အပိုင်း ၅၄

1.9K 163 8
                                    

အပိုင်း ၅၄

" ဟားဟား  ဟား  "

   ဘီးလူးရုပ်အတိုင်းပြင်ဆင်လာပြီး ကိုကိုရှေ့ရောက်လာတဲ့ မိုးစက်ကြောင့် ကိုကိုရယ်မောနေသည်။

" ဒီလူသား
ဒသဂီရိ ဘီလူးကို မကြောက်ပဲ
လှောင်ပြောင်ရဲတယ် "

  မိုးစက်ပြောတော့ကိုကိုပြုံးသည်။

"ကျွန်တော်မျက်နှာက ဘီလူးနဲ့တူလား ကိုကို "

" အင်းတူတယ်တူတယ် "

  တူတယ်သာဆိုတာ အရယ်မပျက်တဲ့ကိုကို
ဒီလိုပြုံးရယ်နေတာကို မြင်ချင်ခဲ့တာ

" ကိုကို ကျွန်တော်ကဒသဂီရိဘီလူးနော် "

" ကိုကိုကတော့ မယ်သီတာ မဟုတ်ဘူးနော်  "

" အဲ့ဒါဆို မယ်သီတာက ငယ်လေးပေါ့
ဟုတ်လား ကိုကို  "

  ကျွန်တော်စကားပြောမှားသွားချေပြီ
ကိုကိုမျက်နှာတန်းညိုးသွားသည်။

" မိုးစက်  ဒီအကြောင်းမစပါနဲ့တော့  "

   ကိုမိုးကကိုကိုရှေ့ထိုင်လိုက်ပြီး 

" ကိုကို့ကို ကျွန်တော်ကစိတ်ညစ်စေချင်လို့
မဟုတ်ပါဘူး ကိုကိုစိတ်မညစ်နဲ့နော်  "

" အင်း ကြည့်ပါအုန်း မျက်နှာမှာ လိမ်းချယ်ထားတာ တကယ်ဘီးလူးရုပ်ပဲ  မျက်နှားဖုံးစွပ်ရင်ရတာကိုး  "

" ဟီးဟီး  ကိုကို့ကိုပျော်စေချင်လို့ပါ
ကိုကိုပျော်တယ်မှတ်လား "

   ကိုကိုခေါင်းညိတ်ပြီး အသဲနေရာကိုဖိပြီး
မျက်နှာရှုံမဲ့သွားသည်။

"ကိုကို ကိုကိုနာလို့လားဟင်  "

   ကိုကိုခေါင်းညိတ်ပြပြီး ကုတင်ပေါ်မှာလှဲသွားသည်ငယ်လေးက ချက်ခြင်းပဲ ဆရာဝန်ပြေးခေါ်သည် ဆရာဝန်ဆေးထိုးပေးမှ ကိုကိုအိပ်ပျော်သွားသည်။

" စိတ်မပူပါနဲ့ အခု သွေးပေါင်ကျနေလို့ခွဲစိတ်လို့မရသေးပေမဲ့  သောကြာနေ့ကျရင်ခွဲစိတ်ဖြစ်အောင် ခွဲစိတ်မှာပါ နေမထင်ကို သားငယ်လေး
ပြောပြီးပြီလား "

ငယ်လေး ခေါင်းရမ်းသည်။

"  ခန့်မဟော်ကတော့ အခုကတည်းက ဆေးရုံတက်နေပြီနော် သားတို့ သွားတွေ့လိုက်အုန်း
ဘေးခန်းမှာပဲ  "

လမင်းလေးရဲ့ ဥယျာဉ်မှူးWhere stories live. Discover now