အပိုင်း ၃

5.5K 380 4
                                    


အပိုင်း ၃

  မနေ့က ကိုကိုနဲ့စကားသိပ်မပြောရပေမဲ့ ဒီနေ့တော့ မနက်စာကို မိသားစု စုံစုံလင်လင် စားရလို့ ပျော်သည်။  

" သားကြီးက Daddyကုမ္ပဏီမှာ
အလုပ်ဝင်တော့မယ် မဟုတ်လား "

" ဟုတ်ကဲ့ daddy ကျွန်တော်တို့ကုမ္ပဏီ အဆင့်မြင်အိပ်ရာ တိုက်တွေဆောက်ပေမဲ့ လုံးချင်းအိပ်တော့မဆောက်သေးဘူး မဟုတ်လား
ကျွန်တော်မှာ လုံးချင်းအိပ်ရာနဲ့ ပတ်သတ်တဲ့
ဒဇိုင်းတွေပါတယ်   "

" သားကြီးက တော်တော်လေ့လာထားတာပဲ အဖေအားကိုးရပြီပေါ့ ကုမ္ပဏီမှာ သားလတ်က အခုဆို တော်တော်အားကိုးနေရပြီ သားလတ်တင်ထားတဲ့ မြေနေရာ အဆောက်အဦး ဒဇိုင်းတွေကလည်း တော်တော်မိုက်တယ်  "

" ဟုတ်ကဲ့   "

     daddy ကျွန်တော်ကို ချီးမွန်းပေမဲ့ ကိုကိုက ဟုတ်ကဲ့တစ်လုံးပဲဖြေသည်။ 
ကျွန်တော်ကိုကြည့်တောင်မကြည့်ဘူး

" သားကြီးကို မန်နေဂျာရာထူးပေးမယ်ဆို
သားငယ်ကိုတော့ အောက်ခြေဝန်ထမ်းက
စခိုင်းသင့်တယ်  "

ဒေါ်ချယ်ရီစကားကြောင့်
နေမထင်စိတ်တိုသွားမိသည်။

" Mommy ဘာပြောလိုက်တာလဲ
  ညီကိုအလုပ်ခိုင်းဖို့ ရည်ရွယ်ချက်မရှီဘူး  "

" ကိုကို ကျွန်တော်လည်း အလုပ်လုပ်ချင်တယ် "

" တိတ်တိတ်နေစမ်း လမင်းငယ်  "

  ကိုကို ကျွန်တော်ကို ညီလိုပဲ အမြဲ ခေါ်တက်တာပါ ကျွန်တော်ကို စိတ်ဆိုးတဲ့အချိန်ပဲ နာမည်ခေါ်တက်တာ  ကျွန်တော်ဘာမှားသွားလို့လဲကိုကို 

" ညီကြိုက်တဲ့သင်တန်း ကြိုက်သလိုတက်လိမ့်မယ် daddy ကျွန်တော် daddyကုမ္ပဏီ အတွက် အလုပ်ကြိုးစားပေးမယ် daddy ထားတဲ့နေရာမှာနေမယ် ညီကိုတော့ ဘာအလုပ်မှ မခိုင်းပါနဲ့
ညီနေချင်သလို နေပါစေ  "

" ပညာတွေသင်ပေးထားတာ
သူနေချင်သလိုနေဖို့မဟုတ်ဘူး သားကြီး  "

" တော်တော့ Mommy  ကျွန်တော်နားမထောင်ချင်ဘူး ညီကဒီအိမ်ရဲ့ အငယ်ဆုံးသားအနေနဲ့အလိုလိုက်မခံရချင်နေပါစေ 
အတင်းအကျပ်တော့ ညီအပေါ်မခိုင်းစေနဲ့ ကျွန်တော်မကြိုက်ဘူး   "

" သားကြီး! "

" ညီ သွားရအောင်  "

      ကိုကို လမင်းငယ်လက်ကိုဆွဲကာအိမ်အပေါ်ထပ်ခေါ်သွားသည်။ ကိုကိုရဲ့စိတ်ပူခြင်းတွေကလမင်းငယ်အတွက်ပဲ ရှီတာလားကိုကို

" ကျွန်တော်ကုမ္ပဏီ အရင်သွားနှင်မယ်daddy  "

" သားမိုးစက်ကားက "

" ကျွန်တော် Taxi နဲ့ သွားလိုက်ပါမယ်
ကားကို ကိုကိုစီးဖို့ထားခဲ့လိုက်မယ်  "

   မိုးစက်အလိုက်သိလို့ ဦးထင်အောင်ကျော်ပြုံးကာ
ခေါင်းညိတ်လိုက်သည်။

" အင်း သား   "

မိုးစက်ထွက်သွားတာနဲ့ ချယ်ရီက

" ကျွန်မသားက Taxi နဲ့ သွားရမှာလား "

"  သားကြီးအတွက် ကိုယ်ကားဝယ်ပေးမှာပါ
သားကြီးကားရတာနဲ့ မိုးစက် Taxi နဲ့ သွားစရာမလိုတော့ပါဘူး  "

" သားကြီးကို အလိုလိုက်တာ ကျွန်မမပြောလိုပါဘူး သားကြီးက ရှင့်သားပဲ ဘာမှသွေးမတော်သားမစပ်တဲ့ လမင်းငယ်ကို  ဒီအရွယ်ထိ ပညာသင်ပေးရ တော်ရော့ပေါ့  အလုပ်မခိုင်းပဲ အေးဆေးနေခိုင်းရအုန်းမှာလား "

" ချယ်ရီ စကားကိုဆင်ခြင်ပြောပါ ဒီစကားသာ သားကြီးကြားသွားရင်မကောင်းဘူး ပြီးတော့ မင်း လမင်းငယ်ကို မနှစ်မြို့လည်း နှစ်မြို့ချင်ယောင်ဟန်ဆောင်ပါ မင်းက ဟန်ဆောင်ကောင်းတာပဲ  အဖြစ်အမှန်တွေကို လမင်းငယ် သိတဲ့နေ့ ငါ သားကြီးကို ဆုံးရှုံးရလိမ့်မယ် ငါသားကြီးကို အဆုံးအရှုံးမခံနိုင်ဘူး  "

" ရှင်တို့သားအဖက အတ္တတော်တော်ကြီးတာပဲ  "

" တော်တော့ ချယ်ရီ   ငါကုမ္ပဏီသွားအုန်းမယ်  "

      ဦးထင်အောင်ကျော် ရှင်အတ္တတော်တော်ကြီးတာပဲ ရှင်ကျွန်မကိုသာ လက်ထပ်ခဲ့ပေမဲ့
ရှင်းသွေးသားရင်း တစ်ယောက်ကလွဲပြီး
ရှင်ဘယ်သူမှ မမြင်ဖူးပဲ ကျွန်မသားမိုးစက်ကတော့ ရှင်ကို Daddy ဆိုပြီး ချစ်နေရတာ 
မိုးစက်ကို ရှင်ပစ်ပယ်တဲ့နေ့ ရှင်လည်း
နေမထင်ကိုဆုံးရှုံးရမယ်

🏫

လမင်းလေးရဲ့ ဥယျာဉ်မှူးWhere stories live. Discover now