Vol 4🐉52🐉ဒုတိယမိုး (၂)

Mulai dari awal
                                    

"မင်းဘာလုပ်နေတာလဲ? ဖင်ယားနေတာလား?"

ဖက်တီးက မျက်မှောင်ကြုတ်ပြီး “ဘာဖြစ်နေမှန်းကို မသိဘူး... ဒါပေမဲ့ ငါ့တင်ပါးက ရုတ်တရက် ယားလာသလိုပဲ!"

ဝူရှဲ့ သူ့အား စကားအနည်းငယ် ပြောခါနီးတွင် တင်ပါးနှင့် နောက်ကျောက သည်းမခံနိုင်လောက်အောင် ယားယံသလို ဖြစ်လာသည်။ ဝူရှဲ့ ခြေထောက်တွေကို အလျင်စလို ကွေးပြီး လက်နဲ့ ဆုပ်ကိုင်ဖို့ ကြိုးစားလိုက်ချိန် တစ်ခုခု မှားနေသလို ခံစားလိုက်ရရာ အလန့်တကြား ခုန်ချလိုက်မိသည်။

"ပိုးကောင်တွေ!"

အားလုံး မတ်တပ်ထရပ်လိုက်ကြသည်။ ဝူရှဲ့မှာ တင်ပါးကို ကုတ်ရင်း သူတို့မိုးခိုခဲ့တဲ့ သစ်ပင်ကို ကြည့်လိုက်​တဲ့အခါ မျက်နှာတွေက အစိမ်းရောင် ပြောင်းသွားတော့သည်။ လက်သည်းသေးသေးလေးရဲ့ တစ်ဝက်လောက်သာ ရှိတဲ့ ပိုးကောင်တွေဟာ အပင်ရဲ့ ပင်စည်တွေကို ထူထပ်စွာ ဖုံးအုပ်ထားတာကို တွေ့လိုက်ရသည်။ တင်ပါးပေါ်က သူတို့ကို ပုတ်ထုတ်တာတောင် ပုတ်ထုတ်လို့ မရချေ။

“သောက်ကျိုးနည်း! "

ဖက်တီးက ထဆဲလိုက်၏။ သူတို့ ခြေထောက်များနဲ့ နင်းချေတာတောင် အကျိုးသက်ရောက်မှုမရှိပေ။ ဒါနဲ့ပဲ ဖက်တီးနဲ့ ဝူရှဲ့တို့ခမျာ တင်ပါးတွေက ဒုက္ခရောက်နေပြီမို့ မိုးရေထဲ ပြေးဝင်ပြီး မိုးရေတွေနဲ့ စိုသွားအောင် လုပ်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ချေ။ မိုးအေးအေးက ဘောင်းဘီထဲကို စိမ့်ဝင်သွားတော့ ယားယံတာက နည်းနည်း သက်သာသွားသလို ခံစားလိုက်ရသည်။

ဒါပေမဲ့ ယားယံပြီးရင်း ယားယံလာရာ အဆိပ်ဖြစ်မယ်ထင်ပြီး စိတ်ထဲမှ ကျိန်ဆဲပစ်လိုက်သည်။ ဒီအချိန်မှာ တခြားလူတွေအားလုံးလည်း သစ်ပင်အောက်က လွတ်မြောက်လာကြပြီး ရုတ်တရက် မိုးရေထဲ စကားမပြောနိုင်ကြတော့ချေ။

သူတို့ နောက်ထပ် အကိုင်းအခက်တွေအောက် တိုးဝင်ကြရသည်။ နောက်ဆုံး မိုးအနည်းငယ်ပဲကျတဲ့ အကိုင်းအခက် အနည်းငယ် ထူထပ်သော သစ်ပင်အောက်ကို ရောက်သွားခဲ့သည်။ ဒါပေမဲ့ သူတို့ငါးယောက်လုံး ဝင်ဖို့မလုံလောက်ဘူး။ အဆုံးမှာတော့ ဝူရှဲ့နဲ့ အားနင်မှာ သူတို့ဆီကနေ တွန်းထည့်ခံလိုက်ရ၏။ တခြားသူတွေက သူတို့ရဲ့ ခေါင်းတွေကို ရေစိုခံအ၀တ်နဲ့ အုပ်ထားတာကြောင့် အနည်းငယ် သက်သာကြသည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Tempat cerita menjadi hidup. Temukan sekarang