၈၆၃။ သားရဲမြို့တော်မှ ဧည့်သည်များ (၂)

Start from the beginning
                                    

ရှုံးဘဆိုသူက သူ့နာမည်နှင့် အစစ်အမှန် လိုက်ဖက်သူ ဖြစ်သည်။ မြားတစ်ချောင်းလို ဖြောင့်မတ်သူ ဖြစ်ပြီး စိုးမိုးခြယ်လှယ်တတ်ပြီး ကြမ်းတမ်းသူလည်း ဖြစ်သည်။ ခန်းမသခင် လေးယောက်တွင် သူက အလွန် စိတ်မြန်သူ ဖြစ်ပြီး ဆက်ဆံရ ခက်သူလည်း ဖြစ်သည်။ ရှုံးဘက သူ့အား ကြည့်လိုက်သည်နှင့် ဂျန်းယင်လောင်က ချွေးအေးများ ထွက်လာတော့သည်။

ရှုံးဘက ဂျန်းယင်းလောင်ကို မျက်မှောင်ကြုတ်လျက် စူးစူးရဲရဲ ကြည့်လိုက်သည်။ ထို့နောက် သူ၏ နက်ရှိုင်းသော အသံက ဟိန်းထွက်လာလေ၏။

ငါတို့ သခင်မလေး ဒဏ်ရာရသွားတယ်လို့ သတင်းကြားထားတယ်၊ သူမရဲ့ လက်ရှိ အခြေအနေက ဘယ်လိုလဲ။

ဂျန်းယင်းလောင် နှလုံးခုန် မြန်သွားသည်။ သူ ချက်ချင်း ပြန်ဖြေလိုက်သည် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့....... ခန်းမသခင်ကို အထဲ အရင် ဝင်ရောက်ဖို့ ဖိတ်မံပါရစေ၊ ကျနော် ဖြည်းဖြည်းချင်း ပြောပြပါ့မယ်။

ရှုံးဘ၏ အသံက နောက်တစ်ကြိမ် ဟိန်းထွက်လာပြန်သည် မလိုအပ်ဘဲ အကျယ်ချဲ့မနေနဲ့၊ ငါ ဒီလာရတဲ့ အကြောင်းပြချက်က သခင်မလေး လုံခြုံစိတ်ချရသလား ဆိုတာ သေချာ သိရဖို့ပဲ၊ တခြားဟာတွေ ငါ့ လာပြောမနေနဲ့၊ မင်းပြောရမှာက သခင်မလေးရဲ့ အခြေအနေက ဆိုးရွားနေသလား ဒါမှမဟုတ် တည်ငြိမ်သွားပြီလားဆိုတာပဲ။

စစ်တံခွန်ကျောင်းတော်၏ ဆရာတစ်ယောက်ဖြစ်သဖြင့် သူ ဒီလိုမျိုး ပစ်ပစ်ခါခါ အပြောမခံရဖူးပေ။ ရှုံးဘ၏ စကားလုံးများက သူ့အား လေးစားမှုကိုလည်း မပြသသလို မျက်နှာပျက်မှာကိုလည်း မထောက်ထားပေ။ သို့သော် သူ ရှုံးဘနှင့် ဖက်ပြိုင်လို့ မရကြောင်း ကောင်းကောင်းသိသဖြင့် မလုံမလဲဖြင့် ပြောလိုက်သည်....

လင်းယွဲ့ရဲ့ အခြေအနေက မတိုးတက်သေးပါဘူး၊ ရန်တိုင်းပြည်ဘုရင်ကြီးက အကျော်အမော်သမားတော်တွေကို ဒီမှာ ပို့လွှတ်ထားပါတယ်၊ နန်းတွင်းသမားတော်တွေကိုတောင် ဒီကို စေလွှတ်ထားပါတယ်၊ ဒါပေမဲ့ လင်းယွဲ့ရဲ့ ဒဏ်ရာက ကြီးကျယ်လွန်းလို့, အတော်လေး ကူကယ်ရာ မဲ့သလို ခံစားနေကြရပါတယ်။

