၃၂၆။ "ခြိမ်းခြောက်ခြင်း - ၂"

692 55 0
                                    

၃၂၆။ “ခြိမ်းခြောက်ခြင်း - ၂”

တိမ်ဖုံးတောင်ထွတ်မှ နိမ့်ကျသည့် တပည့်တစ်ယောက်က ခဲချန်ဂျုနှင့် သူ, လျှို့ဝှက်သဘောတူညီချက်ကို လူအများရှေ့မှာ အရမ်း လွယ်လွယ်ကူကူ ဖော်ထုတ်ပြလိမ့်မည်ဟူ၍ ချင်ယွဲ့ ဘယ်တုန်းကမှ မထင်ထားပေ။ သူ အသက်ရှင်နေရတာ ပင်ပန်းနေတာလား။

ချင်ယွဲ့ မွှန်ထူသွားသည်။ ဂျန်ရှီအား တတွတ်တွတ် ဆက်ပြောခွင့် ပေးလိုက်လျှင်, ကိစ္စများက ပိုမို၍ အရုပ်ဆိုးအကျဉ်းတန်သွားလိမ့်မည်။ သို့သော် ဂျန်ရှီက ချင်ယွဲ့အား ကြားဖြတ်ပြောခွင့် မပေးဘဲ လျင်မြန်စွာ ဆက်ပြောသည် “အဓိပတိက ပြောထားတယ်၊ သူက မမကြီးနဲ့ အကြီးအကဲ ဂျန်းအတွက် လက်စားချေချင်တယ်၊ ဒါ့ကြောင့် အကြီးအကဲ ခဲကို အဆိပ်အသစ်ကို ထုတ်လုပ်ပေးစေချင်ခဲ့တယ်၊ ကျုပ်တို့ ခေါ်ဆောင်သွားတဲ့ အဲတပည့်တွေက အဆိပ်အသစ် ဖော်စပ်တဲ့ နေရာမှာ စွန့်လွှတ်အနစ်နာခံကြသူတွေ ဖြစ်တယ်၊ ဒါက တပည့်နည်းနည်းလေးပဲ ဖြစ်ပါတယ်၊ မမကြီးနဲ့ အကြီးအကဲ ဂျန်းအတွက် လက်စားချေဖို့က ဦးစား‌ပေးကိစ္စ ဖြစ်ပါလိမ့်မယ်။”

ဂျန်ဝုရှီ၏ စကားများက ခန်းမကြီးထဲတွင် ထိုင်နေကြသည့် အကြီးအကဲများ၏ နားများသို့ ရှင်းလင်းပြတ်သားစွာ တိုးဝင်သွားကြသည်။ သူမက တန့်ရပ်ခြင်း မရှိ ပြောသည်။ အရမ်းလည်း မမြန်သလို, အရမ်းလည်း မနှေးပေ။ စကားလုံးတိုင်းကို ရှင်းလင်းပြတ်သားစွာ ကြားရစေနိုင်သည်။

ချင်ယွဲ့၏ မျက်နှာက နီမြန်းသွားသည်။

အကြီးအကဲများက ချင်ယွဲ့အား မယုံကြည်နိုင်စွာ ကြည့်နေကြလျက် မျက်နှာအမူအရာများက တုန်လှုပ်ခြင်းသာ ကြီးစိုးနေကြသည်။ သူတို့ မျက်လုံးများတွင် ဒေါသမီးများ တောက်လောင်လာကြသည်။

သူတို့၏ မမကြီးနှင့် အကြီးအကဲ ဂျန်း သေဆုံးသွားသည့် သတင်းက လွန်ခဲ့သည့် တစ်လလောက်ကပင် ရောက်ရှိလာခဲ့သည်။ ချင်ယွဲ့က သူ့သမီးအား အရမ်းချစ်သဖြင့် အင်အားစုများအား ချက်ချင်း လက်စားချေခိုင်းမည်ဟု သူတို့ ထင်နေခဲ့ကြသည်။ သို့သော် တစ်လကြာသည်အထိ လှုပ်ရှားမှု မရှိသေး၍ ချင်ယွဲ့က လုံးဝ ပြောင်းလဲသွားပြီဟု သူတို့က တွေးထင်မိခဲ့ကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now