အပိုင်း ၅၈

2K 163 9
                                    


အပိုင်း ၅၈

    ကိုခန့်ကအခြေအနေကောင်းပြီး
နေပြန်ကောင်းလာလိုဆေးရုံက ဆင်းရတော့မယ် ကိုကိုက အခုထိ သတိမရသေးလို့ ငယ်လေးရော့ ကျွန်တော်ပါ စိတ်ပူနေတာထက်ပိုပြီး ရူးချင်မိသည်။
ကိုကိုအသက်အတွက်လည်း စိုးရိမ်နေမိသည်။

" ဦးလေး ကိုကိုအခြေအနေက  "

   ကိုကို့ကိုစမ်းသပ်တိုင်း စိတ်ပူစွာမးနေကျ
ဦးလေးလည်း ဖြေနေကျအတိုင်း

" အားလုံးပုံမှန်ပါပဲ အခြေအနေကောင်းပါတယ် "

" အဲ့ဒါဆို ဘာလို့သတိမရသေးတာလဲ
ဘယ်နှရက်တောင်ရှီနေပြီလဲ  "

" သားမိုးစက် အစိုးရိမ်မလွန်ပါနဲ့ 
သတိရလာမှာပါ ဦးလေးလည်း အခြေအနေအားလုံးကောင်းရဲ့သားနဲ့ ဘာလို့သတိမရလာသေးလဲ
နားမလည်ဘူး ဧကန္တ သားနေမထင်ရဲ့စိတ်က  ..."

"ဟင့်အင်း  ကိုကိုလက်မလျှော့ဘူး
ကျွန်တော်သိတယ် ကိုကိုက
ငယ်လေးအတွက် အားတင်းထားမှာ "

" သိပ်စိတ်မလှုပ်ရှားပါနဲ့  ခွဲစိတ်တာအောင်မြင်ခဲ့တာပဲ မိုးစက် စိတ်တည်ငြိမ်မှ သားငယ်လေးကို
အားပေးနိုင်မှာလေ  "

" ဘယ်လိုအားပေးရမှာလဲ အစာလည်းမဝင်ဘူး
ဆေးလည်း ပုံမှန်မသောက်လို့ အခုအိပ်ရာထဲလဲပြီး ဆေးသွင်းနေရပြီ မဟုတ်လား ငယ်လေးဘဝမှာ ကိုကိုမရှီလို့မဖြစ်ဘူး  "

      တကယ်တော့ ငယ်လေးအတွက်ဆိုတာထက် ကျွန်တော်ဘဝမှာလည်း ကိုကိုမရှီရင် အသက်ရှင်သန်နိုင်ပါ့မလား

"မိုးစက်. "

    ဦးလေးခေါ်တာကို ဥပေက္ခာပြုပြီး ဆေးရုံ ဝရန်တာဘက် ထွက်လာပြီး ထောင့်တစ်နေရာမှာ
ထိုင်ပြီး ငိုချလိုက်သည်။ ငိုနေတုန်း ကျွန်တော်ပုခုံးကို လာဖက်တဲ့ လက်တစ်စုံ

" ကိုခန့်  "

" မငိုပါနဲ့  နေမထင် ပြန်နိုးလာမှာပါ
မိုးစက်နဲ့ လမင်းငယ်ရဲ့အချစ်ကြောင့်
ပြန်နိုးလာမှာပါ  "

" ကျွန်တော်အပြစ်တွေအတွက် ကိုကို့ကို
ဘာမှမပေးဆပ်ရသေးဘူး။ ကိုကိုခွင့်လွှတ်မှုကို
မရသေးဘူး... ကျွန်တော် ကိုကို့ကိုမတောင်းပန်ရသေးဘူး  "

လမင်းလေးရဲ့ ဥယျာဉ်မှူးWhere stories live. Discover now