၇၁၉။ ခွဲခွာရသော နာကျင်မှု

304 39 1
                                    

၇၁၉။ ခွဲခွာရသော နာကျင်မှု

ဂျန်ဝုရှီနှင့် တခြားလူများ ထွက်ခွာလာခဲ့ပြီးနောက် ယဲ့ရှက စောင့်ကြပ်ကြည့်ရှုဖို့ ကျောင်းတော်မှာ ကျန်ရစ်ခဲ့သည်။ ဂုယင်နှင့် နင်ရူ၏ စကားပြောဆိုချက်ကို ကြားရချိန်မှာ ၎င်းသတင်းကို ဂျန်ဝုရှီအား ပြောပြရန် ချန်လင်းမြို့သို့ ယဲ့ရှ ချက်ချင်း ပြေးလာခဲ့သည်။

ဂျန်ဝုရှီ၏ မျက်လုံးများ အေးစက်သွားသည်။ နင်ရူက ဒီလောက်အထိ လုပ်လိမ့်မည်ဟူ၍ သူမ တွေးမထားမိပေ။

လေညင်းကျောင်းတော်သား အားလုံးကို မိုးကောင်းကင်အဆုံး ချောက်နက်သို့ ပို့မှာလား။

ဂျန်ဝုရှီနှင့် သူမအပေါင်းအသင်းများ မိုးကောင်းကင်အဆုံး ချောက်နက်အောက်ခြေ၏ ကြောက်မက်ဖွယ်ရာများကို တွေ့ကြုံရပြီးနောက် သူမ ကျိန်းသေ သိနေတာက, လေညင်းကျောင်း တော်သား ထောင်ပေါင်းများစွာကို ချောက်နက် အောက်ခြေသို့ ပို့ဆောင်လိုက်လျှင်တောင် ရလဒ်က သူတို့အားလုံး အသုတ်သင် အဖယ်ရှား ခံရမှာသာ ဖြစ်သည်။

နင်ရူက နန်းတော်ဆယ့်နှစ်ခုကို ကျေနပ်စေဖို့ လေညင်းကျောင်းတော် တစ်ခုလုံးကို တကယ်ပဲ အသုံးချဖို့ ရည်ရွယ်ထားသလော။

ဒါ နင်ရူ, ဟုတ်တယ်မို့လား ဖန်ဇို မေးလိုက်ချိန်မှာ ဂျန်ဝုရှီ စကားတစ်ခွန်းမျှ ပြန်မဖြေပေ။ သူ့ မျက်လုံးများက ရုတ်တရက် ကြောက်ဖွယ်လိလိ ကျဉ်းမြောင်းသွားသည်။

ဖန်ချီက သူ့ဖခင်ရင်း မဟုတ်သော်လည်း, သူ့အား ကျွေးမွေးပျိုးထောင်ခဲ့သဖြင့် ကျေးဇူးကြွေး တင်ရှိနေခဲ့သည်။ နင်ရူပဲ ဖြစ်စေ, ဂုယင်ပဲ ဖြစ်စေ, မည်သူပဲ ဖြစ်ဖြစ်, သူတို့နှစ်ယောက်လုံးက ပြန်လည် ပြင်ဆင်လို့ မရသော ကွဲပြားခြားနားသည့် မဟာရန်ဘက်များသာ ဖြစ်ချေ၏။

ငါတို့ သုံးရက်ပဲ အချိန်ရတယ်၊ စီမံချက်တွေကို ရှေ့တိုးရမဲ့ ပုံပဲ ဂျန်ဝုရှီက တစိမ့်စိမ့် တွေးရင်း မေးစေ့ကို ပွတ်သပ်နေသည်။

ရှီလေး, မင်း ဘယ်လို စီမံထားသလဲ ဖန်ဇိုက အခုအချိန်မှာ စိတ်ပျက်ဝမ်းနည်းခြင်းမှာ နစ်မြုပ်နေမည့် အချိန်အခါ မဟုတ်မှန်း သဘောပေါက်သည်။ သူသာ ခုနေချိန် နာကျင်ဝမ်းနည်းခြင်းမှာ နစ်မြောနေပြီး မည်သည့် တုံ့ပြန်လှုပ်ရှားမှုကိုမှ မလုပ်ဆောင်လျှင် သူ့ရန်သူများက လွတ်လွတ်ကျွတ်ကျွတ် လျှောက်လှမ်းသွားနိုင်လိမ့်မည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now