၇၈၅။ ညစာစားပွဲ (၁၂)

302 34 0
                                    

၇၈၅။ ညစာစားပွဲ (၁၂)

အိမ်ရှေ့စံ၏ နန်းဆောင်ဝန်းမှ ထွက်၍ လရောင်းရွှန်းသော လမ်းမထက်သို့ သူတို့ ရောက်ရှိလာလျှင် ကျောက်ချူက ဂျန်ဝုရှီကို လှည့်ကြည့်လိုက်သည်။

ဘယ်လိုလဲ, မင်း တစ်ခုခုကို ရှာတွေ့ခဲ့လား ကျောက်ချူအတွက်တော့ ညစာစားပွဲတစ်ခုလုံးက အင်မတန် ပျင်းစရာကောင်းလွန်းသည်။ လှည့်ပတ်ကနေသော အကမယ်များက တကယ်ပင် သူ့အကြိုက်များ မဟုတ်ပေ။ ဂျန်မိသားစု၏ အပြစ်မရှိ လှပချောမောသော မောင်နှမနှစ်ယောက်နှင့် နှိုင်းစာလိုက်လျှင် မည်သူမျှ သူတို့ မျက်လုံးများကို မဆွဲဆောင်နိုင်တော့ပေ။

ဂျန်ဝုရှီက ခေါင်းမော့၍ လပြည့်ဝန်းကို ကြည့်လိုက်သည်။ နန်းတော်ဆယ့်နှစ်ခုက လူတွေရဲ့ အရိပ်အယောင်ကို အိမ်ရှေ့စံရဲ့ နန်းဆောင်မှာ ကြောက်နက်လေး မထောက်လှမ်းမိဘူး။

အိမ်ရှေ့စံ၏ နန်းဆောင်က ကြီးမား ကျယ်ပြန့်လွန်းသည်။ သို့သော် နေရာတိုင်းကို လူများ စိတ်တိုင်းကျ သွားလာခွင့် ပြုထားသည့် နေရာတစ်ခု မဟုတ်ပေ။ ရန်သူ သတိထားမိသွားမှာကို ရှောင်ဖယ်ဖို့ ဂျန်ဝုရှီက ကြောင်နက်လေးကို လွှတ်၍ စုံစမ်းစစ်ဆေးခိုင်းလိုက်သည်။ ကြောင်နက်လေး ရရှိလာသည့် ရလဒ်က သူတို့ကို အတော့်ကို စိတ်သက်သာသွားစေသည်။ အိမ်ရှေ့စံ၏ နန်းဆောင်တစ်ခုလုံးတွင် နန်းတော်ဆယ့်နှစ်ခုမှ တစ်စုံတစ်ယောက်ကိုမျှ မတွေ့ရှိခဲ့ပေ။ ဒါက လေ့ချန်က နန်းတော်ဆယ့်နှစ်ခုနှင့် ပူးပေါင်းနေသော်လည်း သူတို့ အနေအထားက အရင်တုန်းက ချင်းယန်ကလန်နှင့် တူညီနေသော ပုံစံ ရှိနေတာကို ပြောပြနေသည်။ သူတို့က လေ့ချန်နှင့် အခါအားလျော်စွာ ချိတ်ဆက်နေသော်လည်း လေ့ချန်၏ အနီးအနားမှာ တည်ရှိပေးနေကြသည်တော့ မဟုတ်ပေ။

ဒီသတင်းအပိုင်းအစက ဂျန်ဝုရှီနှင့် သူမအပေါင်းအသင်းများအတွက် စတင်လှုပ်ရှားဖို့ အတော်ကောင်းနေကြောင်းကို ပြသနေသည်။ ရန်တိုင်းပြည်တွင် နန်းတော်ဆယ့်နှစ်ခုမှ လူများ မရှိပါက, သူတို့၏ စီမံကိန်းအတိုင်း ဆက်လက်ဆောင်ရွက်ဖို့ ပိုမို လွယ်ကူသွားစေလိမ့်မည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now