကိုကိုထားပြီးထွက်သွားရလောက်အောင် ညီချစ်တဲ့သူ မရှီသေးပါဘူး "" အဲ့ဒါဆို ကိုကိုညီလေး စိတ်မညစ်နဲ့တော့နော် မနေ့ညက ကိုကိုကြမ်းတမ်းသွားလို့ ကိုကိုညီ ငိုထားတာ မျက်လုံးတွေဖောင်းကားနေပြီ လန်းသွားအောင်ရေတစ်ခါတည်းချိုးလိုက် ပြီးတော့ ကိုကိုနဲ့အတူ
မနက်စာ စားမယ်နော် "
YOU ARE READING
လမင်းလေးရဲ့ ဥယျာဉ်မှူး
General Fictionပထမဆုံးဖန်တီးထားတဲ့ မြန်မာ BL Fic ကိုအားပေးကျပါအုန်းနော် လိုအပ်ချက်တွေများနေပေမဲ့ ချစ်ခင်မှုနဲ့ ဖတ်ပေးကျပါနော်