အပိုင်း ၂၉

2.9K 220 20
                                    

အပိုင်း  ၂၉

" ငါလည်းမင်းကို ချစ်တယ် " တဲ့လားကိုကိုက သေချာပေါက် အဲ့လိုပြောခဲ့တယ် ကျွန်တော်အတွက် အိမ်မက်ဆိုရင်တောင် ကျေနပ်တယ်  တကယ်လို့ဟန်ဆောင်ပြောဆိုတာဆိုလည်း ကျေနပ်တယ်
ကိုကိုပါးစပ်က ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းက ကျွန်တော်ကို ချည်နှောင်ထားသလို ခံစားရတယ် ဘယ်တော့မှ ကိုကိုအနားက ထွက်မသွားဘူး
ကော်လိုပဲကပ်နေတော့မယ်

" ချစ်တယ်  "တဲ့လား ကိုကို ကျွန်တော် ပျော်လိုက်တာ

" မန်နေဂျာ ဘာတွေတွေးပြီး ပြုံးနေတာလဲ "

   ရုံးခန်းထဲရောက်ထိတိုင် အလုပ်တွေ စိတ်မဝင်စားအားပဲ ကိုကိုပြောလိုက်သည့်ကို ခဏခဏနှလုံးသားထဲမှာ ပြန်ကြားယောင်မိပြီး နားထောင်နေမိသည်။ အခန်းထဲ ကိုသက်ဝေဝင်လာတာတောင် မသိလိုက်မိဘူး 

"ကိုသက်ဝေ  "

" ကျွန်တော်တံခါးခေါက်ပြီး ဝင်ခဲ့ပါတယ်
မိုးစက် မန်နေဂျာဖြစ်သွားတာ ဂုဏ်ပြုပါတယ်   "

" ဟုတ်ကဲ့  လက်ထဲကပန်းစည်းက  "

" ရတနာစံအိမ်က သူဌေးလေးပို့ပေးတာပါ
မိုးစက်အတွက် "

   ကိုသက်ဝေဆီက ပန်းစည်းကို လှမ်းယူရင် ချိတ်ဆွဲထားတဲ့ကဒ်က စာကိုဖတ်လိုက်မှ သေချာပြီ ကိုခန့်ပို့ပေးတာပဲ ကိုခန့်ဘယ်လိုသိတာလဲ သတင်းထွက်တာ အဲ့လောက်မြန်လား 

တီ တီ တီ

ဖုန်းနံပတ်ကြည့်လိုက်တော့ကိုခန့်မဟော်

" ကိုခန့်    "

"မိုးစက် ကိုယ့်မင်းအတွက် ဂုဏ်ယူပါတယ် မန်နေဂျာရာထူးရတဲ့အတွက် ကိုယ့်ကမိုးစက်ကို ဂုဏ်ပြုညစာကျွေးချင်တယ်    "

" ကိုခန့် ကျွန်တော် မပျော်ဘူး  ဒီရာထူးရတဲ့အတွက် ကျွန်တော်မပျော်ဖူး အဲ့ဒါကြောင့် ဂုဏ်ပြုညစာစားပွဲကို ငြင်းပါရစေ   "

" ကိုယ်ခေါ်ရင် မငြင်းပါနဲ့ မိုးစက်   "

"ကိုခန့်    "

" ကိုယ်ခေါ်ရင် မငြင်းပါဘူးလို့
ကတိပြုထားတာ မေ့သွားပြီလား  "

လမင်းလေးရဲ့ ဥယျာဉ်မှူးWhere stories live. Discover now