ရှုံးဘ၏ မျက်လုံးများ အမျက်သည်းသွားသဖြင့် ပြူးကျယ်လာသည်။ သူက ဂျန်းယင်းလောင်၏ ရှေ့ဘက် အင်္ကျီစကို ဆွဲကိုင်၍ ပြောလိုက်သည် ငါတို့ သခင်မလေးကို စစ်တံခွန်ကျောင်းတော်မှာ ထားခဲ့တုန်းက, သူမ ပြည့်ပြည့်ဝဝ ကောင်းကောင်းမွန်မွန်ပဲ၊ သူမက အစပိုင်းမှာ ဒီနှစ် လိပ်ပြာတိုက်ပွဲကို မပါဝင်ချင်ခဲ့ဘူး၊ ဒါပေမဲ့ မင်းတို့ရဲ့ ကျောင်းအုပ်ကြီးက ထပ်တလဲလဲ မြို့တော်သခင်ဆီမှာ တောင်းဆိုခဲ့တယ်၊ အခု မင်းတို့က သူမကို လိပ်ပြာတိုက်ပွဲမှာ ဒဏ်ရာ ရစေခဲ့ပြီပေါ့၊ ငါတို့ သခင်မလေး ဒဏ်ရာရထားတာ ရက်အတော်တောင် ကြာနေပြီ၊ မင်းတို့ အမှိုက်ကောင် အုပ်စုက သူမကို ကုစားဖို့ မစွမ်းဆောင်နိုင်ကြဘူးလား၊ မင်းတို့တွေ....

ရှုံးဘက ဒေါသထွက်လွန်းသဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။ သူ့မျက်လုံးများ သွေးရောင်လွှမ်းသွားသည်။ နောက်ဘက်တွင် ရပ်နေသော လူငယ်က ရှုံးဘက ဂျန်းယင်းလောင်အား ဆုပ်ဖြဲမလို ဖြစ်နေတာကို မြင်သဖြင့် ချက်ချင်း ရှေ့တက်လာပြီး အလျင်စလို ပြောလိုက်သည် ခန်းမသခင် ရှုံး... ခင်ဗျား အရင်ဆုံး ဆရာဂျန်းကို လွှတ်လိုက်ပါဗျာ၊ အခု ကျနော်တို့ သခင်မလေးရဲ့ အခြေအနေကသာ ပထမဦးစားပေး ဖြစ်ပါတယ်၊ ဖြစ်တာက ဖြစ်ပြီးသွားပြီပဲ၊ ခင်ဗျား ဒီနေရာမှာ ဆက်အချိန်ဖြုန်းနေရင်, ဒီအခြေအနေကို ကူညီရာ ရောက်မှာ မဟုတ်ဘူး၊ ကျနော်တို့ အရင်ဆုံး သခင်မလေးရဲ့ အခြေအနေကို ဆရာဖန်ကို ဦးဆောင်စေပြီး သွားကြည့်လိုက်ရင် ပို မကောင်းဘူးလား။

ရှုံးဘ၏ မျက်ခုံးများ တွန့်တက်သွားသည်။ သူ သတိပြန်ကပ်သွားပြီး ခဏလောက် စဉ်းစားလိုက်သည်။ သူက နောက်ဆုံးတွင် နှာခေါင်းရှုံ့လျက် ဆုပ်ကိုင်ထားတာကို လွှတ်ပေးလိုက်သည်။

ရန်တိုင်းပြည်နဲ့ စစ်တံခွန်ကျောင်းတော်က စွမ်းရည် မလုံလောက်ဘူးဆိုမှတော့ ဒီကိစ္စကို ငါတို့ ထောင်ချီသားရဲ မြို့တော်ကိုပဲ ဖြေရှင်းဖို့ လက်လွှဲလိုက်တော့ပေါ့။

Genius Doctor: Black Belly Miss by North Night

Translator: Han Thar Nyein

ပါရမီရှင်သမားတော်(၂)Where stories live. Discover now