Vol 4🐉62🐉မြွေဘုရင်

Start from the beginning
                                    

အခုနလေးတင် စပါးအုံးမြွေရဲ့ ပါးစပ်ကနေ လွတ်မြောက်လာခဲ့ရာ အခု အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်ကို ထပ်တွေ့ရပြန်တော့ စိတ်အခြေအနေက မကောင်းချင်တော့ပါ။ ဒါက နေရာတိုင်းကို လက်လွှတ်စပယ်နဲ့ ခိုးဝင်မသွားဖို့ ပိုသတိထားဖို့ ကိုယ့်ကိုကိုယ် ပြန်သတိပေးလိုက်သလိုပါပဲ။

စပါးအုံးမြွေနှင့် ထိပ်တိုက်တွေ့သော တိုက်ပွဲတွင် ရှင်သန်ရန် အခွင့်အလမ်း ရှိပါသေးသည်။ သူက လူတွေကို မနှိုးဆော်ပါဘူး။ ဒီလို ခြိမ်းချောက်တဲ့ အမူအရာမျိုး လုပ်လိုက်တာက ရန်သူကိုပေးတဲ့ ၎င်းရဲ့ သတိပေးချက်ပဲ။ ဒီနေရာက သူ့ရဲ့ အသိုက်ဖြစ်နိုင်သည်။

ဒီမှာ လုံးဝ နေလို့ မဖြစ်တော့တဲ့အတွက် ဝူရှဲ့ ဖက်တီးတို့ကို ရန်လိုတဲ့အမူအရာတွေ မလုပ်ဖို့နဲ့ ဖြည်းညင်းစွာ ထွက်သွားဖို့ လက်ကို လက်ပြလိုက်သည်။ အားနင်က မီးရှူးမီးပန်းတွေကို ဆွဲထုတ်ပြီး လက်နက်အဖြစ် အသုံးပြုဖို့ ဝူရှဲ့ကို ပေးလိုက်၏။

"လိန်ဝမ်ဟုန်" က ရုတ်တရက် တိုက်ခိုက်မှုကို စတင်လိုက်တဲ့အခါ လက်နဲ့ တားဆီးဖို့ မလိုအောင် မီးရှူးမီးပန်းတွေကို သူ့ရှေ့မှာ ထားလိုက်သည်။ သူတို့သည် အက်ကြောင်းကြားကနေ ဂရုတစိုက်နဲ့ တစ်ယောက်ချင်းစီ ထွက်လိုက်သည်။ ဝူရှဲ့အလှည့် ရောက်တဲ့အခါ နောက်ဆုံးတော့ သက်ပြင်းတစ်ချက်ချရင်း ခေါင်းကို လှည့်ကြည့်လိုက်တော့ အထဲမှာက မြွေကို မမြင်နိုင်တော့လောက်အောင် မှောင်နေပြီ။

ထိုနေရာမှ ရေထဲသို့ ဆင်းပြီးနောက် ဆူဖြိုးသော ဖက်တီးသည် ရေတံခွန် အပြင်ဘက်သို့ ရောက်ရန် မီးခွက်ကို ကြိမ်ဖန်များစွာ ထွန်းညှိပြီးမှ ခပ်တိုးတိုးလေး ဆိုလာသည်။

"မြွေကြီး သွားပြီ လုံခြုံပြီ..."

ထိုအခါမှ လူတိုင်းလည်း သက်ပြင်းချနိုင်ခဲ့သည်။ ဖက်တီး တွဲလာတဲ့ ဖန့်ကျစ်ကို ကြည့်လိုက်တော့ ဖန့်ကျစ်ရဲ့ လက်တစ်ဖက်က အားလျော့ပြီး ပြုတ်ကျနေသည်။ ဒဏ်ရာက မသက်သာပေမယ့် မသေနိုင်​သေးပါဘူး။ သူတို့အချင်းချင်း တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ရှိုက်ကြီးတငင် ရယ်မောလိုက်ကြသည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now