၃၇၅။ "ကောင်းကင်ဘုံစမ်းရေ - ၁"

613 58 1
                                    

၃၇၅။ ကောင်းကင်ဘုံစမ်းရေ - ၁

ဂျန်ဝုရှီ၏ အလွန်အမင်း ရက်ရောမှုဖြင့် သူတို့ကို ဆင်ယင်ပေးပြီးကတည်းက အရှေ့ဖက်ဝင်းသည် ရုတ်တရက် ပြာပုံထဲမှ ထိုးထွက်လာပုံရပြီး ရွှန်းရွှန်းစားစား ခံ့ညားတောက်ပလာသည်။ ဟောင်းနွမ်းစုတ်ခြာနေသည့် အဆောက်အဦများနှင့် ပြိုကျပျက်စီးနေသည့် အဆောက်အဦများက လုံးဝ အသစ်တဖန် ဖြစ်သွားသည်။ ခြံဝန်းထဲတွင် ရေကန်လေးက တောင်အသေးစားလေးများ ချောက်ကမ်းပါးအသေးစားများဖြင့် အံကိုက်ဖြစ်နေပြီး အဆောက်အဦတစ်ခုလုံး၏ ကြမ်းခင်းများကို ကြွေပြားများဖြင့် ခင်းကျင်းထားသည်။

အဝေးမှ ကြည့်လျှင်, ဖီးနစ်ကျောင်းတော်၏ ပြိုကျနေသည့် အဆောက်အဦများကြားတွင် အရှေ့ဖက်ဝင်းက ဆန့်ကျင်ဖက်အားဖြင့် နေကြာပန်းလို စွင့်စွင့်ကားကား တောက်ပနေပြီး လူတိုင်းကို အာရုံစိုက်မိစေသည်။

ဂျန်ဝုရှီ၏ ဝိညာဉ်စွမ်းအားက အရှိန်အဟုန်မြင့်မားစွာ တိုးတက်လာခဲ့သည်။ လိမ္မော်ရောင် အထွတ်အထိပ်နားသို့ ကပ်လုလု ဖြစ်နေလေပြီ။

သို့သော် သူမက နောက်တစ်ဆင့်သို့ ချိုးဖျက်တက်ရောက်ဖို့ ခက်ခဲနေဆဲပင်။

နောက်တစ်ဆင့်သို့ တက်ဖို့ရာက တခြားသူများ၏ ဝိညာဉ်များကို ဝါးမျိုမှ ဖြစ်နိုင်မည်။

ဂျန်ဝုရှီက ဂျန်ဝုယောင်း သူမအား ပေးထားသည့် ဝိညာဉ်အကျဉ်းထောင်ကို လက်ထဲမှာ ကိုင်ထားရင်း အတွေးများဖြင့် နစ်မြောနေသည်။

သူမ သန်မာဖို့ လိုသည်။

လောလောဆယ် သူမ၏ စွမ်းအားတိုးတက်ပုံအရ, တခြားသူများ၏ လက်စွပ်ဝိညာဉ်များကို ဝါးမျိုခြင်းက လူသတ်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

ဂျန်ဝုရှီ မျက်ခုံးများ ပင့်မိသွားသည်။ သူမက သတ်ဖြတ်ဖို့ မကြောက်ရွံ့ပေ။ သို့သော် ဘာ့ကြောင့် အပြစ်မဲ့သူများကို သတ်ဖြတ်ရမည်နည်း။

ထိုစဉ် ယန်ဘူဂွေ့က ဂျန်ဝုရှီ၏ တံခါးကို ခေါက်လာသည်။ သူမက ထ၍ တံခါးဖွင့်ပေးသည်။

ပြီးခဲ့သည့် တစ်လလုံးလုံး ယန်ဘူဂွေ့က ပေါ်လာခဲသည်။ သို့သော် အခါအားလျော်စွာ ကြာကန်ဘေးနားသို့ ရောက်လာပြီး ဆီးနှင်းကြာပန်းလေး အခြေအနေကို ကြည့်တတ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now