အပိုင်း ၂၀

2.6K 205 7
                                    

အပိုင်း ၂၀

  ဒီနေ့လစာထုတ်ရက်မို့လို့  လမင်းငယ်ကို
သောကဆိုင်မှာ မုန့်လိုက်ဝယ်ကျွေးလိုက်သည်။

" ဘာလို့ သူငယ်ချင်းတွေပါ
ခေါ်မလာတာလဲ
ငယ်လေး "

" အစ်ကိုနဲ့ နှစ်ယောက်တည်း ဆိုင်ထိုင်ချင်လို့  "

   နှစ်ယောက်တည်းဆိုင်ထိုင်ချင်လိုတဲ့လား
ဒီကလေးကို ကျွန်တော်ဖွင့်ပြောဖို့အချိန်ကောင်းပဲ။
ဒီလောက်ကောင်းတဲ့အခွင့်အရေးကို
လက်လွတ်မခံနိုင်ဘူး။

" အစ်ကိုလည်း ငယ်လေးကို စကားပြောစရာရှိတယ်  ငယ်လေး အစ်ကို့ကို ရွံရှာသွားမှာလည်းကြောက်တယ်  "

"ဘာစကားမို့လို့လဲ "

"လမင်းငယ်ရွံရှာသွားစေမဲ့စကား "

" ကျွန်တော်ရွံရှာသွားမဲ့စကား
ဟုတ်လား "

  စိတ်ဝင်စားစွာမေးလာတဲ့ ကလေးလေး
ဒါအချိန်ကောင်းပဲ

" အင်း ငယ်လေးကြိုက်မှာမဟုတ်ဘူး "

" ကျွန်တော်မကြိုက်တဲ့စကား
ရပါတယ် အစ်ကိုပြောပါ
အစ်ကိုဘာပြောပြော
ကျွန်တော် ကြိုက်ပါတယ်   "

" ငယ်လေးကို ချစ်တယ်  "

အဟွတ်..ဟွတ်
  
   တည့်တိုးပြောလိုက်တဲ့အစ်ကိုကြောင့် လမင်းငယ် အအေးတောင်သီးသွားသည်။ အစ်ကိုကတီရှုးယူပြီး ကျွန်တော်နှုတ်ခမ်းကို သုတ်ပေးရင်း

" ယောက်ကျားချင်းပြောခံရလို့ ကိုယ့်ကိုရွံသွားပြီလား   ကိုယ့်ကိုရော့ အခြောက်လို့ထင်သွားပြီလား ငယ်လေးလည်းယောက်ကျား အစ်ကိုလည်းယောက်ကျားမှန်းသိပေမဲ့ အစ်ကိုစိတ်တွေ
ထိန်းချုပ်လို့မရအောင် ငယ်လေးကို ချစ်နေမိပြီ
ငယ်လေးဆီက မဖြေပြန်မရလည်းရပါတယ်
အစ်ကိုငယ်လေးကို ချစ်တာ သိစေချင်ယုံပြောလိုက်တာပါ "

" ကျွန်တော်.."

" အရမ်းစိတ်ဆိုးသွားလား "

" ဟင့်အင်းအစ်ကို ကျွန်တော်စိတ်မဆိုးပါဘူး
ရွံလည်းမရွံပါဘူး ကျွန်တော်လည်း
အစ်ကို့ကို သဘောကျပါတယ်   "

  လမင်းငယ်စကားကြောင့် သောကပြုံးမိသည်။

" ငယ်လေးက အစ်ကို့ကိုသဘောကျတယ်
ဟုတ်လား ဘယ်တုန်းကလဲ  "

လမင်းလေးရဲ့ ဥယျာဉ်မှူးDonde viven las historias. Descúbrelo ahora