၅၃၇။ ဒုက္ခရှာသူ လူနှစ်ယောက် - ၅

468 47 0
                                    

၅၃၇။ ဒုက္ခရှာသူ လူနှစ်ယောက် - ၅

နင်ရှင်း ဒေါသအိုး ပေါက်ကွဲသွားသည်။ ခရမ်းရောင်အဆင့် ဝိညာဉ်စွမ်းအားရှင်များက ဂျန်ရှီအား ထောက်ပံ့ထားတာကို သူကိုယ်တိုင် မမြင်ခဲ့ရလျှင်, ဂျန်ရှီလို ဘာမှ မဟုတ်သူကို စည်းရုံးသိမ်းသွင်းဖို့ ကိုယ့်ကိုယ်ကို နှိမ့်ချနေမည် မဟုတ်ပေ။ ဂျန်ရှီက နှိမ့်နှိမ့်ချချ အပြုအမူ မရှိသည့်အပြင်, သဘောထားကြီးစွာ လိုက်လျောညီထွေ ဆက်ဆံမှုလည်း မရှိသည့်အတွက် သူမ ပိုမို၍ ‌ဒေါသထွက်ရသည်။

ယင်ယန်က နင်ရှင်းဒေါသထွက်နေခြင်းကြောင့် အံ့အားသင့်သွားပြီး သူမကို စိုးရိမ်တကြီး နှစ်သိမ့်ပေးသည်။ အမကြီး နင်, ကိုယ့်အတွက် ဘာကောင်းမှန်း မသိတဲ့ ဒီလို ငတုံးတစ်ယောက်ကြောင့် စိတ်တို မနေပါနဲ့လား၊ အဲကောင်က ထူးထူးဆန်းဆန်းတွေ လုပ်တတ်တဲ့ကောင်၊ သူ့ဘေးပတ်ဝန်းကျင်က လူတွေကို မသက်မသာ ဖြစ်အောင် လုပ်တတ်သူ၊ သူက ကောင်းရာကောင်းကြောင်းကို မမြင်နိုင်မှတော့ အမကြီးနင်က သူ့ကို နောက်ထပ် မတွေ့တော့နဲ့ပေါ့။

အရိုးသားဆုံး ပြောရလျှင်, ယင်ယန်က ဂျန်ဝုရှီကို တိုက်ပွဲတောအုပ်မှ မြင်ကွင်းကို မြင်ပြီးကတည်းက ကြောက်လန့်နေခဲ့သည်။ ကြောက်လန့်နေသဖြင့် သူ အခုထိ တုန်ယင်နေတုန်းပင်။

နင်ရှင်းသာ သူ့ကို မပြောလျှင်, သူ့ဘာသာ ဂျန်ရှီနှင့် ဆက်နွှယ်ဖို့ ဘယ်တော့မှ လိုလိုလားလား လုပ်ဆောင်မည် မဟုတ်ပေ။

အခု ဂျန်ရှီက နင်ရှင်းကို အခါခါ အခက်တွေ့အောင် လုပ်ထားလေပြီ။ ဒါကို ယင်ယန်က အခွင့်အရေးယူပြီး ဂျန်ရှီနှင့် နောက်ထပ် ဆက်နွှယ်ပတ်သက်လိုသော နင်ရှင်း၏ ရည်ရွယ်ချက်ကို အဆုံးသတ်ဖို့နှင့် အေးစက်စက်နှင့် အကြင်နာကင်းသော ဂျန်ရှီနှင့် ဝေးဝေးနေဖို့ သူ ကြိုးစားလိုက်သည်။

နင်ရှင်း အံကြိတ်လိုက်သည်။ ဒါကို ငါ လုပ်ချင်တယ်လို့များ နင် ထင်နေလား၊ ဒါတွေ အကုန်လုံး အဖေ လုပ်ခိုင်းတာ၊ ငါတို့ ဂျန်ရှီကို ဒီအတိုင်း ထားလိုက်ရင်, ဖန်ဂျင် အထောက်အပံ့ကောင်းကောင်း ရသွားလိမ့်မယ်၊ ပြီးတော့ အခု ကျောင်းတော်အတွင်းမှာ ငါ့မကောင်းကြောင်းက တိုးမြင့်လာတယ်၊ ဒါကိုသာ ငါတို့ ဆက်ဖြစ်ခွင့် ပြုလိုက်ရင်, ဖန်ဂျင်က လက်တစ်ချောင်းတောင် မြှောက်စရာ မလိုဘဲ, လူတိုင်း လူတိုင်း ငါ့ကို အထင်သေး ရွံ့ရှာသွားလိမ့်မယ်၊ သူ့အတိတ်က အကြောင်းအရာတွေ အကုန်လုံး လူတွေ မေ့ပျောက်သွားလိမ့်မယ်၊ သူ့ ဂုဏ်သတင်းက လူတိုင်း လေးစား ချစ်ခင်ရတဲ့ အကိုကြီးဖန်ဆိုပြီး နောက်တစ်ကြိမ် တိုးတက်သွားလိမ့်မယ်၊ ငါတို့ ခုထိ ကြိုးစားလုပ်ဆောင်ခဲ့တာ မှန်သမျှ အရာမထင် ဖြစ်သွားလိမ့်မယ်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now